Property Expo
×

က်န္းမာၾကံ႕ခိုင္တဲ့ ေနထုိင္မႈ ဘ၀ကို ပိုင္ဆုိင္ဖုိ႔ရာမွာ အစာစားေသာက္ပုံ နည္းစနစ္ေတြမွန္ကန္ဖို႔ကလည္း အေရးႀကီးပါတယ္။ မနက္စာက အေရးႀကီးသလို အိပ္ေပ်ာ္ေနစဥ္မွာ လိုအပ္တဲ့ အာဟာရေတြကို ေထာက္ကူေပးတဲ့ ညစာကလည္း အေရးပါျပန္ပါတယ္။ က်န္းမာေရး ပညာရွင္ေတြက ညစာကို အိပ္ရာမ၀င္ခင္ အနည္းဆုံး ႏွစ္နာရီေလာက္အလုိမွာ ေနာက္ဆုံးစားသုံးဖို႔ အႀကံျပဳထားတာေၾကာင့္ ေဆာင္ရန္ ေရွာင္ရန္ေလးေတြကို မွ်ေ၀လုိက္ပါတယ္။

ညစာ မစားခင္ နာရီ၀က္ေလာက္အလိုမွာ ေရခပ္ေႏြးေႏြး ေလး တစ္ခြက္ေလာက္ ေသာက္ေပးရင္ အလြန္အကြၽံ မစား ေသာက္မိေအာင္ ကာကြယ္ေပးပါတယ္။ ထမင္းစားၿပီး အနည္းဆုံးနာရီ၀က္ေလာက္ေနမွသာ ေရေသာက္ဖုိ႔လိုၿပီး ခပ္ေႏြးေႏြးေရျဖစ္မွသာ အစာေခ်ဖ်က္မႈအတြက္ ေထာက္ကူေပးပါတယ္။

ေနာက္တစ္ခ်က္ကေတာ့ ညစာစားၿပီးၿပီးခ်င္း တန္းၿပီး အိပ္ရာမ၀င္သင့္ပါဘူး။ အဲဒီလိုသာလုပ္ေဆာင္မယ္ဆုိရင္ အစာေကာင္းေကာင္း မေခ်ႏုိင္ဘဲ ဗုိက္ပြၿပီး ရင္ပူရင္ဆာ ျဖစ္တတ္ပါ တယ္။ မိနစ္ ၂၀ ေလာက္ လမ္းေလွ်ာက္ေပးဖို႔ လိုအပ္ေပမယ့္ ေလ့က်င့္ခန္း အျပင္းအထန္ေတြေတာ့ မလုပ္ရပါဘူး။

ေနာက္ၿပီး အစာစားၿပီး နာ ရီ၀က္ေလာက္ေနရင္ သြားတုိက္ ဖို႔လည္း မေမ့သင့္ပါဘူး။ ေဆးလိပ္ေသာက္တတ္သူေတြဆုိရင္ လည္း ညစာစားၿပီးတာနဲ႔ ေဆးလိပ္ေသာက္တာမ်ဳိး ေရွာင္သင့္ ပါတယ္။

ေနာက္ထပ္ ေရွာင္သင့္တဲ့အခ်က္တစ္ခုေတာ့ ညစာစားၿပီး ၿပီးခ်င္း ေရခ်ဳိးတာပါ။ အစာေခ်ဖ်က္မႈလုပ္ငန္းကို အေႏွာင့္အ ယွက္ျဖစ္ေစတာေၾကာင့္ နာရီ၀က္၊ ဒါမွမဟုတ္ ၄၅ မိနစ္ ေလာက္ေနမွ ေရခ်ဳိးသင့္ပါတယ္။ အိမ္မွာ ညစာစားတယ္ဆုိရင္ သက္ေသာင့္သက္သာျဖစ္တဲ့ အ၀တ္အစားမ်ဳိး ၀တ္ဆင္ၿပီးမွ စားသင့္ပါတယ္။ တင္းက်ပ္လြန္းတဲ့ အ၀တ္အစားေတြေၾကာင့္ ရင္ျပည့္ၿပီး မသက္မသာ ခံစားရတတ္တာေၾကာင့္ အျပင္မွာညစာစားခဲ့ရင္လည္း အိမ္ေရာက္တာနဲ႔ အ၀တ္အစားေတြလဲ ပစ္ဖို႔လုိပါတယ္။
လူတုိင္းလုိက္နာဖို႔ ခက္ခဲတဲ့ အခ်က္တစ္ခုကေတာ့ ညစာစားၿပီးၿပီးခ်င္း သစ္သီးေတြ စားတဲ့အေလ့အက်င့္ကို ေဖ်ာက္ဖို႔ပါပဲ။ အသီးစားခ်င္တယ္ဆိုရင္ေတာ့ ထမင္းမစားခင္ နာရီ၀က္ေလာက္အလိုမွာကတည္းက စားသင့္တယ္လို႔ ဆုိပါတယ္။ ဒါ့အျပင္ဆီးခ်ဳိသမားေတြအေနနဲ႔ သၾကားဓာတ္ပါ၀င္မႈနည္းတဲ့ အသီးအႏွံကို ေသေသခ်ာခ်ာေရြးခ်ယ္ဖုိ႔ အထူးလုိအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

ကျန်းမာကြံ့ခိုင်တဲ့ နေထိုင်မှု ဘဝကို ပိုင်ဆိုင်ဖို့ရာမှာ အစာစားသောက်ပုံ နည်းစနစ်တွေမှန်ကန်ဖို့ကလည်း အရေးကြီးပါတယ်။ မနက်စာက အရေးကြီးသလို အိပ်ပျော်နေစဉ်မှာ လိုအပ်တဲ့ အာဟာရတွေကို ထောက်ကူပေးတဲ့ ညစာကလည်း အရေးပါပြန်ပါတယ်။ ကျန်းမာရေး ပညာရှင်တွေက ညစာကို အိပ်ရာမဝင်ခင် အနည်းဆုံး နှစ်နာရီလောက်အလိုမှာ နောက်ဆုံးစားသုံးဖို့ အကြံပြုထားတာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေကို မျှဝေလိုက်ပါတယ်။

ညစာ မစားခင် နာရီဝက်လောက်အလိုမှာ ရေခပ်နွေးနွေး လေး တစ်ခွက်လောက် သောက်ပေးရင် အလွန်အကျွံ မစား သောက်မိအောင် ကာကွယ်ပေးပါတယ်။ ထမင်းစားပြီး အနည်းဆုံးနာရီဝက်လောက်နေမှသာ ရေသောက်ဖို့လိုပြီး ခပ်နွေးနွေးရေဖြစ်မှသာ အစာချေဖျက်မှုအတွက် ထောက်ကူပေးပါတယ်။

နောက်တစ်ချက်ကတော့ ညစာစားပြီးပြီးချင်း တန်းပြီး အိပ်ရာမဝင်သင့်ပါဘူး။ အဲဒီလိုသာလုပ်ဆောင်မယ်ဆိုရင် အစာကောင်းကောင်း မချေနိုင်ဘဲ ဗိုက်ပွပြီး ရင်ပူရင်ဆာ ဖြစ်တတ်ပါ တယ်။ မိနစ် ၂၀ လောက် လမ်းလျှောက်ပေးဖို့ လိုအပ်ပေမယ့် လေ့ကျင့်ခန်း အပြင်းအထန်တွေတော့ မလုပ်ရပါဘူး။

နောက်ပြီး အစာစားပြီး နာ ရီဝက်လောက်နေရင် သွားတိုက် ဖို့လည်း မမေ့သင့်ပါဘူး။ ဆေးလိပ်သောက်တတ်သူတွေဆိုရင် လည်း ညစာစားပြီးတာနဲ့ ဆေးလိပ်သောက်တာမျိုး ရှောင်သင့် ပါတယ်။

နောက်ထပ် ရှောင်သင့်တဲ့အချက်တစ်ခုတော့ ညစာစားပြီး ပြီးချင်း ရေချိုးတာပါ။ အစာချေဖျက်မှုလုပ်ငန်းကို အနှောင့်အ ယှက်ဖြစ်စေတာကြောင့် နာရီဝက်၊ ဒါမှမဟုတ် ၄၅ မိနစ် လောက်နေမှ ရေချိုးသင့်ပါတယ်။ အိမ်မှာ ညစာစားတယ်ဆိုရင် သက်သောင့်သက်သာဖြစ်တဲ့ အဝတ်အစားမျိုး ဝတ်ဆင်ပြီးမှ စားသင့်ပါတယ်။ တင်းကျပ်လွန်းတဲ့ အဝတ်အစားတွေကြောင့် ရင်ပြည့်ပြီး မသက်မသာ ခံစားရတတ်တာကြောင့် အပြင်မှာညစာစားခဲ့ရင်လည်း အိမ်ရောက်တာနဲ့ အဝတ်အစားတွေလဲ ပစ်ဖို့လိုပါတယ်။
လူတိုင်းလိုက်နာဖို့ ခက်ခဲတဲ့ အချက်တစ်ခုကတော့ ညစာစားပြီးပြီးချင်း သစ်သီးတွေ စားတဲ့အလေ့အကျင့်ကို ဖျောက်ဖို့ပါပဲ။ အသီးစားချင်တယ်ဆိုရင်တော့ ထမင်းမစားခင် နာရီဝက်လောက်အလိုမှာကတည်းက စားသင့်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင်ဆီးချိုသမားတွေအနေနဲ့ သကြားဓာတ်ပါဝင်မှုနည်းတဲ့ အသီးအနှံကို သေသေချာချာရွေးချယ်ဖို့ အထူးလိုအပ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top