Property Expo
×

မာန္ေအာင္ၿမိဳ႕နယ္ ပုတ္ေခ်ာင္ရြာအေနာက္ဘက္ကမ္းစပ္တြင္ ေသာင္တင္ခဲ့သည့္ ေ၀လငါး (ဓာတ္ပံု − ဦးထြန္းတင္)

ရခိုင္ျပည္နယ္ မာန္ ေအာင္ၿမိဳ႕နယ္ ပုတ္ေခ်ာင္ေက်း ရြာအေနာက္ဘက္ ကမ္းစပ္တြင္ ေသာင္တင္ခဲ့သည့္ ကမၻာ့ရွားပါး စာရင္း၀င္ ေ၀လငါးတစ္ေကာင္ ကို ပင္လယ္ျပင္သို႔ ျပန္လႊတ္ေပး ခဲ့ေၾကာင္းသတင္းရရွိသည္။

အဆုိပါေ၀လငါးသည္ စက္ တင္ဘာ ၉ ရက္ နံနက္က ဒီေရ ႏွင့္အတူ မာန္ေအာင္ၿမိဳ႕နယ္ ခအုန္းေမာင္အုပ္စု ပုတ္ေခ်ာင္ ရြာအေနာက္ဘက္ ကမ္းစပ္တြင္ ေသာင္တင္ေနခဲ့ၿပီး ရြာသားမ်ား ႏွင့္ တာ၀န္ရွိသူမ်ားက ဒီေရျပန္ တက္ခ်ိန္၌ ပင္လယ္ျပင္သို႔ တြန္း ခ် လႊတ္ေပးခဲ့ျခင္းျဖစ္ေၾကာင္း မာန္ေအာင္ၿမိဳ႕နယ္ ငါးလုပ္ငန္း ဦးစီးဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာသည္။

ေသာင္တင္ခဲ့သည့္ ေ၀လ ငါးမွာ အလ်ား ၂၂ ေပ ၃လက္မ၊ လံုးပတ္ ၈ ေပ ၃ လက္မရွိေၾကာင္း အထက္ပါတာ၀န္ရွိသူက ဆို သည္။

‘‘မာန္ေအာင္ကြၽန္းမွာ ေ၀လငါးေတြ မၾကာခဏ ေသာင္တင္ တတ္ၾကပါတယ္။ အဲဒီလိုေသာင္ တင္တာကို လူေတြေတြ႕ရင္ေတာ့ ေရထဲကို ျပန္ခ်ေပးၾကပါတယ္။ ေသာင္တင္တဲ့ငါးႀကီးကို အသက္ ရွင္ေနတဲ့အခ်ိန္ မေတြ႕လိုက္ဘဲ ေသဆံုးသြားၿပီးမွ ေတြ႕တာေတြ လည္းရွိပါတယ္’’ဟု ပုတ္ေခ်ာင္ ေက်းရြာေန ေရလုပ္သားတစ္ဦး က ေျပာသည္။

မ်ိဳးသုဥ္းေပ်ာက္ကြယ္မည့္ အႏၲရာယ္ႏွင့္ ႀကံဳေတြ႕ေနရသည့္ ေ၀လငါး၊ ေရ၀က္၊ ပင္လယ္လိပ္ ႏွင့္လင္းပိုင္မ်ားကို ရခိုင္ကမ္း႐ိုး တန္းတစ္ေလွ်ာက္တြင္ ေတြ႕ရွိေန ရဆဲျဖစ္ၿပီး အဆိုပါေရေနသတၱ၀ါ မ်ားမွာေသာင္တင္ေသဆံုးျခင္း မ်ား မၾကာခဏႀကံဳေတြ႕ေနရ ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မာန်အောင်မြို့နယ် ပုတ်ချောင်ရွာအနောက်ဘက်ကမ်းစပ်တွင် သောင်တင်ခဲ့သည့် ဝေလငါး (ဓာတ်ပုံ − ဦးထွန်းတင်)

ရခိုင်ပြည်နယ် မာန် အောင်မြို့နယ် ပုတ်ချောင်ကျေး ရွာအနောက်ဘက် ကမ်းစပ်တွင် သောင်တင်ခဲ့သည့် ကမ္ဘာ့ရှားပါး စာရင်းဝင် ဝေလငါးတစ်ကောင် ကို ပင်လယ်ပြင်သို့ ပြန်လွှတ်ပေး ခဲ့ကြောင်းသတင်းရရှိသည်။

အဆိုပါဝေလငါးသည် စက် တင်ဘာ ၉ ရက် နံနက်က ဒီရေ နှင့်အတူ မာန်အောင်မြို့နယ် ခအုန်းမောင်အုပ်စု ပုတ်ချောင် ရွာအနောက်ဘက် ကမ်းစပ်တွင် သောင်တင်နေခဲ့ပြီး ရွာသားများ နှင့် တာဝန်ရှိသူများက ဒီရေပြန် တက်ချိန်၌ ပင်လယ်ပြင်သို့ တွန်း ချ လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း မာန်အောင်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သောင်တင်ခဲ့သည့် ဝေလ ငါးမှာ အလျား ၂၂ ပေ ၃လက်မ၊ လုံးပတ် ၈ ပေ ၃ လက်မရှိကြောင်း အထက်ပါတာဝန်ရှိသူက ဆို သည်။

‘‘မာန်အောင်ကျွန်းမှာ ဝေလငါးတွေ မကြာခဏ သောင်တင် တတ်ကြပါတယ်။ အဲဒီလိုသောင် တင်တာကို လူတွေတွေ့ရင်တော့ ရေထဲကို ပြန်ချပေးကြပါတယ်။ သောင်တင်တဲ့ငါးကြီးကို အသက် ရှင်နေတဲ့အချိန် မတွေ့လိုက်ဘဲ သေဆုံးသွားပြီးမှ တွေ့တာတွေ လည်းရှိပါတယ်’’ဟု ပုတ်ချောင် ကျေးရွာနေ ရေလုပ်သားတစ်ဦး က ပြောသည်။

မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်နှင့် ကြုံတွေ့နေရသည့် ဝေလငါး၊ ရေဝက်၊ ပင်လယ်လိပ် နှင့်လင်းပိုင်များကို ရခိုင်ကမ်းရိုး တန်းတစ်လျှောက်တွင် တွေ့ရှိနေ ရဆဲဖြစ်ပြီး အဆိုပါရေနေသတ္တဝါ များမှာသောင်တင်သေဆုံးခြင်း များ မကြာခဏကြုံတွေ့နေရ ကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top