Property Expo
×

အုိင္အက္စ္အၾကမ္းဖက္အဖြဲ႕က အခုိင္အမာ ထိန္းခ်ဳပ္ထားၿပီး အုိင္အက္စ္ၿမဳိ႕ေတာ္လုိ႕ ေခၚေဝၚၾကတဲ့ ရက္ကာၿမဳိ႕ကုိ အေမရိကန္နဲ႕ပူးေပါင္းၿပီး ဝင္ေရာက္တုိက္ခိုက္ရန္ အသင့္႐ွိေနေၾကာင္း တူရကီသမၼတ အာဒုိဂန္က ေျပာၾကားလုိက္ပါတယ္။ အေမရိကန္သမၼတ ဘာရတ္ အုိဘားမားက G20 အစည္းအေဝးမွာ အဆုိပါ အႀကံအစည္ကုိ ေျပာၾကားခဲ့တယ္လို႕ ဆုိပါတယ္။

အေမရိကန္နဲ႕ပူးေပါင္းၿပီး အုိင္အက္စ္ၿမဳိ႕ေတာ္ကုိ ဝင္ေရာက္တုိက္ခိုက္ရန္ ျပႆနာမ႐ွိေၾကာင္း အာဒုိဂန္က ေျပာပါတယ္။ ၿပီးခဲ့တဲ့လအတြင္းမွစၿပီး တူရကီက ဆီးရီးယားပိုင္နက္အတြင္း ဝင္ေရာက္ကာ အုိင္အက္စ္နဲ႕ ကာဒစ္ ႏွစ္ဖြဲ႕လုံးကုိ တုိက္ခိုက္ေနတာလည္း ျဖစ္ပါတယ္။

တူရကီက ေထာက္ပံ့ေပးထားတဲ့ လက္နက္ကုိင္အုပ္စုက နယ္စပ္ၿမဳိ႕ ဂ်ာရာဘလက္စ္မွတစ္ဆင့္ အုိင္အက္စ္တုိ႕ကုိ တုိက္ထုတ္ႏုိင္ခဲ့ေပမဲ့ သမၼအာဒုိဂန္အစုိးရက အၾကမ္းသမားမ်ားလုိ႕ သတ္မွတ္ထားတဲ့ ကာဒစ္တပ္ဖြဲ႕ေတြနဲ႕ ပတ္သက္ၿပီး ပူပန္မႈ႐ွိေနပါတယ္။

တူရကီသမၼတက အုိင္အက္စ္ၿမဳိ႕ေတာ္အျဖစ္ သတ္မွတ္ထားတဲ့ ရက္ကာကုိ အေမရိကန္နဲ႕အတူ ပူးေပါင္းတုိက္ခိုက္ရန္ အသင့္႐ွိေနေၾကာင္း မွတ္ခ်က္စကားကုိ တူရကီသတင္းမ်ားမွာ ေဖာ္ျပခဲ့ၾကပါတယ္။ အေမရိကန္ဘက္ကေတာ့ ယခု အစီအစဥ္နဲ႕ ပတ္သက္ၿပီး အတည္ျပဳခ်က္ မေပးေသးေၾကာင္း သိရပါတယ္။

အုိဘားမားက ရက္ကာနဲ႕ ပတ္သက္ၿပီး ပူးေပါင္းေဆာင္႐ြက္လုိေၾကာင္း ေျပာၾကားခဲ့ၿပီး တူရကီအေနနဲ႕ ထုိသုိ႕ လုပ္ေဆာင္ရန္ ျပႆနာမ႐ွိေၾကာင္း သမၼတအာဒုိဂန္က ဆုိပါတယ္။ ရက္ကာၿမဳိ႕နဲ႕ ပတ္သက္ၿပီး အျခား ေဆြးေႏြးမႈေတြ ဆက္လက္ လုပ္ေဆာင္သြားမယ္လုိ႕လည္း ၎က ေျပာပါတယ္။

ရက္ကာၿမဳိ႕ အုိင္အက္စ္လက္ေအာက္သုိ႕ က်ေရာက္ခဲ့ျခင္းဟာ အီရတ္နဲ႕ ဆီးရီးယားႏုိင္ငံမ်ား႐ွိ ပုိက္နက္နယ္ေျမမ်ားကုိ ၎တုိ႕ ပိုမုိသိမ္းပိုက္ႏုိင္ခဲ့မႈရဲ႕ အဓိကေသာ့ခ်က္လည္း ျဖစ္ပါတယ္။ လက္႐ွိမွာ အုိင္အက္စ္က ရက္ကာကုိ ၿမဳိ႕ေတာ္အျဖစ္ သတ္မွတ္ထားတယ္လို႕ ဆုိပါတယ္။

ရက္ကာၿမဳိ႕မွာ လက္႐ွိအခ်ိန္ထိ ၿမဳိ႕ခံ ၂၅၀,၀၀၀ မွ ၅၀၀,၀၀၀ ၾကား ေနထုိင္လ်က္႐ွိႏုိင္ၿပီး အုိင္အက္စ္တုိ႕က အရပ္သားမ်ားအေပၚ လူမဆန္စြာ ျပဳမူဆက္ဆံေၾကာင္း သတင္ေတြလည္း ထြက္ေပၚေနခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

အိုင်အက်စ်အကြမ်းဖက်အဖွဲ့က အခိုင်အမာ ထိန်းချုပ်ထားပြီး အိုင်အက်စ်မြို့တော်လို့ ခေါ်ဝေါ်ကြတဲ့ ရက်ကာမြို့ကို အမေရိကန်နဲ့ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ရန် အသင့်ရှိနေကြောင်း တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတ ဘာရတ် အိုဘားမားက G20 အစည်းအဝေးမှာ အဆိုပါ အကြံအစည်ကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ပူးပေါင်းပြီး အိုင်အက်စ်မြို့တော်ကို ဝင်ရောက်တိုက်ခိုက်ရန် ပြဿနာမရှိကြောင်း အာဒိုဂန်က ပြောပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှစပြီး တူရကီက ဆီးရီးယားပိုင်နက်အတွင်း ဝင်ရောက်ကာ အိုင်အက်စ်နဲ့ ကာဒစ် နှစ်ဖွဲ့လုံးကို တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

တူရကီက ထောက်ပံ့ပေးထားတဲ့ လက်နက်ကိုင်အုပ်စုက နယ်စပ်မြို့ ဂျာရာဘလက်စ်မှတစ်ဆင့် အိုင်အက်စ်တို့ကို တိုက်ထုတ်နိုင်ခဲ့ပေမဲ့ သမ္မအာဒိုဂန်အစိုးရက အကြမ်းသမားများလို့ သတ်မှတ်ထားတဲ့ ကာဒစ်တပ်ဖွဲ့တွေနဲ့ ပတ်သက်ပြီး ပူပန်မှုရှိနေပါတယ်။

တူရကီသမ္မတက အိုင်အက်စ်မြို့တော်အဖြစ် သတ်မှတ်ထားတဲ့ ရက်ကာကို အမေရိကန်နဲ့အတူ ပူးပေါင်းတိုက်ခိုက်ရန် အသင့်ရှိနေကြောင်း မှတ်ချက်စကားကို တူရကီသတင်းများမှာ ဖော်ပြခဲ့ကြပါတယ်။ အမေရိကန်ဘက်ကတော့ ယခု အစီအစဉ်နဲ့ ပတ်သက်ပြီး အတည်ပြုချက် မပေးသေးကြောင်း သိရပါတယ်။

အိုဘားမားက ရက်ကာနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပြီး တူရကီအနေနဲ့ ထိုသို့ လုပ်ဆောင်ရန် ပြဿနာမရှိကြောင်း သမ္မတအာဒိုဂန်က ဆိုပါတယ်။ ရက်ကာမြို့နဲ့ ပတ်သက်ပြီး အခြား ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း ၎င်းက ပြောပါတယ်။

ရက်ကာမြို့ အိုင်အက်စ်လက်အောက်သို့ ကျရောက်ခဲ့ခြင်းဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံများရှိ ပိုက်နက်နယ်မြေများကို ၎င်းတို့ ပိုမိုသိမ်းပိုက်နိုင်ခဲ့မှုရဲ့ အဓိကသော့ချက်လည်း ဖြစ်ပါတယ်။ လက်ရှိမှာ အိုင်အက်စ်က ရက်ကာကို မြို့တော်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ရက်ကာမြို့မှာ လက်ရှိအချိန်ထိ မြို့ခံ ၂၅၀,၀၀၀ မှ ၅၀၀,၀၀၀ ကြား နေထိုင်လျက်ရှိနိုင်ပြီး အိုင်အက်စ်တို့က အရပ်သားများအပေါ် လူမဆန်စွာ ပြုမူဆက်ဆံကြောင်း သတင်တွေလည်း ထွက်ပေါ်နေခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top