Property Expo
×

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာနယ္နိမိတ္ ၿမိဳ႕နယ္မ်ား အတြင္း ေနအိမ္မ်ားေရွ႕၌ လမ္းမေပၚက်ဴးေက်ာ္ကာ ေဆာက္လုပ္ထားေသာအမိုးအဖီမ်ားႏွင့္ ေစ်းဆိုင္မ်ားအား ျပန္လည္ဖ်က္သိမ္းလ်က္ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ သိရသည္။

ရန္ကုန္ၿမိဳ႕တြင္ လူေနရပ္ကြက္ႏွင့္ လမ္းမ်ားအတြင္း က်ဴးေက်ာ္ေဆာက္လုပ္ထားေသာေစ်းဆိုင္မ်ား၊ ေျမညီထပ္ တိုက္ခန္းမ်ား၏ မ်က္ႏွာစာေရွ႕တြင္ က်ဴးေက်ာ္ထားေသာ အမိုးအဖီမ်ား၊ ကားဂိုေဒါင္မ်ားေဆာက္လုပ္ထားျခင္းကိုစက္တင္ဘာလဆန္းမွစတင္၍ ဖ်က္သိမ္းလ်က္ရွိေၾကာင္း တာေမြၿမိဳ႕နယ္ ပုသိမ္ၫြန္႔ရပ္ကြက္ရွိ စတိုးဆိုင္ပိုင္ရွင္ တစ္ဦးက ေျပာသည္။

''ကြၽန္ေတာ္တို႔ ဟိုအရင္တုန္းကေတာ့ ဒီလိုပဲနားလည္ မႈနဲ႔ လုပ္ခဲ့တာပါ။ အခုေတာ့ စည္ပင္ေျမကို က်ဴးေက်ာ္ ထားတာေတြ ျပန္ဖ်က္ရတယ္။ ကိုယ့္အိမ္ေရွ႕ အမိုးထိုးၿပီး ဖြင့္ေနတာေပါ့။ တျဖည္းျဖည္းနဲ႔ ေျမညီထပ္တိုင္းကေတာ့ ဆိုင္ေတြျဖစ္လာၾကတယ္။ အိမ္ေရွ႕မွာခ်ဲ႕လာၾကတာပါ။ အခု ၿမိဳ႕နယ္ကလာေျပာထားလို႔ ျပန္ဖ်က္ေနရတယ္''ဟု တာေမြၿမိဳ႕နယ္ ပုသိမ္ၫြန္႔ ရပ္ကြက္တြင္ စတိုးဆိုင္ဖြင့္လွစ္ ထားသူတစ္ဦးက ေျပာသည္။

က်ဴးေက်ာ္ဆိုင္ခန္းမ်ား၊အေဆာက္အအုံမ်ား၊ အမိုး အဖီမ်ားကို ဖယ္ရွားရွင္းလင္းလ်က္ရွိၿပီး ၿမိဳ႕နယ္မ်ားအလိုက္ ဆက္လက္ေဆာင္ရြက္သြားမည္ဟု သိရသည္။ ယင္းအျပင္ ရန္ကုန္ၿမိဳ႕တြင္း ၿမိဳ႕နယ္မ်ားတြင္ လည္း ေနာက္ေဖးလမ္းၾကားမ်ား သန္႔ရွင္းသပ္ရပ္ေစေရး ကိုေဆာင္ရြက္လ်က္ရွိရာ က်ဴးေက်ာ္အမိုးအဖီမ်ားကို ဖယ္ရွားရွင္းလင္းလ်က္ရွိၿပီး စည္းကမ္းမဲ့ အမႈိက္စြန္႔ပစ္ မႈမ်ားကိုလည္း အေရးယူေဆာင္ရြက္လ်က္ရွိသည္။ ယင္း အစီအစဥ္ကိုလည္း ၿမိဳ႕တြင္းၿမိဳ႕နယ္မ်ားအျပင္ အျခား ၿမိဳ႕နယ္မ်ားတြင္လည္း ဆက္လက္ေဆာင္ရြက္သြားမည္ဟု သိရသည္။

''ေျမညီထပ္တိုင္းက ေစ်းဆိုင္ေတြျဖစ္လာေတာ့ ေနအိမ္ေရွ႕မွာေနရာမရွိေအာင္ ဆိုင္ေတြက်ဴးေက်ာ္ထား ၾကတယ္။ ကားရပ္စရာေနရာလည္း မရွိေတာ့ဘူး။ ဆိုင္ေရွ႕ မရပ္နဲ႔ ဆိုတာေတြ၊ ကားမရပ္ရဆိုၿပီးေနရာဦးထားတာ ေတြနဲ႔ ရန္ျဖစ္ေနတာလည္းခဏခဏပဲ။ အိမ္ေရွ႕ေျမေနရာ ကို ကိုယ္ပိုင္လိုသုံးေနၾကတယ္။ အထူးသျဖင့္ က်ားကြက္ သစ္လမ္းကဆိုင္ေတြပဲ။ လမ္းသားခ်ဲ႕ထားလည္းဘီယာဆိုင္ေတြေၾကာင့္ လမ္းပိတ္တာခဏခဏပဲ။ စည္ပင္က ခုလို ၾကပ္မတ္တာေကာင္းတယ္။ လာဘ္မစားဘဲမွန္မွန္ ကန္ကန္ အေရးယူသင့္တယ္''ဟုတာေမြၿမိဳ႕နယ္ က်ားကြက္ သစ္ရပ္ကြက္တြင္ ေနထိုင္သူတစ္ဦးက ေျပာသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:The Mirror Daily

#Unicode Version
ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ် မြို့နယ်များ အတွင်း နေအိမ်များရှေ့၌ လမ်းမပေါ်ကျူးကျော်ကာ ဆောက်လုပ်ထားသောအမိုးအဖီများနှင့် ဈေးဆိုင်များအား ပြန်လည်ဖျက်သိမ်းလျက်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ရန်ကုန်မြို့တွင် လူနေရပ်ကွက်နှင့် လမ်းများအတွင်း ကျူးကျော်ဆောက်လုပ်ထားသောဈေးဆိုင်များ၊ မြေညီထပ် တိုက်ခန်းများ၏ မျက်နှာစာရှေ့တွင် ကျူးကျော်ထားသော အမိုးအဖီများ၊ ကားဂိုဒေါင်များဆောက်လုပ်ထားခြင်းကိုစက်တင်ဘာလဆန်းမှစတင်၍ ဖျက်သိမ်းလျက်ရှိကြောင်း တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ စတိုးဆိုင်ပိုင်ရှင် တစ်ဦးက ပြောသည်။

''ကျွန်တော်တို့ ဟိုအရင်တုန်းကတော့ ဒီလိုပဲနားလည် မှုနဲ့ လုပ်ခဲ့တာပါ။ အခုတော့ စည်ပင်မြေကို ကျူးကျော် ထားတာတွေ ပြန်ဖျက်ရတယ်။ ကိုယ့်အိမ်ရှေ့ အမိုးထိုးပြီး ဖွင့်နေတာပေါ့။ တဖြည်းဖြည်းနဲ့ မြေညီထပ်တိုင်းကတော့ ဆိုင်တွေဖြစ်လာကြတယ်။ အိမ်ရှေ့မှာချဲ့လာကြတာပါ။ အခု မြို့နယ်ကလာပြောထားလို့ ပြန်ဖျက်နေရတယ်''ဟု တာမွေမြို့နယ် ပုသိမ်ညွန့် ရပ်ကွက်တွင် စတိုးဆိုင်ဖွင့်လှစ် ထားသူတစ်ဦးက ပြောသည်။

ကျူးကျော်ဆိုင်ခန်းများ၊အဆောက်အအုံများ၊ အမိုး အဖီများကို ဖယ်ရှားရှင်းလင်းလျက်ရှိပြီး မြို့နယ်များအလိုက် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။ ယင်းအပြင် ရန်ကုန်မြို့တွင်း မြို့နယ်များတွင် လည်း နောက်ဖေးလမ်းကြားများ သန့်ရှင်းသပ်ရပ်စေရေး ကိုဆောင်ရွက်လျက်ရှိရာ ကျူးကျော်အမိုးအဖီများကို ဖယ်ရှားရှင်းလင်းလျက်ရှိပြီး စည်းကမ်းမဲ့ အမှိုက်စွန့်ပစ် မှုများကိုလည်း အရေးယူဆောင်ရွက်လျက်ရှိသည်။ ယင်း အစီအစဉ်ကိုလည်း မြို့တွင်းမြို့နယ်များအပြင် အခြား မြို့နယ်များတွင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

''မြေညီထပ်တိုင်းက ဈေးဆိုင်တွေဖြစ်လာတော့ နေအိမ်ရှေ့မှာနေရာမရှိအောင် ဆိုင်တွေကျူးကျော်ထား ကြတယ်။ ကားရပ်စရာနေရာလည်း မရှိတော့ဘူး။ ဆိုင်ရှေ့ မရပ်နဲ့ ဆိုတာတွေ၊ ကားမရပ်ရဆိုပြီးနေရာဦးထားတာ တွေနဲ့ ရန်ဖြစ်နေတာလည်းခဏခဏပဲ။ အိမ်ရှေ့မြေနေရာ ကို ကိုယ်ပိုင်လိုသုံးနေကြတယ်။ အထူးသဖြင့် ကျားကွက် သစ်လမ်းကဆိုင်တွေပဲ။ လမ်းသားချဲ့ထားလည်းဘီယာဆိုင်တွေကြောင့် လမ်းပိတ်တာခဏခဏပဲ။ စည်ပင်က ခုလို ကြပ်မတ်တာကောင်းတယ်။ လာဘ်မစားဘဲမှန်မှန် ကန်ကန် အရေးယူသင့်တယ်''ဟုတာမွေမြို့နယ် ကျားကွက် သစ်ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:The Mirror Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top