Kantharyar Centre
×

ခႏၶာကိုယ္အတြင္း စီးဆင္းေနတဲ့ ေသြးနမူနာေတြကို စမ္းသပ္ၾကည့္ၿပီး ကင္ဆာျဖစ္ႏုိင္ေခ်ရွိမရွိဆိုတာ ေစာစီးစြာ သိႏုိင္မယ့္ နည္းလမ္းကို ပညာရွင္ေတြ ရွာေဖြေတြ႔ရွိထားၿပီလုိ႔ သိရပါတယ္။

ကင္ဆာေရာဂါအျဖစ္ ေျပာင္းသြားႏုိင္တဲ့ ေသြးနီဥဆဲလ္ေတြကို စမ္းသပ္ၾကည့္႐ႈၿပီးေနာက္ ေရာဂါမျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ႏုိင္မယ့္နည္းလမ္းေတြကို လုပ္ေဆာင္ႏုိင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒါကတဆင့္ ေနာက္တစ္ခ်ိန္မွာ ကင္ဆာကို ေစာေစာစီးစီး အျမစ္ျပတ္ကုသႏိုင္မယ့္နည္းလမ္းမ်ိဳးလည္း ေတြ႔လာႏုိင္တယ္လို႔ ဆိုပါတယ္။

ကင္ဆာေရာဂါရယ္လုိ႔ အမည္မတပ္ႏုိင္ေသးခင္ကတည္းက ေသြးနမူနာကို စစ္ေဆးၾကည့္ၿပီး ေရာဂါလကၡဏာကို ေတြ႔ႏိုင္မွာ ျဖစ္ပါတယ္။ ဆြမ္ဆီးေဆးတကၠသိုလ္သင္တန္းေက်ာင္းက က်န္းမာသန္စြမ္းတဲ့ လူေပါင္း ၃၀၀ ေက်ာ္ကို သုေတသန ျပဳလုပ္ၿပီးေနာက္မွာ ဒီနည္းလမ္းကို ေတြ႔ရွိခဲ့တာျဖစ္ပါတယ္။ စစ္ေဆးခ်က္ဟာလည္း သာမန္စစ္ေဆးခ်က္လိုမ်ိဳးပဲ ဓာတ္ခြဲခန္းသံုး ပစၥည္းေတြကိုပဲ အသံုးျပဳရမွာျဖစ္ၿပီး နာရီအနည္းငယ္သာ ၾကာျမင့္မွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

ခန္ဓာကိုယ်အတွင်း စီးဆင်းနေတဲ့ သွေးနမူနာတွေကို စမ်းသပ်ကြည့်ပြီး ကင်ဆာဖြစ်နိုင်ချေရှိမရှိဆိုတာ စောစီးစွာ သိနိုင်မယ့် နည်းလမ်းကို ပညာရှင်တွေ ရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။

ကင်ဆာရောဂါအဖြစ် ပြောင်းသွားနိုင်တဲ့ သွေးနီဥဆဲလ်တွေကို စမ်းသပ်ကြည့်ရှုပြီးနောက် ရောဂါမဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကတဆင့် နောက်တစ်ချိန်မှာ ကင်ဆာကို စောစောစီးစီး အမြစ်ပြတ်ကုသနိုင်မယ့်နည်းလမ်းမျိုးလည်း တွေ့လာနိုင်တယ်လို့ ဆိုပါတယ်။

ကင်ဆာရောဂါရယ်လို့ အမည်မတပ်နိုင်သေးခင်ကတည်းက သွေးနမူနာကို စစ်ဆေးကြည့်ပြီး ရောဂါလက္ခဏာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ဆွမ်ဆီးဆေးတက္ကသိုလ်သင်တန်းကျောင်းက ကျန်းမာသန်စွမ်းတဲ့ လူပေါင်း ၃၀၀ ကျော်ကို သုတေသန ပြုလုပ်ပြီးနောက်မှာ ဒီနည်းလမ်းကို တွေ့ရှိခဲ့တာဖြစ်ပါတယ်။ စစ်ဆေးချက်ဟာလည်း သာမန်စစ်ဆေးချက်လိုမျိုးပဲ ဓာတ်ခွဲခန်းသုံး ပစ္စည်းတွေကိုပဲ အသုံးပြုရမှာဖြစ်ပြီး နာရီအနည်းငယ်သာ ကြာမြင့်မှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top