Kantharyar Centre
×








Credit:7Day Daily

#Unicode Version
လက်ရှိချန်ပီယံ ရီး ရဲလ်မက်ဒရစ် အသင်း၏ ချန်ပီယံ လိဂ်ဖလား ကာကွယ်ရန် ကြိုးပမ်း မှုအဖြစ် ကြာသပတေးနေ့နံနက် ၁ နာရီ ၁၅ မိနစ်တွင် စပို့တင်းအ သင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

၂၀၁၆-၁၇ ဘောလုံးရာသီ တွင် ရော်နယ်ဒိုသည် ပထမဆုံး ပါဝင်သော ပွဲ၌ ဂိုးသွင်းရန် ခြောက်မိနစ်သာ အချိန်ယူခဲ့ရပြီး ၎င်းသွင်းယူသောဂိုးအတွက် ဂါ ရတ်ဘေးလ်က ဖန်တီးပေးခဲ့ သည်။

ရီးရဲလ်သည် ပထမဆုံး လာ လီဂါသုံးပွဲတွင် ၁၀ ဂိုးအထိ သွင်း ထားပြီး ပွဲအားလုံး နိုင်ပွဲရထား သည်။

ရီးရဲလ် ရင်ဆိုင်ရမည့် စပို့ တင်းအသင်းသည် ရော်နယ်ဒို ငယ်ဘဝက ကစားခဲ့သော အ သင်း ဖြစ်သည်။

ရီးရဲလ်တွင် ကြံ့ခိုင်မှု မပြည့် ဝသည့် ကေလာနာဗာ့စ်နှင့် ဖာဘီ ယိုကွန်ထရာအိုတို့မှလွဲ၍ ကျန်က စားသမားများ ပါဝင်နိုင်မည်ဖြစ် ကာ နည်းပြဇီဒန်းအနေဖြင့် စပို့ တင်းနှင့် ပွဲအတွက် ကစားသမား ၁၈ ဦး ရွေးချယ်ရန် ကစားသမား လေးဦးကို ချန်လှပ်ရမည်ဖြစ် သည်။

ကာဆီမီရို၊ ရိုဒရီဂွက်ဇ်နှင့် မာဆယ်လိုတို့အားလုံး သီတင်း ပတ်ကုန်ရက်က အနားယူခဲ့သော ကြောင့် ပထမဆုံးအုပ်စုပွဲဖြစ် သော စပို့တင်းနှင့် ပွဲတွင် ၎င်းတို့ ကို ထည့်သွင်းကစားမည်ဟု ယူ ဆရသည်။

ဂါရတ်ဘေးလ်၊ ဘန်ဇီးမား နှင့် ရော်နယ်ဒိုတို့ ရှေ့တန်းတွင် ပါဝင်လာခြင်းကြောင့် ဇီဒန်းအနေ ဖြင့် ကွင်းလယ်အတွက် ရွေးချယ် ရန် ခက်ခဲနေကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top