Property Expo
×






Credit:Thit Htoo Lwin

#Unicode Version
ထိုင်းနိုင်ငံ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ သစ်ပင်တစ်ပင်က ပေးတဲ့ နံပါတ်ကြောင့် ကံကောင်းစွာနဲ့ ဒေါ်လာ တစ်သိန်း ခုနှစ်သောင်း ငါးထောင် ထီပေါက်ခဲ့ပါတယ်။

ဘန်ကောက်မြို့ပြင်မှာ ရှိတဲ့ Samut Sakhon ဘုရားကျောင်းမှာ သီတင်းသုံး နေထိုင်သူ သက်တော် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ဘုန်းကြီး Phra Prawit Techapalo က လစဉ်လတိုင်း ထီကံစမ်းခဲ့ရာမှာ ပထမအကြိမ်း ကံထူးခဲ့တာပါ။

ဆယ်ဝါ ရှိပြီဖြစ်တဲ့ Phra Prawit  ဟာ ဘုန်းကြီးကျောင်းဝန်းထဲမှာ ရှိတဲ့ ကျွန်းသစ်ပင်ရဲ့ မျက်နှာပြင်အနေအထားအရ နံပါတ် ၈၄ ကို ထီလက်မှတ်ရဲ့ နောက်ဆုံးဂဏန်းအဖြစ်ရွေးချယ်ခဲ့ပြီး ကံထူးရှင် ဖြစ်ခဲ့တာပါ။

ရရှိတဲ့ ဆုငွေတွေကို မိခင်ဖြစ်သူအတွက် အိမ်တစ်လုံး ၊ သားဖြစ်သူရဲ့ ပညာရေးအတွက်နဲ့ မကြာသေးခင်ကပဲ ပျံလွန်တော်မူသွားတဲ့ ကျောင်းထိုင်ဘုန်းကြီးရဲ့ ဘုန်းကြီး ပျံပွဲအတွက် အသုံးပြုသွား မှာပါတဲ့။



ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top