Kantharyar Centre
×

 အေမရိကန္တြင္ ေစ်းဝယ္စင္တာ တစ္ခုအတြင္း ပစ္ခတ္မႈေၾကာင့္ လူ ၃ ဦး ေသဆံုးၿပီး ေသနတ္သမားမွာ ထြက္ေျပး လြတ္ေျမာက္ေနဆဲဟု သိရသည္။

ဝါရွင္တန္ ျပည္နယ္ရွိ ဘာလင္တန္အရပ္မွ ေစ်းဝယ္စင္တာ တစ္ခုတြင္ စက္တင္ဘာ ၂၃ ရက္ ညပိုင္းက ပစ္ခတ္မႈ ျဖစ္ပြားျခင္းဟု ေဒသခံ ရဲတပ္ဖြဲ႕ ကင္းလွည့္ယူနစ္၏ ေျပာေရးဆိုခြင့္ရ အရာရွိ ရဲတပ္ၾကပ္ႀကီး မာ့ခ္ဖရန္ဆစ္က ဆိုသည္။ အေစာပိုင္းတြင္ အေသအေပ်ာက္ ပမာဏ ၄ ဦးရွိသည္ဟု ရဲမ်ားက ဆိုေသာ္လည္း ေနာက္ပိုင္းတြင္ ၃ ဦးဟု ေျပာင္းလဲ အတည္ျပဳခဲ့သည္။ ေနာက္ထပ္ လူ ၂ ဦးလည္း ထိခုိက္ဒဏ္ရာ ရခဲ့သည္။

ေသဆံုးသူ အားလံုးမွာ အမ်ိဳးသမီးမ်ား ျဖစ္ၾကၿပီး ဒဏ္ရာရသူ အမ်ိဳးသား ၂ ဦးအနက္ ဒဏ္ရာျပင္းထန္သူကို ေဆး႐ံုသို႔ အေရးေပၚ တင္ပို႔ခဲ့ရသည္။ က်န္အမ်ိဳးသားမွာ အသက္အႏၱရာယ္ စိုးရိမ္ရမႈ မရွိေခ်။ လတ္တေလာတြင္ ရဲတပ္ဖြဲ႕သည္ လံုၿခံဳေရး ကင္မရာ မွတ္တမ္းမ်ားကို အေျခခံကာ တရားခံ၏ ပံုရိပ္ကို အတည္ျပဳထားၿပီး ျဖန္႔က်က္ ရွာေဖြလ်က္ ရွိသည္။

Cascade ေစ်းဝယ္စင္တာ ပစ္ခတ္မႈတြင္ တရားခံ တစ္ဦးထက္မက ရွိႏုိင္သည္ဟုလည္း ရဲမ်ားက ေျပာၾကားထားသည့္တိုင္ ျဖစ္ႏုိင္ေျခ အမ်ားဆံုးမွာ တစ္ကိုယ္ေတာ္ က်ဴးလြန္မႈမ်ိဳးဟုလည္း ယူဆထားသည္။ “အဓိက ယံုၾကည္တာေတာ့ ေသနတ္သမားက တစ္ေယာက္ပဲ ျဖစ္ေလာက္တယ္။ ၿပီးေတာ့ ႐ိုင္ဖယ္ေသနတ္ ကိုင္ထားပါတယ္။ ရဲတပ္ဖြဲ႕ဟာ သံသယ တရားခံကို အင္တိုက္အားတိုက္ ေျခရာခံ ရွာေဖြေနဆဲပါ”ဟုလည္း ဖရန္ဆစ္က ေျပာၾကားခဲ့သည္။

ဝါရွင္တန္ျပည္နယ္ အုပ္ခ်ဳပ္ေရးမွဴး ေဂ်းအင္စလီကလည္း တရားခံကို ဖမ္းဆီးရမိရန္အတြက္ တရားဥပေဒ စိုးမိုးေရး အရာရွိမ်ားက အပူတျပင္း ႀကိဳးစားေနေၾကာင္း ေၾကညာခဲ့သည္။ “အခုေလာေလာဆယ္ေတာ့ ပတ္ဝန္းက်င္မွာ ေနထုိင္သူေတြဟာ ရဲအရာရွိေတြ သတိေပးထားတဲ့အတုိင္း လုိက္နာၾကပါ။ တာဝန္ရွိသူေတြ အေနနဲ႔ စံုစမ္းမႈေတြ လုပ္ေဆာင္ေနၿပီး သံသယတရားခံကို ဖမ္းဆီးရမိဖို႔ ႀကိဳးစားေနပါတယ္”ဟု ၎က Twitterတြင္ ေရးသားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 အမေရိကန်တွင် ဈေးဝယ်စင်တာ တစ်ခုအတွင်း ပစ်ခတ်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး သေနတ်သမားမှာ ထွက်ပြေး လွတ်မြောက်နေဆဲဟု သိရသည်။

ဝါရှင်တန် ပြည်နယ်ရှိ ဘာလင်တန်အရပ်မှ ဈေးဝယ်စင်တာ တစ်ခုတွင် စက်တင်ဘာ ၂၃ ရက် ညပိုင်းက ပစ်ခတ်မှု ဖြစ်ပွားခြင်းဟု ဒေသခံ ရဲတပ်ဖွဲ့ ကင်းလှည့်ယူနစ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ရဲတပ်ကြပ်ကြီး မာ့ခ်ဖရန်ဆစ်က ဆိုသည်။ အစောပိုင်းတွင် အသေအပျောက် ပမာဏ ၄ ဦးရှိသည်ဟု ရဲများက ဆိုသော်လည်း နောက်ပိုင်းတွင် ၃ ဦးဟု ပြောင်းလဲ အတည်ပြုခဲ့သည်။ နောက်ထပ် လူ ၂ ဦးလည်း ထိခိုက်ဒဏ်ရာ ရခဲ့သည်။

သေဆုံးသူ အားလုံးမှာ အမျိုးသမီးများ ဖြစ်ကြပြီး ဒဏ်ရာရသူ အမျိုးသား ၂ ဦးအနက် ဒဏ်ရာပြင်းထန်သူကို ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရသည်။ ကျန်အမျိုးသားမှာ အသက်အန္တရာယ် စိုးရိမ်ရမှု မရှိချေ။ လတ်တလောတွင် ရဲတပ်ဖွဲ့သည် လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံကာ တရားခံ၏ ပုံရိပ်ကို အတည်ပြုထားပြီး ဖြန့်ကျက် ရှာဖွေလျက် ရှိသည်။

Cascade ဈေးဝယ်စင်တာ ပစ်ခတ်မှုတွင် တရားခံ တစ်ဦးထက်မက ရှိနိုင်သည်ဟုလည်း ရဲများက ပြောကြားထားသည့်တိုင် ဖြစ်နိုင်ခြေ အများဆုံးမှာ တစ်ကိုယ်တော် ကျူးလွန်မှုမျိုးဟုလည်း ယူဆထားသည်။ “အဓိက ယုံကြည်တာတော့ သေနတ်သမားက တစ်ယောက်ပဲ ဖြစ်လောက်တယ်။ ပြီးတော့ ရိုင်ဖယ်သေနတ် ကိုင်ထားပါတယ်။ ရဲတပ်ဖွဲ့ဟာ သံသယ တရားခံကို အင်တိုက်အားတိုက် ခြေရာခံ ရှာဖွေနေဆဲပါ”ဟုလည်း ဖရန်ဆစ်က ပြောကြားခဲ့သည်။

ဝါရှင်တန်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျေးအင်စလီကလည်း တရားခံကို ဖမ်းဆီးရမိရန်အတွက် တရားဥပဒေ စိုးမိုးရေး အရာရှိများက အပူတပြင်း ကြိုးစားနေကြောင်း ကြေညာခဲ့သည်။ “အခုလောလောဆယ်တော့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေဟာ ရဲအရာရှိတွေ သတိပေးထားတဲ့အတိုင်း လိုက်နာကြပါ။ တာဝန်ရှိသူတွေ အနေနဲ့ စုံစမ်းမှုတွေ လုပ်ဆောင်နေပြီး သံသယတရားခံကို ဖမ်းဆီးရမိဖို့ ကြိုးစားနေပါတယ်”ဟု ၎င်းက Twitterတွင် ရေးသားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top