Kantharyar Centre
×

 ေနျပည္ေတာ္ ေကာင္စီ ရွစ္ၿမိဳ႕နယ္ရွိ ဇန္န၀ါရီမွ ၾသဂုတ္အထိ ရွစ္လအတြင္း လူ သတ္မႈ ၁၈ မႈႏွင့္ မုဒိမ္းမႈ ၂၉ မႈ အပါအ၀င္ အမႈ ၂,၅၀၀ ေက်ာ္စစ္ ေဆးေတြ႕ရွိေၾကာင္း ေနျပည္ေတာ္တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုးကထုတ္ျပန္သည္။ လူသတ္မႈ ၁၈ မႈ၊ ဓားျပမႈသံုးမႈ၊ လုယက္မႈ ႏွစ္မႈ၊ မုဒိမ္းမႈ ၂၉ မႈ၊ ခိုးမႈ ၁၈ မႈႏွင့္ ႐ိုး႐ိုးနာက်င္မႈ၊ ယာဥ္ျဖင့္ ထိခိုက္မိ၍နာက်င္ေစမႈ၊ က်န္အျခားအမႈမ်ား ၁,၁၂၃ မႈ ျဖစ္ပြားခဲ့ၿပီး လက္နက္ပုန္း၊ ေလာင္းကစား၊ မူးယစ္ေဆး၀ါး၊ ျပည့္တန္ဆာ၊ ေျခခ်ဳပ္၊ ယစ္မ်ိဳး၊ ရဲအက္၊ က်င့္/ ၅၄၊ ၅(ည)၊ဗီဒီယို အက္ႏွင့္ ေမာ္ေတာ္ယာဥ္ဥပေဒ မ်ား စုစုေပါင္း ၁,၃၈၆ မႈျဖစ္ပြား ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ ျပထားသည္။

မႈခင္းျဖစ္ပြားစဥ္မ်ားတြင္ စြဲ ခ်က္တင္ႏိုင္သည့္အမႈ ၂,၀၀၀ ေက်ာ္ရွိၿပီး အေၾကာင္းအမ်ိဳးမ်ိဳး ျဖင့္ စြဲခ်က္တင္ရန္ က်န္သည့္အမႈ ၆၀၀ ေက်ာ္ရွိေနေၾကာင္းထုတ္ျပန္ ခ်က္မ်ားအရ သိရသည္။

‘‘လက္က်န္ေတြက ဘာေတြ က်န္မလဲဆိုရင္ အမႈမေပၚတာ ေတြက်န္မယ္။ ရမန္မျပည့္ေသး တဲ့အမႈေတြ က်န္မယ္’’ဟု ေနျပည္ ေတာ္တိုင္းရဲတပ္ဖြဲ႕မွဴး႐ံုးမွ တာ ၀န္ရွိသူတစ္ဦးကေျပာသည္။

မႈခင္းမွတ္တမ္းမ်ားအရ လူ သတ္မႈ၊ ဓားျပမႈ၊ လုယက္မႈ၊ ျပန္ ေပးမႈ၊ ေဖာက္ထြင္းမႈ၊ တိရစၧာန္ ခိုးမႈ၊ မုဒိမ္းမႈ၊ ပုန္ကန္မႈ၊ လက္ နက္မႈႏွင့္ မတရားအသင္းမ်ားျဖစ္ ေသာ အမႈႀကီး ၁၀ မ်ိဳးသည္ လယ္ေ၀းၿမိဳ႕နယ္တြင္ ၁၄ မႈျဖင့္ အမ်ားဆံုးျဖစ္ပြားၿပီး ေဇယ်ာသီရိ၊ ဒကၡိဏသီရိႏွင့္ ဇမၺဴသီရိၿမိဳ႕နယ္ မ်ားတြင္ ႏွစ္မႈျဖင့္ အနည္းဆံုး ျဖစ္ပြားခဲ့သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

 နေပြည်တော် ကောင်စီ ရှစ်မြို့နယ်ရှိ ဇန်နဝါရီမှ သြဂုတ်အထိ ရှစ်လအတွင်း လူ သတ်မှု ၁၈ မှုနှင့် မုဒိမ်းမှု ၂၉ မှု အပါအဝင် အမှု ၂,၅၀၀ ကျော်စစ် ဆေးတွေ့ရှိကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးကထုတ်ပြန်သည်။ လူသတ်မှု ၁၈ မှု၊ ဓားပြမှုသုံးမှု၊ လုယက်မှု နှစ်မှု၊ မုဒိမ်းမှု ၂၉ မှု၊ ခိုးမှု ၁၈ မှုနှင့် ရိုးရိုးနာကျင်မှု၊ ယာဉ်ဖြင့် ထိခိုက်မိ၍နာကျင်စေမှု၊ ကျန်အခြားအမှုများ ၁,၁၂၃ မှု ဖြစ်ပွားခဲ့ပြီး လက်နက်ပုန်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ၊ ခြေချုပ်၊ ယစ်မျိုး၊ ရဲအက်၊ ကျင့်/ ၅၄၊ ၅(ည)၊ဗီဒီယို အက်နှင့် မော်တော်ယာဉ်ဥပဒေ များ စုစုပေါင်း ၁,၃၈၆ မှုဖြစ်ပွား ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

မှုခင်းဖြစ်ပွားစဉ်များတွင် စွဲ ချက်တင်နိုင်သည့်အမှု ၂,၀၀၀ ကျော်ရှိပြီး အကြောင်းအမျိုးမျိုး ဖြင့် စွဲချက်တင်ရန် ကျန်သည့်အမှု ၆၀၀ ကျော်ရှိနေကြောင်းထုတ်ပြန် ချက်များအရ သိရသည်။

‘‘လက်ကျန်တွေက ဘာတွေ ကျန်မလဲဆိုရင် အမှုမပေါ်တာ တွေကျန်မယ်။ ရမန်မပြည့်သေး တဲ့အမှုတွေ ကျန်မယ်’’ဟု နေပြည် တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာ ဝန်ရှိသူတစ်ဦးကပြောသည်။

မှုခင်းမှတ်တမ်းများအရ လူ သတ်မှု၊ ဓားပြမှု၊ လုယက်မှု၊ ပြန် ပေးမှု၊ ဖောက်ထွင်းမှု၊ တိရစ္ဆာန် ခိုးမှု၊ မုဒိမ်းမှု၊ ပုန်ကန်မှု၊ လက် နက်မှုနှင့် မတရားအသင်းများဖြစ် သော အမှုကြီး ၁၀ မျိုးသည် လယ်ဝေးမြို့နယ်တွင် ၁၄ မှုဖြင့် အများဆုံးဖြစ်ပွားပြီး ဇေယျာသီရိ၊ ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိမြို့နယ် များတွင် နှစ်မှုဖြင့် အနည်းဆုံး ဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top