Property Expo
×

 အိပ္ယာထ ေနာက္က်တာထက္ ဆိုးရြားတဲ့ ဖီလင္ မရွိႏိုင္ပါဘူး။ မနက္ဆိုရင္ သင္ကသာ အိပ္ေရးမ၀ေသးဘူးလို႔ ခံစားေနရတာပါ။ သင့္အေမကေတာ့ အိပ္ယာမထေသးတဲ့ သင့္ကို ေအာ္ဟစ္ ႀကိမ္းေမာင္းေနပါၿပီ။ သင့္ဖုန္းထဲမွာလည္း အလုပ္က ဆက္သြယ္ထားတဲ့ Missed Call ေတြနဲ႔ မက္ေဆ့ဂ်္ေတြ ျပည့္ေနပါၿပီ။ သင့္ရဲ႕ အစာအိမ္ဟာလည္း ဆာေလာင္သံေတြ ထုတ္လႊတ္ေနပါၿပီ။  
သင္ဘာေၾကာင့္ အိပ္ယာထ ေနာက္က်ရသလဲ ဆိုတဲ့ အေျဖကိုေတာ့ သင့္အေမေရာ ၊ အလုပ္က သူေဌးကပါ လက္မခံၾကပါဘူး။ သင္ဟာ တစ္ညလံုး စာအုပ္ေတြဖတ္ေနမယ္ ၊ သင္ ၀ါသနာ ပါရာ တစ္ခုခုကို အင္တာနက္မွာ ရွာေဖြ ေလ့လာေနမယ္ ၊ သင္ ဗဟုသုတ ရမယ့္ ရုပ္ရွင္ေတြၾကည့္ေနမယ္။ ဒါေပမယ့္ သင့္အေမကေတာ့ အဲဒါေတြကို ေဘးဖယ္ၿပီး ေစာေစာအိပ္ဖို႔နဲ႔ မနက္မွာ ေစာေစာထဖို႔ ပဲ သင့္ကို တိုက္တြန္းေနစၿမဲပါ။
ဒါေပမယ့္လည္း The Huffington Post သတင္းဌာနက ေဖာ္ျပခဲ့တဲ့ သုေတသန တစ္ခုအရေတာ့ သာမန္ အိပ္ခ်ိန္ေတြကေန ကြဲထြက္ၿပီး ေနာက္က်မွ အိပ္စက္တတ္သူေတြဟာ ပိုမို ဥာဏ္ေကာင္းၾကပါတယ္။ ဒီသုေတသနကို မက္ဒရစ္ၿမိဳ႕ တကၠသိုလ္ က သုေတသီေတြဟာ ေက်ာင္းသား အေယာက္ ၁၀၀၀ ရဲ႕ အိပ္စက္ခ်ိန္ ေတြကို ေလ့လာခဲ့ညပီးမွာ အိပ္ယာ၀င္ခ်ိန္ ေနာက္က်ၿပီး အိပ္ယာထခ်ိန္ေနာက္က်သူေတြဟာ စစ္ေဆးမႈေတြမွာ အမွတ္မ်ားမ်ားရေနတာကို ေတြ႕ခဲ့ၾကပါတယ္။ စစ္ေဆးမႈေတြကေတာ့ အေထြေထြ ဗဟုသုတ နဲ႔ အေတြးအေခၚေတြကို စစ္ေဆးခဲ့တာပါ။
မနက္ပိုင္းဟာ ထုတ္လုပ္မႈ အားေကာင္းပါတယ္။ ႀကိဳးစားမႈ အားေကာင္းပါတယ္။ ဒါေပမယ့္ ညဘက္ေတြကေတာ့ ဖန္တီးမႈ အားပိုမိုေကာင္းမြန္ပါတယ္။ မနက္ေစာေစာ အိပ္ယာထသူေတြဟာ တက္ၾကြၾကပါတယ္။ Gym သြားၾကတယ္ ၊ ေကာ္ဖီေသာက္ၾကတယ္ ၊ အလုပ္ကို ေစာေစာ ေရာက္ၾကတယ္ ။ ဒါေပမယ့္လည္း ေနာက္က်မွ အိပ္သူေတြကေတာ့ တစ္ခုခုကို ဖန္တီးဖို႔နဲ႔ တီထြင္တဲ့ အပိုင္းေတြမွာ ေတာ္ၾကပါတယ္။
ဒါ့အျပင္ ဘယ္လ္ဂ်ီယံ ႏိုင္ငံ ၊ Liege တကၠသိုလ္က သုေတသီေတြ က ေစာေစာႏိုးတဲ့သူ ၁၅ ေယာက္နဲ႔ ေနာက္က်မွ ႏိုးတဲ့ သူ ၁၅ ေယာက္ ရဲ႕ ႏုိးႏုိးခ်င္း ဦးေႏွာက္ရဲ႕ လႈပ္ရွားမႈ နဲ႔ ၁၀ နာရီအၾကာမွာ ဦးေႏွာက္ရဲ႕ လႈပ္ရွားမႈ ေတြကို ေလ့လာခဲ့ၾကပါတယ္။ ႏိုးႏိုးခ်င္းမွာေတာ့ ဘယ္အခ်ိန္ႏိုးႏိုး ဦးေႏွာက္ရဲ႕ ထုတ္လုပ္မႈ ပမာဏ ေတြက တူညီပါတယ္။ ဆယ္နာရီအၾကာမွာေတာ့ ေနာက္က်မွ ႏိုးတဲ့သူေတြဟာ ေစာေစာႏိုးတဲ့သူေတြထက္ အာရံုစူးစိုက္ႏိုင္မႈ အပိုင္းမွာ ပိုမို ေကာင္းမြန္ေနတာကို ေတြ႕ရျပန္ပါတယ္။
အေကာင္းဆံုး အခ်က္တစ္ခုကေတာ့ ေနာက္က်မွ အိပ္ရာထသူေတြဟာ စိတ္ဖိစီးမႈ နည္းၾကပါတယ္။ Westminster သုေတသီအဖြဲ႕က အိပ္ခ်ိန္မတူတဲ့ ေဗာ္လန္တီယာ ၄၂ ေယာက္ကို ၂ ရက္တိတိ ၈ ႀကိမ္ ေလ့လာၾကည့္ခဲ့ရာ မွာေတာ့ ေစာေစာ အိပ္ရာထသူေတြဟာ ခႏၶာကိုယ္ရဲ႕ စိတ္ဖိစီးမႈ ေဟာ္မုန္း ျဖစ္တဲ့ Cortisol ပမာဏ ပိုမိုမ်ားျပားေနတာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။  
ဒါေၾကာင့္မို႔လို႔ အိပ္ရာထ ေနာက္က်သူေတြဟာ အိပ္ရာေစာေစာထသူေတြထက္ ဥာဏ္ေကာင္းၿပီး ပိုမို စမတ္က်ေနတာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Elite Daily

#Unicode Version
 အိပ်ယာထ နောက်ကျတာထက် ဆိုးရွားတဲ့ ဖီလင် မရှိနိုင်ပါဘူး။ မနက်ဆိုရင် သင်ကသာ အိပ်ရေးမဝသေးဘူးလို့ ခံစားနေရတာပါ။ သင့်အမေကတော့ အိပ်ယာမထသေးတဲ့ သင့်ကို အော်ဟစ် ကြိမ်းမောင်းနေပါပြီ။ သင့်ဖုန်းထဲမှာလည်း အလုပ်က ဆက်သွယ်ထားတဲ့ Missed Call တွေနဲ့ မက်ဆေ့ဂျ်တွေ ပြည့်နေပါပြီ။ သင့်ရဲ့ အစာအိမ်ဟာလည်း ဆာလောင်သံတွေ ထုတ်လွှတ်နေပါပြီ။ 
သင်ဘာကြောင့် အိပ်ယာထ နောက်ကျရသလဲ ဆိုတဲ့ အဖြေကိုတော့ သင့်အမေရော ၊ အလုပ်က သူဌေးကပါ လက်မခံကြပါဘူး။ သင်ဟာ တစ်ညလုံး စာအုပ်တွေဖတ်နေမယ် ၊ သင် ဝါသနာ ပါရာ တစ်ခုခုကို အင်တာနက်မှာ ရှာဖွေ လေ့လာနေမယ် ၊ သင် ဗဟုသုတ ရမယ့် ရုပ်ရှင်တွေကြည့်နေမယ်။ ဒါပေမယ့် သင့်အမေကတော့ အဲဒါတွေကို ဘေးဖယ်ပြီး စောစောအိပ်ဖို့နဲ့ မနက်မှာ စောစောထဖို့ ပဲ သင့်ကို တိုက်တွန်းနေစမြဲပါ။
ဒါပေမယ့်လည်း The Huffington Post သတင်းဌာနက ဖော်ပြခဲ့တဲ့ သုတေသန တစ်ခုအရတော့ သာမန် အိပ်ချိန်တွေကနေ ကွဲထွက်ပြီး နောက်ကျမှ အိပ်စက်တတ်သူတွေဟာ ပိုမို ဉာဏ်ကောင်းကြပါတယ်။ ဒီသုတေသနကို မက်ဒရစ်မြို့ တက္ကသိုလ် က သုတေသီတွေဟာ ကျောင်းသား အယောက် ၁၀၀၀ ရဲ့ အိပ်စက်ချိန် တွေကို လေ့လာခဲ့ညပီးမှာ အိပ်ယာဝင်ချိန် နောက်ကျပြီး အိပ်ယာထချိန်နောက်ကျသူတွေဟာ စစ်ဆေးမှုတွေမှာ အမှတ်များများရနေတာကို တွေ့ခဲ့ကြပါတယ်။ စစ်ဆေးမှုတွေကတော့ အထွေထွေ ဗဟုသုတ နဲ့ အတွေးအခေါ်တွေကို စစ်ဆေးခဲ့တာပါ။
မနက်ပိုင်းဟာ ထုတ်လုပ်မှု အားကောင်းပါတယ်။ ကြိုးစားမှု အားကောင်းပါတယ်။ ဒါပေမယ့် ညဘက်တွေကတော့ ဖန်တီးမှု အားပိုမိုကောင်းမွန်ပါတယ်။ မနက်စောစော အိပ်ယာထသူတွေဟာ တက်ကြွကြပါတယ်။ Gym သွားကြတယ် ၊ ကော်ဖီသောက်ကြတယ် ၊ အလုပ်ကို စောစော ရောက်ကြတယ် ။ ဒါပေမယ့်လည်း နောက်ကျမှ အိပ်သူတွေကတော့ တစ်ခုခုကို ဖန်တီးဖို့နဲ့ တီထွင်တဲ့ အပိုင်းတွေမှာ တော်ကြပါတယ်။
ဒါ့အပြင် ဘယ်လ်ဂျီယံ နိုင်ငံ ၊ Liege တက္ကသိုလ်က သုတေသီတွေ က စောစောနိုးတဲ့သူ ၁၅ ယောက်နဲ့ နောက်ကျမှ နိုးတဲ့ သူ ၁၅ ယောက် ရဲ့ နိုးနိုးချင်း ဦးနှောက်ရဲ့ လှုပ်ရှားမှု နဲ့ ၁၀ နာရီအကြာမှာ ဦးနှောက်ရဲ့ လှုပ်ရှားမှု တွေကို လေ့လာခဲ့ကြပါတယ်။ နိုးနိုးချင်းမှာတော့ ဘယ်အချိန်နိုးနိုး ဦးနှောက်ရဲ့ ထုတ်လုပ်မှု ပမာဏ တွေက တူညီပါတယ်။ ဆယ်နာရီအကြာမှာတော့ နောက်ကျမှ နိုးတဲ့သူတွေဟာ စောစောနိုးတဲ့သူတွေထက် အာရုံစူးစိုက်နိုင်မှု အပိုင်းမှာ ပိုမို ကောင်းမွန်နေတာကို တွေ့ရပြန်ပါတယ်။
အကောင်းဆုံး အချက်တစ်ခုကတော့ နောက်ကျမှ အိပ်ရာထသူတွေဟာ စိတ်ဖိစီးမှု နည်းကြပါတယ်။ Westminster သုတေသီအဖွဲ့က အိပ်ချိန်မတူတဲ့ ဗော်လန်တီယာ ၄၂ ယောက်ကို ၂ ရက်တိတိ ၈ ကြိမ် လေ့လာကြည့်ခဲ့ရာ မှာတော့ စောစော အိပ်ရာထသူတွေဟာ ခန္ဓာကိုယ်ရဲ့ စိတ်ဖိစီးမှု ဟော်မုန်း ဖြစ်တဲ့ Cortisol ပမာဏ ပိုမိုများပြားနေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ 
ဒါကြောင့်မို့လို့ အိပ်ရာထ နောက်ကျသူတွေဟာ အိပ်ရာစောစောထသူတွေထက် ဉာဏ်ကောင်းပြီး ပိုမို စမတ်ကျနေတာပဲ ဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Elite Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top