Property Expo
×

မဂၤလာေတာင္ၫြန္႔ၿမိဳ႕ နယ္ ကန္ေတာ္ႀကီးဥယ်ာဥ္အ တြင္း ဖြင့္လွစ္ထားသည့္ FUN စားေသာက္ဆုိင္အနီးတြင္ စက္တင္ ဘာ ၄ ရက္က လူငယ္မ်ား ခိုက္ရန္ ျဖစ္ပြား၍ ႏွစ္ဖက္အျပန္အလွန္ အမႈဖြင့္ အေရးယူထားေၾကာင္း သတင္းရရွိသည္။


 ကန္ေတာ္ႀကီးဥယ်ာဥ္အ တြင္း ဖြင့္လွစ္ထားသည့္ စား ေသာက္ဆိုင္အနီးတြင္ လူငယ္ အဖြဲ႕ႏွစ္ဖြဲ႕ စကားမ်ားရန္ျဖစ္ကာ တုတ္ဓားလက္နက္မ်ား အသံုးျပဳ ခဲ့၍ လူငယ္ႏွစ္ဦး ဒဏ္ရာရရွိခဲ့ၿပီး ရန္ကုန္ျပည္သူ႔ေဆး႐ံုႀကီး၌ အ တြင္းလူနာအျဖစ္ တက္ေရာက္ကုသေနေၾကာင္း ရန္ကုန္တုိင္းေဒ သႀကီး ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ ဦးက ေျပာသည္။

‘‘ႏွစ္ဖက္ ရန္ျဖစ္တဲ့အထဲမွာ ေဆး႐ံုတက္ေနတဲ့ ႏွစ္ေယာက္က လြဲလို႔ က်န္တဲ့သူေတြကေတာ့ ထြက္ေျပးေနတယ္။ အမႈကိုေတာ့ စစ္ေဆးေနတုန္းပါ။ ဒီအထဲမွာ ပါတဲ့သူေတြ အကုန္လံုးကိုေတာ့ အမႈဖြင့္ အေရးယူထားပါတယ္။ ဘယ္လိုစျဖစ္တယ္ဆိုတာေတာ့ က်န္တဲ့သူေတြမိရင္ ေပၚမွာပါ’’ဟု ၎ကေျပာသည္။

အဆိုပါ လူငယ္မ်ားသည္ စက္တင္ဘာ ၄ ရက္ ညေန ၄ နာရီ တြင္ ကန္ေတာ္ႀကီးဥယ်ာဥ္၌ ဖြင့္လွစ္ထားသည့္ စားေသာက္ဆိုင္ ေရွ႕၌ တစ္ဖက္ႏွင့္တစ္ဖက္ ခိုက္ရန္ျဖစ္ပြားခဲ့ၿပီး အသက္(၁၉)ႏွစ္အရြယ္ ေဆာင္းဦးလိႈင္ႏွင့္ အသက္(၂၀)ႏွစ္အရြယ္ရွိ အဏၰဝါဆက္ထြန္းတို႔မွာ ျပတ္ရွဖူးေရာင္ ဒဏ္ရာမ်ားျဖင့္ ရန္ကုန္ျပည္သူ႔ ေဆး႐ံုႀကီးတြင္ တက္ေရာက္ကု သေနေၾကာင္း သိရသည္။

‘‘အမႈမွာပါတဲ့ သူေတြကို လုိက္ၿပီးဖမ္းဆီးေနပါတယ္။ က်န္တဲ့သူေတြကေတာ့ အခင္းျဖစ္ၿပီး ေနာက္ပိုင္း ထြက္ေျပးတိမ္းေရွာင္ ေနတယ္။ ႏွစ္ဖက္မိဘေတြက ေတာ့ အျပန္အလွန္ အမႈဖြင့္လို႔ စခန္းကေတာ့ လက္ခံေပးထားပါ တယ္။ ရန္ပြဲမွာ ပါဝင္တဲ့သူေတြကို လိုက္ၿပီး ရွာေနပါတယ္’’ဟု မဂၤ လာေတာင္ၫြန္႔ၿမိဳ႕မရဲစခန္းမွ ရဲ အရာရွိတစ္ဦးက ေျပာသည္။

ရန္ပြဲတြင္ပါဝင္ခဲ့သူ အဏၰ ဝါဆက္ထြန္း၊ ျပည့္ၿဖိဳးေအာင္ႏွင့္ စည္သူေအာင္တို႔ကို ရာဇသတ္ ႀကီးပုဒ္မ ၃၂၆/၁၁၄ ျဖင့္ အမႈဖြင့္ ထားၿပီး ေဆာင္းဦးလိႈင္၊ မင္းသူ ထိုက္၊ စည္သူေအာင္ႏွင့္ ျပည့္ၿဖိဳး ေအာင္တို႔ကို ရာဇသတ္ႀကီးပုဒ္မ ၃၂၅/၁၁၄ ျဖင့္ အမႈဖြင့္အေရးယူ ထားေၾကာင္း သိရသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
မင်္ဂလာတောင်ညွန့်မြို့ နယ် ကန်တော်ကြီးဥယျာဉ်အ တွင်း ဖွင့်လှစ်ထားသည့် FUN စားသောက်ဆိုင်အနီးတွင် စက်တင် ဘာ ၄ ရက်က လူငယ်များ ခိုက်ရန် ဖြစ်ပွား၍ နှစ်ဖက်အပြန်အလှန် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။


 ကန်တော်ကြီးဥယျာဉ်အ တွင်း ဖွင့်လှစ်ထားသည့် စား သောက်ဆိုင်အနီးတွင် လူငယ် အဖွဲ့နှစ်ဖွဲ့ စကားများရန်ဖြစ်ကာ တုတ်ဓားလက်နက်များ အသုံးပြု ခဲ့၍ လူငယ်နှစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ အ တွင်းလူနာအဖြစ် တက်ရောက်ကုသနေကြောင်း ရန်ကုန်တိုင်းဒေ သကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ် ဦးက ပြောသည်။

‘‘နှစ်ဖက် ရန်ဖြစ်တဲ့အထဲမှာ ဆေးရုံတက်နေတဲ့ နှစ်ယောက်က လွဲလို့ ကျန်တဲ့သူတွေကတော့ ထွက်ပြေးနေတယ်။ အမှုကိုတော့ စစ်ဆေးနေတုန်းပါ။ ဒီအထဲမှာ ပါတဲ့သူတွေ အကုန်လုံးကိုတော့ အမှုဖွင့် အရေးယူထားပါတယ်။ ဘယ်လိုစဖြစ်တယ်ဆိုတာတော့ ကျန်တဲ့သူတွေမိရင် ပေါ်မှာပါ’’ဟု ၎င်းကပြောသည်။

အဆိုပါ လူငယ်များသည် စက်တင်ဘာ ၄ ရက် ညနေ ၄ နာရီ တွင် ကန်တော်ကြီးဥယျာဉ်၌ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင် ရှေ့၌ တစ်ဖက်နှင့်တစ်ဖက် ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက်(၁၉)နှစ်အရွယ် ဆောင်းဦးလှိုင်နှင့် အသက်(၂၀)နှစ်အရွယ်ရှိ အဏ္ဏဝါဆက်ထွန်းတို့မှာ ပြတ်ရှဖူးရောင် ဒဏ်ရာများဖြင့် ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် တက်ရောက်ကု သနေကြောင်း သိရသည်။

‘‘အမှုမှာပါတဲ့ သူတွေကို လိုက်ပြီးဖမ်းဆီးနေပါတယ်။ ကျန်တဲ့သူတွေကတော့ အခင်းဖြစ်ပြီး နောက်ပိုင်း ထွက်ပြေးတိမ်းရှောင် နေတယ်။ နှစ်ဖက်မိဘတွေက တော့ အပြန်အလှန် အမှုဖွင့်လို့ စခန်းကတော့ လက်ခံပေးထားပါ တယ်။ ရန်ပွဲမှာ ပါဝင်တဲ့သူတွေကို လိုက်ပြီး ရှာနေပါတယ်’’ဟု မင်္ဂ လာတောင်ညွန့်မြို့မရဲစခန်းမှ ရဲ အရာရှိတစ်ဦးက ပြောသည်။

ရန်ပွဲတွင်ပါဝင်ခဲ့သူ အဏ္ဏ ဝါဆက်ထွန်း၊ ပြည့်ဖြိုးအောင်နှင့် စည်သူအောင်တို့ကို ရာဇသတ် ကြီးပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှုဖွင့် ထားပြီး ဆောင်းဦးလှိုင်၊ မင်းသူ ထိုက်၊ စည်သူအောင်နှင့် ပြည့်ဖြိုး အောင်တို့ကို ရာဇသတ်ကြီးပုဒ်မ ၃၂၅/၁၁၄ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top