Property Expo
×








Credit:Thit Htoo Lwin


#Unicode Version
မြန်မာနယ်စပ်အနီး ကော့စ်ဘဇားခရိုင် အိုကီယားမြို့နယ်တွင် အရပ်ဘက် ရဟတ်ယာဉ် တစ်စီး ပျက်ကျရာမှ တစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာ ရရှိသွားခဲ့သည်ဟု သိရသည်။

လူ ၅ ဦး လိုက်ပါလာသော ၎င်းရဟတ်ယာဉ်သည် သောကြာနေ့ နံနက် ၉ နာရီ ၃၀ က Ogilvy Bangladesh အေဂျင်စီ၏ ကြေငြာရိုက်နေစဉ် အိုကီးယားမြို့နယ် ပင်လယ်ကမ်းစပ် အနီးတွင် ပျက်ကျခဲ့သည်ဟု ဆိုသည်။


သေဆုံးသူမှာ ချာအလန် (၃၂) နှစ်ဖြစ်ပြီး ကော့စ်ဘဇားဆေးရုံသို့ ယူစဉ် လမ်းတွင် သေဆုံးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။ သူသည် Ogilvy Bangladesh အေဂျင်စီ၏ ငွေကြေးဘက်ဆိုင်ရာ အကြီးတန်း တာဝန်ရှိသူ တစ်ဦးဖြစ်ကြောင်း သိရသည်။

ယခု ရဟတ်ယာဉ်ပျက်ကျရာ အိုကီးယားမြို့နယ်သည် တက်ကနက်မြို့နှင့် ကော့စ်ဘဇားမြို့ အကြားတွင် တည်ရှိပြီး မြန်မာနိုင်ငံမှ မောင်တောမြို့ မြောက်ဘက်ခြမ်းနှင့် ထိစပ်တည်ရှိသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top