Property Expo
×

လူတိုင္း တစ္ေန႔ ဆံပင္ အေခ်ာင္း (၁၀၀) ေလာက္ ကၽြတ္တတ္သည္။ အထူးသျဖင့္ အမ်ဳိးသမီးမ်ားက ပိုကၽြတ္တတ္သည္။ ထို႔ထက္ပိုၿပီး အလြန္အကၽြံ ဆံပင္ကၽြတ္ေနလွ်င္မူ သတိထားသင့္သည္။ အမ်ဳိးသမီး ႀကီးငယ္မေရြး ဆံပင္ကၽြတ္တာ ႀကံဳၾကရသည္။

          တစ္ေန႔ ဆံပင္ အေခ်ာင္း (၁၀၀) ေလာက္ ကၽြတ္ျခင္းသည္ ပံုမွန္သာ ျဖစ္ေသာ္လည္း ထို႔ထက္ ပိုကၽြတ္လာလွ်င္မူ ေနာက္ကြယ္မွာ က်န္းမာေရး ျပႆနာ တစ္ခုခု ရွိေနျခင္းေၾကာင့္ ျဖစ္ႏုိင္သည္။ ကၽြမ္းက်င္ ဆရာ၀န္ႏွင့္ ျပသစစ္ေဆးမႈ ခံယူသင့္သည္။

          မ်ဳိး႐ိုးေၾကာင့္လည္း ဆံပင္ပိုကၽြတ္တတ္သူေတြ ရွိသည္။ စိတ္ဖိစီးလို႔ ဆံပင္ကၽြတ္ျခင္း၊ ကိုယ္၀န္ရလာျခင္းေၾကာင့္ ဆံပင္ကၽြတ္ျခင္း တို႔လည္း ရွိသည္။ မိမိေသာက္ေသာ ေဆးအာနိသင္ေၾကာင့္ ဆံပင္ကၽြတ္ျခင္းမ်ဳိးလည္း ရွိသည္။

           ကင္ဆာအတြက္ ဓာတ္ေရာင္ျခည္ ကုသနည္းမ်ားေၾကာင့္လည္း ဆံပင္ကၽြတ္ရသည္။ ေဒါသႀကီးျခင္း၊ စိတ္ႀကီးျခင္းသည္လည္း ဆံပင္ကၽြတ္ေစသည့္ အဓိက တစ္ခ်က္ျဖစ္သည္။ ဗီတာမင္ေအ လံုေလာက္စြာ မရျခင္းေၾကာင့္လည္း ဆံပင္ကၽြတ္ရသည္။

          အမ်ဳိးသမီးမ်ား ဆံပင္ကၽြတ္ရျခင္း (၉၀) ရာခိုင္ႏႈန္းသည္ မ်ဳိး႐ိုးလိုက္ျခင္းေၾကာင့္ဟုလည္း သုေတသီတို႔က ဆိုသည္။

ဘယ္လိုပံုစံမ်ဳိး

ဆံပင္ကၽြတ္သနည္း

          ၁။ ထိပ္ေျပာင္ေအာင္ ကၽြတ္ျခင္း။ နဖူးထိပ္ပိုင္းကေန ေခါင္းအလယ္ေလာက္ထိ ဆံပင္ေတြ ပိုကၽြတ္သျဖင့္ နဖူးျပင္က်ယ္လာကာ အေရွ႕ပိုင္းတြင္ ဆံပင္အံု ပါးတတ္သည္။ ဦးေခါင္း ေနာက္ပိုင္းျခမ္းတြင္မူ ဆံပင္သည္ ပံုမွန္အတိုင္း သန္ေနကာ အံုထူေနတတ္သည္။ အသက္ ၅၀ ေက်ာ္ အမ်ဳိးသမီး သံုးပံု တစ္ပံုေလာက္ထိ ထိုျပႆနာမ်ဳိး ႀကံဳရတတ္သည္။

          ၂။ ခႏၶာခုခံအားစနစ္ လြဲမွားစြာ တံု႔ျပန္ျခင္းေၾကာင့္လည္း နဖူးစပ္နားတြင္ ဆံပင္ပါးလ်ားျခင္း၊ ေပါက္ေနၿပီးသားမ်ား ျမန္ျမန္ကၽြတ္ထြက္ျခင္းမ်ဳိး ျဖစ္ပြားရတတ္သည္။ ခုခံအားစနစ္ လြဲမွားျခင္းေၾကာင့္ ဆံပင္ကၽြတ္သူမ်ဳိးက စုစုေပါင္း အမ်ဳိးသမီးထု၏ (၂) ရာခိုင္ႏႈန္းခန္႔ ရွိသည္။ ကိစၥအေတာ္မ်ားမ်ားတြင္ ေနာက္ပိုင္း၌ ဆံပင္ ျပန္ေပါက္လာတတ္သည္။

          ၃။ တစ္ေခါင္းလံုးအႏွံ႔ ဆံပင္ကၽြတ္ျခင္းမ်ဳိးလည္း ျဖစ္ပြားတတ္သည္။ ထိုသို႔ ႀကံဳေနရသူကို အၿမဲလိုလို ဆံပင္အံုပါးသူအျဖစ္ ျမင္ရမည္။

          ၄။ ဆံပင္ကို ေနာက္လွန္ ၿဖီးလြန္းျခင္း၊ က်စ္ဆံျမည္းက်စ္ေန တင္းရင္းေနေအာင္ က်စ္လြန္းျခင္း၊ ဆံပင္ကို အလြန္အမင္း စုသိမ္းဆြဲခ်ည္ထားျခင္း တို႔သည္လည္း လူသားပေယာဂေၾကာင့္ ဆံပင္ကၽြတ္ရသည့္ အဓိက အေၾကာင္းရင္း ျဖစ္သည္။

ဘာလုပ္သင့္လဲ

          မိမိက ဂ႐ုတစိုက္ ေနထိုင္သည့္တိုင္ ဆံပင္က ပံုမွန္ထက္ ပိုကၽြတ္ေနေသးသည္ဆိုလွ်င္ ကၽြမ္းက်င္ ဆရာ၀န္ထံ သြားေရာက္ျပသသင့္သည္။ အေထြေထြ ဆရာ၀န္ သို႔မဟုတ္ အေရျပား ဆရာ၀န္ႏွင့္ ျပသသင့္သည္။ ေနာက္ကြယ္က က်န္းမာေရး ျပႆနာ တစ္ခုခုေၾကာင့္ ဆံပင္ကၽြတ္ရသည္ ဆိုပါက သက္ဆိုင္ရာ ျပႆနာကို ကုစားျခင္းျဖင့္ ဆံပင္ကၽြတ္သည့္ကိစၥေျပလည္ႏိုင္သည္။

           ဆံပင္အစားထိုးစိုက္ျခင္း၊ ဆံပင္သန္ေဆး သံုးစြဲျခင္းျဖင့္လည္း ဆံပင္အံု ျပန္ေကာင္းလာေအာင္ ေမြးျမဴႏိုင္သည္။ ဆံပင္ကၽြတ္ျခင္းက စိတ္ပ်က္စရာ။ သို႔ေသာ္ ေဆးသိပၸံပညာကလည္း ဆက္တိုက္ တိုးတက္လာေနသည္ ျဖစ္ရာ ျပႆနာကို ကိုင္တြယ္ဖို႔ ရင္းျမစ္အမ်ားအျပားလည္း လူသားတို႔ ပိုင္ဆိုင္လာၿပီမို႔ တစ္ဖက္က ျပန္ေတြးၾကည့္လွ်င္ အားတက္ဖြယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Messenger

Unicode Version

လူတိုင်း တစ်နေ့ ဆံပင် အချောင်း (၁၀၀) လောက် ကျွတ်တတ်သည်။ အထူးသဖြင့် အမျိုးသမီးများက ပိုကျွတ်တတ်သည်။ ထို့ထက်ပိုပြီး အလွန်အကျွံ ဆံပင်ကျွတ်နေလျှင်မူ သတိထားသင့်သည်။ အမျိုးသမီး ကြီးငယ်မရွေး ဆံပင်ကျွတ်တာ ကြုံကြရသည်။

          တစ်နေ့ ဆံပင် အချောင်း (၁၀၀) လောက် ကျွတ်ခြင်းသည် ပုံမှန်သာ ဖြစ်သော်လည်း ထို့ထက် ပိုကျွတ်လာလျှင်မူ နောက်ကွယ်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေခြင်းကြောင့် ဖြစ်နိုင်သည်။ ကျွမ်းကျင် ဆရာဝန်နှင့် ပြသစစ်ဆေးမှု ခံယူသင့်သည်။

          မျိုးရိုးကြောင့်လည်း ဆံပင်ပိုကျွတ်တတ်သူတွေ ရှိသည်။ စိတ်ဖိစီးလို့ ဆံပင်ကျွတ်ခြင်း၊ ကိုယ်ဝန်ရလာခြင်းကြောင့် ဆံပင်ကျွတ်ခြင်း တို့လည်း ရှိသည်။ မိမိသောက်သော ဆေးအာနိသင်ကြောင့် ဆံပင်ကျွတ်ခြင်းမျိုးလည်း ရှိသည်။

           ကင်ဆာအတွက် ဓာတ်ရောင်ခြည် ကုသနည်းများကြောင့်လည်း ဆံပင်ကျွတ်ရသည်။ ဒေါသကြီးခြင်း၊ စိတ်ကြီးခြင်းသည်လည်း ဆံပင်ကျွတ်စေသည့် အဓိက တစ်ချက်ဖြစ်သည်။ ဗီတာမင်အေ လုံလောက်စွာ မရခြင်းကြောင့်လည်း ဆံပင်ကျွတ်ရသည်။

          အမျိုးသမီးများ ဆံပင်ကျွတ်ရခြင်း (၉၀) ရာခိုင်နှုန်းသည် မျိုးရိုးလိုက်ခြင်းကြောင့်ဟုလည်း သုတေသီတို့က ဆိုသည်။

ဘယ်လိုပုံစံမျိုး

ဆံပင်ကျွတ်သနည်း

          ၁။ ထိပ်ပြောင်အောင် ကျွတ်ခြင်း။ နဖူးထိပ်ပိုင်းကနေ ခေါင်းအလယ်လောက်ထိ ဆံပင်တွေ ပိုကျွတ်သဖြင့် နဖူးပြင်ကျယ်လာကာ အရှေ့ပိုင်းတွင် ဆံပင်အုံ ပါးတတ်သည်။ ဦးခေါင်း နောက်ပိုင်းခြမ်းတွင်မူ ဆံပင်သည် ပုံမှန်အတိုင်း သန်နေကာ အုံထူနေတတ်သည်။ အသက် ၅၀ ကျော် အမျိုးသမီး သုံးပုံ တစ်ပုံလောက်ထိ ထိုပြဿနာမျိုး ကြုံရတတ်သည်။

          ၂။ ခန္ဓာခုခံအားစနစ် လွဲမှားစွာ တုံ့ပြန်ခြင်းကြောင့်လည်း နဖူးစပ်နားတွင် ဆံပင်ပါးလျားခြင်း၊ ပေါက်နေပြီးသားများ မြန်မြန်ကျွတ်ထွက်ခြင်းမျိုး ဖြစ်ပွားရတတ်သည်။ ခုခံအားစနစ် လွဲမှားခြင်းကြောင့် ဆံပင်ကျွတ်သူမျိုးက စုစုပေါင်း အမျိုးသမီးထု၏ (၂) ရာခိုင်နှုန်းခန့် ရှိသည်။ ကိစ္စအတော်များများတွင် နောက်ပိုင်း၌ ဆံပင် ပြန်ပေါက်လာတတ်သည်။

          ၃။ တစ်ခေါင်းလုံးအနှံ့ ဆံပင်ကျွတ်ခြင်းမျိုးလည်း ဖြစ်ပွားတတ်သည်။ ထိုသို့ ကြုံနေရသူကို အမြဲလိုလို ဆံပင်အုံပါးသူအဖြစ် မြင်ရမည်။

          ၄။ ဆံပင်ကို နောက်လှန် ဖြီးလွန်းခြင်း၊ ကျစ်ဆံမြည်းကျစ်နေ တင်းရင်းနေအောင် ကျစ်လွန်းခြင်း၊ ဆံပင်ကို အလွန်အမင်း စုသိမ်းဆွဲချည်ထားခြင်း တို့သည်လည်း လူသားပယောဂကြောင့် ဆံပင်ကျွတ်ရသည့် အဓိက အကြောင်းရင်း ဖြစ်သည်။

ဘာလုပ်သင့်လဲ

          မိမိက ဂရုတစိုက် နေထိုင်သည့်တိုင် ဆံပင်က ပုံမှန်ထက် ပိုကျွတ်နေသေးသည်ဆိုလျှင် ကျွမ်းကျင် ဆရာဝန်ထံ သွားရောက်ပြသသင့်သည်။ အထွေထွေ ဆရာဝန် သို့မဟုတ် အရေပြား ဆရာဝန်နှင့် ပြသသင့်သည်။ နောက်ကွယ်က ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆံပင်ကျွတ်ရသည် ဆိုပါက သက်ဆိုင်ရာ ပြဿနာကို ကုစားခြင်းဖြင့် ဆံပင်ကျွတ်သည့်ကိစ္စပြေလည်နိုင်သည်။

           ဆံပင်အစားထိုးစိုက်ခြင်း၊ ဆံပင်သန်ဆေး သုံးစွဲခြင်းဖြင့်လည်း ဆံပင်အုံ ပြန်ကောင်းလာအောင် မွေးမြူနိုင်သည်။ ဆံပင်ကျွတ်ခြင်းက စိတ်ပျက်စရာ။ သို့သော် ဆေးသိပ္ပံပညာကလည်း ဆက်တိုက် တိုးတက်လာနေသည် ဖြစ်ရာ ပြဿနာကို ကိုင်တွယ်ဖို့ ရင်းမြစ်အများအပြားလည်း လူသားတို့ ပိုင်ဆိုင်လာပြီမို့ တစ်ဖက်က ပြန်တွေးကြည့်လျှင် အားတက်ဖွယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Messenger


 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top