Kantharyar Centre
×

ဇီရာေစ့ေတြဟာ ဟင္းခတ္ အေမႊးအႀကိဳင္လည္းျဖစ္၊ ေဆး ဖက္လည္းဝင္ေပမယ့္ တန္ေဆး လြန္ေဘးဆိုသလို ေဘးထြက္ဆိုး က်ဳိးေတြလည္း ရွိတာမို႔ ဘာေတြ ျဖစ္တတ္တယ္ဆိုတာ မွ်ေဝေပး ခ်င္ပါတယ္။

ရင္ပူရင္ဆာျဖစ္ျခင္း - ဇီရာေစ့ေတြက ေလေၾကေစတယ္ ဆိုေပမယ့္လည္း ရင္ပူရင္ဆာျဖစ္ တတ္တယ္ဆိုတာ သတိထားဖို႔ လိုပါတယ္။

ေလတက္ျခင္း - ဗိုက္ႀကီးပြၿပီး တစ္ခ်ိန္လံုး ေလတက္ေနတာမ်ဳိး ျဖစ္ေစတတ္သလို ခံတြင္းနံ႔ဆိုး ဆုိးနဲ႔ ေလတက္ေစတတ္ပါတယ္။

အသည္းပ်က္စီးေစျခင္း - ဇီရာ ေစ့ပမာဏမ်ားမ်ားကို အခ်ိန္ၾကာ ဆက္တိုက္စားမိတယ္ဆုိရင္ အသည္းနဲ႔ ေက်ာက္ကပ္ကို ပ်က္ စီးေစတတ္တယ္လို႔ ဆုိပါတယ္။

ကိုယ္ဝန္ကိုထိခိုက္ေစႏိုင္ျခင္း - ကိုယ္ဝန္ေဆာင္အမ်ဳိးသမီးေတြ အေနနဲ႔ ဇီရာေစ့ေတြ အမ်ားႀကီး စားတာမ်ဳိး ေရွာင္ဖို႔လိုပါတယ္။ ကိုယ္ဝန္ကို ပ်က္စီးေစႏိုင္သလို လမေစ့ခင္ ေမြးဖြားတာမ်ဳိးေတြ ႀကံဳရတတ္ပါတယ္။

မူးယစ္ေစျခင္း - ဇီရာေစ့ကို အခ်ိန္ၾကာၾကာစြဲၿပီး စားတယ္ ဆုိရင္ မူးယစ္ေဆးစြဲသလို ျဖစ္ေစႏိုင္ၿပီး ေလးလံထုိင္းမိႈင္း၊ ငိုက္မ်ဥ္းၿပီး မူးေဝေအာ့အန္တာေတြ လည္း ျဖစ္တတ္ပါတယ္။

ဓမၼတာအလာမ်ားေစျခင္း - အမ်ဳိးသမီးေတြ သတိခ်ပ္စရာတစ္ခုက ဇီရာေစ့ဟာ ဓမၼတာအလာမ်ားေစ တတ္တယ္ဆိုတာပါပဲ။

ေသြးတြင္းသၾကားဓာတ္ ေလ်ာ့ နည္းေစျခင္း - ခြဲစိတ္ကုသမႈေတြ ျပဳလုပ္ရာမွာ လံုေလာက္တဲ့ ေသြး တြင္းသၾကားဓာတ္ပမာဏရွိဖုိ႔ လို အပ္တာေၾကာင့္ ခြဲစိတ္ကုသဖို႔ရွိ တယ္ဆိုရင္ ဇီရာေစ့မစားတာ အေကာင္းဆံုးပါပဲ။ ေနာက္ၿပီး ဆီးခ်ဳိေရာဂါရွင္ေတြဆိုိရင္လည္း ေသြးတြင္းသၾကားဓာတ္ ပံုမွန္ ထိန္းထားဖို႔ လိုအပ္တာေၾကာင့္ ဆီးခ်ဳိသမားေတြ ဇီရာေစ့ေရွာင္ဖို႔ လိုပါတယ္။

ဓာတ္မတည့္ေစျခင္း - ဇီရာေစ့ ဟာ အဖုအပိမ့္၊ အနီကြက္ေတြ ထတတ္သလို အေရျပားဓာတ္ မတည့္တာေတြလည္း ျဖစ္တတ္ တာေၾကာင့္ ထိခိုက္လြယ္တဲ့ အေရျပားပိုင္ရွင္ေတြဆိုရင္ ဇီရာ ေစ့ကို ခ်င့္ခ်င့္ခ်ိန္ခ်ိန္ စားဖို႔လိုပါ တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

ဇီရာစေ့တွေဟာ ဟင်းခတ် အမွှေးအကြိုင်လည်းဖြစ်၊ ဆေး ဖက်လည်းဝင်ပေမယ့် တန်ဆေး လွန်ဘေးဆိုသလို ဘေးထွက်ဆိုး ကျိုးတွေလည်း ရှိတာမို့ ဘာတွေ ဖြစ်တတ်တယ်ဆိုတာ မျှဝေပေး ချင်ပါတယ်။

ရင်ပူရင်ဆာဖြစ်ခြင်း - ဇီရာစေ့တွေက လေကြေစေတယ် ဆိုပေမယ့်လည်း ရင်ပူရင်ဆာဖြစ် တတ်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်။

လေတက်ခြင်း - ဗိုက်ကြီးပွပြီး တစ်ချိန်လုံး လေတက်နေတာမျိုး ဖြစ်စေတတ်သလို ခံတွင်းနံ့ဆိုး ဆိုးနဲ့ လေတက်စေတတ်ပါတယ်။

အသည်းပျက်စီးစေခြင်း - ဇီရာ စေ့ပမာဏများများကို အချိန်ကြာ ဆက်တိုက်စားမိတယ်ဆိုရင် အသည်းနဲ့ ကျောက်ကပ်ကို ပျက် စီးစေတတ်တယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ကိုထိခိုက်စေနိုင်ခြင်း - ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အနေနဲ့ ဇီရာစေ့တွေ အများကြီး စားတာမျိုး ရှောင်ဖို့လိုပါတယ်။ ကိုယ်ဝန်ကို ပျက်စီးစေနိုင်သလို လမစေ့ခင် မွေးဖွားတာမျိုးတွေ ကြုံရတတ်ပါတယ်။

မူးယစ်စေခြင်း - ဇီရာစေ့ကို အချိန်ကြာကြာစွဲပြီး စားတယ် ဆိုရင် မူးယစ်ဆေးစွဲသလို ဖြစ်စေနိုင်ပြီး လေးလံထိုင်းမှိုင်း၊ ငိုက်မျဉ်းပြီး မူးဝေအော့အန်တာတွေ လည်း ဖြစ်တတ်ပါတယ်။

ဓမ္မတာအလာများစေခြင်း - အမျိုးသမီးတွေ သတိချပ်စရာတစ်ခုက ဇီရာစေ့ဟာ ဓမ္မတာအလာများစေ တတ်တယ်ဆိုတာပါပဲ။

သွေးတွင်းသကြားဓာတ် လျော့ နည်းစေခြင်း - ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရာမှာ လုံလောက်တဲ့ သွေး တွင်းသကြားဓာတ်ပမာဏရှိဖို့ လို အပ်တာကြောင့် ခွဲစိတ်ကုသဖို့ရှိ တယ်ဆိုရင် ဇီရာစေ့မစားတာ အကောင်းဆုံးပါပဲ။ နောက်ပြီး ဆီးချိုရောဂါရှင်တွေဆိုရင်လည်း သွေးတွင်းသကြားဓာတ် ပုံမှန် ထိန်းထားဖို့ လိုအပ်တာကြောင့် ဆီးချိုသမားတွေ ဇီရာစေ့ရှောင်ဖို့ လိုပါတယ်။

ဓာတ်မတည့်စေခြင်း - ဇီရာစေ့ ဟာ အဖုအပိမ့်၊ အနီကွက်တွေ ထတတ်သလို အရေပြားဓာတ် မတည့်တာတွေလည်း ဖြစ်တတ် တာကြောင့် ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေဆိုရင် ဇီရာ စေ့ကို ချင့်ချင့်ချိန်ချိန် စားဖို့လိုပါ တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top