Kantharyar Centre
×

မင္းဘူး စက္တင္ဘာ ၁

မင္းဘူးၿမိဳ႕၌ စက္တင္ဘာ ၁ ရက္ မြန္းလြဲ ပိုင္းက ဘဏ္သို႔ ေငြက်ပ္တစ္ေသာင္းတန္ အတု လာေရာက္လႊဲအပ္သူ အမ်ိဳးသား တစ္ဦးအား ဖမ္းဆီးအေရးယူထား ေၾကာင္း မင္းဘူးၿမိဳ႕မရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၁ ရက္ မြန္းလြဲ ၂ နာရီက မင္းဘူးၿမိဳ႕ အမွတ္ (၄) ရပ္ကြက္ရွိ ကေမာၻဇဘဏ္ ဘဏ္မန္ေနဂ်ာ ဦးေက်ာ္ခိုင္က လူတစ္ဦး ေငြစကၠဴ အတုဟု ယူဆရေသာ ေငြက်ပ္ တစ္ေသာင္းတန္ အရြက္ ၄ဝ အား ေငြလႊဲအပ္မႈ ျပဳလုပ္ေနေၾကာင္း ဖုန္းျဖင့္ အေၾကာင္းၾကားခ်က္အရ မင္းဘူးၿမိဳ႕မ ရဲစခန္းမွဴး ရဲအုပ္ခိုင္လင္း၊ နယ္ထိန္း ေခါင္းေဆာင္ ရဲအုပ္မိုးေက်ာ္ဟိန္းတုိ႔ ပါဝင္ေသာ တပ္ဖြဲ႔ဝင္မ်ား သြားေရာက္ စစ္ေဆးခဲ့ရာ နီဝင္း(ခ) ဖိုးနီ (၃၃ ႏွစ္) ေရပုတ္ေက်းရြာ မင္းဘူး ၿမိဳ႕နယ္ေနသူအား ေတြ႔ရွိခဲ့ၿပီး သက္ေသမ်ားေရွ႕တြင္ ရွာေဖြစစ္ေဆးခဲ့ရာ ၎လြယ္ထားသည့္ လြယ္အိတ္အတြင္းမွ ေငြစကၠဴအတုဟု ယူဆရေသာ ေငြက်ပ္ တစ္ေသာင္းတန္ ၅၉ ရြက္ႏွင့္အတူ ေမာင္နီဝင္းအမည္ပါ ႏိုင္ငံသား စိစစ္ေရးကတ္ တစ္ခုတို႔အား ေတြ႕ရွိ သိမ္းဆည္းရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။


ယင္းသိမ္းဆည္း ရမိခဲ့မႈႏွင့္ ပတ္သက္၍ ေငြစကၠဴအတုဟု ယူဆရေသာ ေငြက်ပ္တစ္ေသာင္းတန္ ၅၉ ရြက္အား ေငြလႊဲအပ္ရန္ ျပဳလုပ္သူ နီဝင္း(ခ) ဖိုးနီအား အေရးယူေပးရန္ ရဲအုပ္ မိုးေက်ာ္ဟိန္းက တရားလို ျပဳတုိင္ၾကားခဲ့ေသာေၾကာင့္ မင္းဘူးၿမိဳ႕မရဲစခန္း က အမႈဖြင့္ စစ္ေဆးလ်က္ ရွိေၾကာင္း သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:MOI Webportal Myanmar

#Unicode Version
မင်းဘူး စက်တင်ဘာ ၁

မင်းဘူးမြို့၌ စက်တင်ဘာ ၁ ရက် မွန်းလွဲ ပိုင်းက ဘဏ်သို့ ငွေကျပ်တစ်သောင်းတန် အတု လာရောက်လွှဲအပ်သူ အမျိုးသား တစ်ဦးအား ဖမ်းဆီးအရေးယူထား ကြောင်း မင်းဘူးမြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မင်းဘူးမြို့ အမှတ် (၄) ရပ်ကွက်ရှိ ကမ္ဘောဇဘဏ် ဘဏ်မန်နေဂျာ ဦးကျော်ခိုင်က လူတစ်ဦး ငွေစက္ကူ အတုဟု ယူဆရသော ငွေကျပ် တစ်သောင်းတန် အရွက် ၄ဝ အား ငွေလွှဲအပ်မှု ပြုလုပ်နေကြောင်း ဖုန်းဖြင့် အကြောင်းကြားချက်အရ မင်းဘူးမြို့မ ရဲစခန်းမှူး ရဲအုပ်ခိုင်လင်း၊ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်မိုးကျော်ဟိန်းတို့ ပါဝင်သော တပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ နီဝင်း(ခ) ဖိုးနီ (၃၃ နှစ်) ရေပုတ်ကျေးရွာ မင်းဘူး မြို့နယ်နေသူအား တွေ့ရှိခဲ့ပြီး သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးခဲ့ရာ ၎င်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ငွေစက္ကူအတုဟု ယူဆရသော ငွေကျပ် တစ်သောင်းတန် ၅၉ ရွက်နှင့်အတူ မောင်နီဝင်းအမည်ပါ နိုင်ငံသား စိစစ်ရေးကတ် တစ်ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


ယင်းသိမ်းဆည်း ရမိခဲ့မှုနှင့် ပတ်သက်၍ ငွေစက္ကူအတုဟု ယူဆရသော ငွေကျပ်တစ်သောင်းတန် ၅၉ ရွက်အား ငွေလွှဲအပ်ရန် ပြုလုပ်သူ နီဝင်း(ခ) ဖိုးနီအား အရေးယူပေးရန် ရဲအုပ် မိုးကျော်ဟိန်းက တရားလို ပြုတိုင်ကြားခဲ့သောကြောင့် မင်းဘူးမြို့မရဲစခန်း က အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:MOI Webportal Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top