Property Expo
×

ေရႊဝါေရာင္ေတာ္လွန္ေရး ကာလအ တြင္း ၂၀၀၇ စက္တင္ဘာ ၂၃ ရက္က ရန္ကုန္ၿမိဳ႕လယ္၌ ၿငိမ္းခ်မ္းစြာ ေမတၱာပို႔ လမ္းေလွ်ာက္ေနေသာ သံဃာေတာ္ မ်ားႏွင့္ ျပည္သူမ်ား (ဓာတ္ပံု − အီးပီေအ)

အၿငိမ္းစား ဗိုလ္ခ်ဳပ္မွဴး ႀကီးဦးသန္းေရႊ ဦးေဆာင္ေသာ စစ္အစိုးရအဖြဲ႕ကို ေရႊဝါေရာင္ သံဃာေတာ္မ်ားက ပတၱနိကၠဳဇၨန ကမၼဝါဖတ္ၿပီး သပိတ္ေမွာက္ထား ေသာေၾကာင့္ ကပ္ႀကီးသံုးပါး၊ ရန္ သူမ်ိဳးငါးပါးႏွင့္ မႀကံဳရေစေရး သံဃာေတာ္မ်ားေရွ႕တြင္ ဝန္ခ် ေတာင္းပန္ရန္ အခ်ိန္က်ေရာက္ ၿပီျဖစ္ေၾကာင္း ေရႊဝါေရာင္ေတာ္ လွန္ေရး ဦးေဆာင္ဆရာေတာ္ တစ္ပါးျဖစ္သူ ေရႊေတာင္ေက်ာင္း တိုက္ဆရာေတာ္ ဦးပ႑ဝံသက မိန္႔ၾကားလုိက္သည္။

၂၀၀၇ ေရႊဝါေရာင္ေတာ္ လွန္ေရးတြင္ သံဃာေတာ္မ်ား အား သတ္ျဖတ္ႏွိပ္စက္မႈေၾကာင့္ ေရႊဝါေရာင္သံဃာေတာ္မ်ားက ဦးသန္းေရႊဦးေဆာင္ေသာ စစ္အစိုးရအဖြဲ႕ကို ပတၱနိကၠဳဇၨနကမၼဝါဖတ္ၿပီး သပိတ္ေမွာက္မႈ ျပဳလုပ္ထားရာ အဆိုပါသပိတ္ေမွာက္ထားမႈကို ယခုအခ်ိန္ထိ မလွန္ရေသး၍ က်ဴးလြန္သည့္ ေခါင္းေဆာင္မ်ားက သံဃာေတာ္မ်ား ေရွ႕တြင္ ေတာင္းပန္ၿပီး ပတၱဳကၠဳဇၨန ကမၼဝါဖတ္ကာ ေမွာက္ထားသည့္ သပိတ္ကို ျပန္လွန္ရမည္ျဖစ္ေၾကာင္း ဆရာေတာ္ ဦးပ႑ဝံသက မိန္႔ၾကားသည္။

‘‘ဒီေရႊဝါေရာင္ ေတာ္လွန္ ေရးမွာ သံဃာေတာ္ေတြက ႐ိုး႐ိုး ေမတၱာပို႔တာတင္မဟုတ္ဘဲနဲ႔ သံ ဃာေတြကို သတ္ျဖတ္တဲ့ပုဂၢိဳလ္ ေတြကို စစ္အစိုးရ ဆိုၿပီးေတာ့ ေခါင္းစဥ္တပ္ၿပီးေတာ့ ကမၼဝါ ၇၅ ခန္းထဲက ပတၱနိကၠဳဇၨနကမၼဝါ ဖတ္ၿပီးေတာ့ သပိတ္ေမွာက္တာ တစ္ခုရွိတယ္။ အဲဒီအခန္းက႑ ဟာ ျမန္မာႏိုင္ငံမွာေတာ့ ခံုေတာ္ ေမာင္က်ပန္းတို႔ ဗိႆႏိုးေခတ္ က ေမွာက္ဖူးတယ္ေပါ့ေနာ္။ ဘု ရားရွင္လက္ထက္ကေတာ့ ဘုရား ရွင္က ဒီလုိလုပ္ရင္ ဒီလိုသပိတ္ ေမွာက္ႏိုင္တယ္ဆိုတဲ့ ခြင့္ျပဳထား တဲ့ ပတၱနိကၠဳဇၨနကံဟာ ၁၉၉၀ မွာ တစ္ႀကိမ္ လက္နက္ကိုင္စစ္အစိုး ရကို၊ေစာေမာင္စစ္အစိုးရကို ကမၼဝါဖတ္ၿပီး သံဃာေတြက သပိတ္ ေမွာက္ဖူးတယ္။ ၂၀၀၇ မွာလည္း ပဲ စစ္အစိုးရ သန္းေရႊအစိုးရအ ေပၚမွာ ေရႊဝါေရာင္သံဃာေတာ္ ေတြက ပတၱနိကၠဳဇၨနကံဆိုတဲ့ ကမၼ ဝါေမွာက္ခဲ့ဖူးတယ္။ အဲဒီကမၼဝါ ေတြဟာ ဒီအခ်ိန္ထိ ႏိုင္ငံေတာ္ သံဃနာယက ဆရာေတာ္ႀကီး ေတြကေရာ ျမန္မာႏုိင္ငံမွာရွိေန တဲ့ သံဃာေတာ္ဆရာေတာ္ေတြ ရဲ႕ ေရွ႕ေမွာက္မွာေရာ တစ္ႀကိမ္ တစ္ခါမွ ျပန္လာၿပီးေတာ့ လွန္တဲ့ ပတၱဳကၠဳဇၨနကံဆိုတဲ့ ကမၼဝါကို ဖတ္႐ႈထားျခင္း မရွိေသးဘူး’’ ဟု ဆရာေတာ္ ဦးပ႑ဝံသက မိန္႔ ၾကားသည္။

‘‘တကယ္ဆိုလို႔ရွိရင္ အဲဒါ ကာယကံရွင္ကိုယ္တိုင္က ဝန္ခ် ေတာင္းပန္ၿပီး ဆရာေတာ္ေတြ၊ သံဃာေတာ္ေတြကို ျပန္လည္ ေလွ်ာက္ထားၿပီးေတာ့ သည္းခံ ေတာ္မူပါဘုရားလို႔ ေလွ်ာက္ထား လိုက္တဲ့အခါက်မွ သံဃာေတာ္ ေတြက ေလွ်ာက္ထားေတာင္းပန္ မွသာလွ်င္ သပိတ္ျပန္လွန္တဲ့ ကမၼဝါကို ဖတ္ရမွာျဖစ္ပါတယ္။ ေမးစရာေတာ့ ရွိတာေပါ့။ ဒီလုိ မ်ိဳး ကမၼဝါဖတ္ၿပီး သပိတ္ေမွာက္ ထားတဲ့အခါက်ေတာ့ တပည့္ ေတာ္တို႔တုိင္းျပည္ကို ဘယ္လိုဆိုး က်ိဳးေတြ၊ ေကာင္းက်ိဳးေတြ ျဖစ္ ေစလဲဆိုေတာ့ စာေပေတြထဲမွာ ေတာ့ ဒီပတၱနိကၠဳဇၨနကံေဆာင္ ျခင္းအမႈကို ေဆာင္ရြက္ခံရတဲ့သူ ေတြအေနနဲ႔ေတာ့ ကပ္ႀကီးသံုးပါး နဲ႔ ႀကံဳရတယ္။ ရန္သူငါးပါးနဲ႔ႀကံဳ ရတယ္လို႔ေတာ့ စာေတြမွာေတာ့ အဆိုရွိတယ္ေပါ့ေနာ္။ ဒီအခ်ိန္မွာ ေတာ့ ေမွာက္ထားတဲ့ သပိတ္ေလးကို ျပန္လွန္ဖို႔ အခ်ိန္ေရာက္ၿပီလို႔ ေျပာခ်င္တယ္’’ဟု ဆရာေတာ္က ဆက္လက္မိန္႔ၾကားသည္။

ပတၱနိကၠဳဇၨနကံေဆာင္ျခင္း ခံရေသာ သူမ်ားကို ရဟန္းသံဃာ ေတာ္မ်ားက တရားေဟာေျပာမႈ မ်ားမျပဳလုပ္ရျခင္း၊ ၎တို႔ထံမွ ပစၥည္းမ်ားအလွဴမခံရျခင္းစသည္ တို႔ျဖစ္ေၾကာင္း ဆရာေတာ္က မိန္႔ၾကားသည္။

ကုန္ေစ်းႏႈန္းမ်ားျမင့္တက္ လာမႈ၊ စက္သံုးဆီေစ်းႏႈန္းမ်ား ျမင့္တက္လာျခင္း၊ ျပည္သူမ်ား အေထြေထြက်ပ္တည္းမႈမ်ားေၾကာင့္ ၿငိမ္းခ်မ္းစြာ ေမတၱာပို႔ေသာ ပခုကၠဴမွ သံဃာေတာ္အခ်ိဳ႕ကို လုံၿခဳံေရးတပ္ဖြဲ႕၀င္မ်ားက ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ၿပီး မေတာင္းပန္ျခင္းစသည္တို႔ေၾကာင့္ ၂၀၀၇ စက္တင္ဘာ ၁၈ ရက္တြင္ ရန္ကုန္ၿမိဳ႕ရွိ သံဃာေတာ္မ်ားကဦးေဆာင္ ကာ ေရႊတိဂံုေစတီမွ ဆူးေလေစတီအထိ ေမတၱသုတ္ရြတ္ဆို၍ လမ္းေလွ်ာက္ ဆႏၵထုတ္ေဖာ္ခဲ့ၾကၿပီး ရွစ္ရက္ေျမာက္ေန႔တြင္ တပ္မေတာ္အစိုးရက အၾကမ္းဖက္ၿဖိဳခြင္းခဲ့သည္။

ေရႊဝါေရာင္ေတာ္လွန္ေရး (၉)ႏွစ္ျပည့္ အထိမ္းအမွတ္အျဖစ္ စက္တင္ဘာ ၁၈ ရက္တြင္ ၂၀၀၇ ေရႊဝါေရာင္ေတာ္လွန္ေရး၌ ပါဝင္ခဲ့သည့္ သံဃာေတာ္မ်ား၊ ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူမ်ားႏွင့္ ဗကသႏွင့္ တကသေက်ာင္းသားမ်ား၊ ဝန္းရံျပည္သူမ်ားက ၿငိမ္းခ်မ္းေရး ဆုေတာင္းပြဲ ျပဳလုပ္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ရွှေဝါရောင်တော်လှန်ရေး ကာလအ တွင်း ၂၀၀၇ စက်တင်ဘာ ၂၃ ရက်က ရန်ကုန်မြို့လယ်၌ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်နေသော သံဃာတော် များနှင့် ပြည်သူများ (ဓာတ်ပုံ − အီးပီအေ)

အငြိမ်းစား ဗိုလ်ချုပ်မှူး ကြီးဦးသန်းရွှေ ဦးဆောင်သော စစ်အစိုးရအဖွဲ့ကို ရွှေဝါရောင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကမ္မဝါဖတ်ပြီး သပိတ်မှောက်ထား သောကြောင့် ကပ်ကြီးသုံးပါး၊ ရန် သူမျိုးငါးပါးနှင့် မကြုံရစေရေး သံဃာတော်များရှေ့တွင် ဝန်ချ တောင်းပန်ရန် အချိန်ကျရောက် ပြီဖြစ်ကြောင်း ရွှေဝါရောင်တော် လှန်ရေး ဦးဆောင်ဆရာတော် တစ်ပါးဖြစ်သူ ရွှေတောင်ကျောင်း တိုက်ဆရာတော် ဦးပဏ္ဍဝံသက မိန့်ကြားလိုက်သည်။

၂၀၀၇ ရွှေဝါရောင်တော် လှန်ရေးတွင် သံဃာတော်များ အား သတ်ဖြတ်နှိပ်စက်မှုကြောင့် ရွှေဝါရောင်သံဃာတော်များက ဦးသန်းရွှေဦးဆောင်သော စစ်အစိုးရအဖွဲ့ကို ပတ္တနိက္ကုဇ္ဇနကမ္မဝါဖတ်ပြီး သပိတ်မှောက်မှု ပြုလုပ်ထားရာ အဆိုပါသပိတ်မှောက်ထားမှုကို ယခုအချိန်ထိ မလှန်ရသေး၍ ကျူးလွန်သည့် ခေါင်းဆောင်များက သံဃာတော်များ ရှေ့တွင် တောင်းပန်ပြီး ပတ္တုက္ကုဇ္ဇန ကမ္မဝါဖတ်ကာ မှောက်ထားသည့် သပိတ်ကို ပြန်လှန်ရမည်ဖြစ်ကြောင်း ဆရာတော် ဦးပဏ္ဍဝံသက မိန့်ကြားသည်။

‘‘ဒီရွှေဝါရောင် တော်လှန် ရေးမှာ သံဃာတော်တွေက ရိုးရိုး မေတ္တာပို့တာတင်မဟုတ်ဘဲနဲ့ သံ ဃာတွေကို သတ်ဖြတ်တဲ့ပုဂ္ဂိုလ် တွေကို စစ်အစိုးရ ဆိုပြီးတော့ ခေါင်းစဉ်တပ်ပြီးတော့ ကမ္မဝါ ၇၅ ခန်းထဲက ပတ္တနိက္ကုဇ္ဇနကမ္မဝါ ဖတ်ပြီးတော့ သပိတ်မှောက်တာ တစ်ခုရှိတယ်။ အဲဒီအခန်းကဏ္ဍ ဟာ မြန်မာနိုင်ငံမှာတော့ ခုံတော် မောင်ကျပန်းတို့ ဗိဿနိုးခေတ် က မှောက်ဖူးတယ်ပေါ့နော်။ ဘု ရားရှင်လက်ထက်ကတော့ ဘုရား ရှင်က ဒီလိုလုပ်ရင် ဒီလိုသပိတ် မှောက်နိုင်တယ်ဆိုတဲ့ ခွင့်ပြုထား တဲ့ ပတ္တနိက္ကုဇ္ဇနကံဟာ ၁၉၉၀ မှာ တစ်ကြိမ် လက်နက်ကိုင်စစ်အစိုး ရကို၊စောမောင်စစ်အစိုးရကို ကမ္မဝါဖတ်ပြီး သံဃာတွေက သပိတ် မှောက်ဖူးတယ်။ ၂၀၀၇ မှာလည်း ပဲ စစ်အစိုးရ သန်းရွှေအစိုးရအ ပေါ်မှာ ရွှေဝါရောင်သံဃာတော် တွေက ပတ္တနိက္ကုဇ္ဇနကံဆိုတဲ့ ကမ္မ ဝါမှောက်ခဲ့ဖူးတယ်။ အဲဒီကမ္မဝါ တွေဟာ ဒီအချိန်ထိ နိုင်ငံတော် သံဃနာယက ဆရာတော်ကြီး တွေကရော မြန်မာနိုင်ငံမှာရှိနေ တဲ့ သံဃာတော်ဆရာတော်တွေ ရဲ့ ရှေ့မှောက်မှာရော တစ်ကြိမ် တစ်ခါမှ ပြန်လာပြီးတော့ လှန်တဲ့ ပတ္တုက္ကုဇ္ဇနကံဆိုတဲ့ ကမ္မဝါကို ဖတ်ရှုထားခြင်း မရှိသေးဘူး’’ ဟု ဆရာတော် ဦးပဏ္ဍဝံသက မိန့် ကြားသည်။

‘‘တကယ်ဆိုလို့ရှိရင် အဲဒါ ကာယကံရှင်ကိုယ်တိုင်က ဝန်ချ တောင်းပန်ပြီး ဆရာတော်တွေ၊ သံဃာတော်တွေကို ပြန်လည် လျှောက်ထားပြီးတော့ သည်းခံ တော်မူပါဘုရားလို့ လျှောက်ထား လိုက်တဲ့အခါကျမှ သံဃာတော် တွေက လျှောက်ထားတောင်းပန် မှသာလျှင် သပိတ်ပြန်လှန်တဲ့ ကမ္မဝါကို ဖတ်ရမှာဖြစ်ပါတယ်။ မေးစရာတော့ ရှိတာပေါ့။ ဒီလို မျိုး ကမ္မဝါဖတ်ပြီး သပိတ်မှောက် ထားတဲ့အခါကျတော့ တပည့် တော်တို့တိုင်းပြည်ကို ဘယ်လိုဆိုး ကျိုးတွေ၊ ကောင်းကျိုးတွေ ဖြစ် စေလဲဆိုတော့ စာပေတွေထဲမှာ တော့ ဒီပတ္တနိက္ကုဇ္ဇနကံဆောင် ခြင်းအမှုကို ဆောင်ရွက်ခံရတဲ့သူ တွေအနေနဲ့တော့ ကပ်ကြီးသုံးပါး နဲ့ ကြုံရတယ်။ ရန်သူငါးပါးနဲ့ကြုံ ရတယ်လို့တော့ စာတွေမှာတော့ အဆိုရှိတယ်ပေါ့နော်။ ဒီအချိန်မှာ တော့ မှောက်ထားတဲ့ သပိတ်လေးကို ပြန်လှန်ဖို့ အချိန်ရောက်ပြီလို့ ပြောချင်တယ်’’ဟု ဆရာတော်က ဆက်လက်မိန့်ကြားသည်။

ပတ္တနိက္ကုဇ္ဇနကံဆောင်ခြင်း ခံရသော သူများကို ရဟန်းသံဃာ တော်များက တရားဟောပြောမှု များမပြုလုပ်ရခြင်း၊ ၎င်းတို့ထံမှ ပစ္စည်းများအလှူမခံရခြင်းစသည် တို့ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။

ကုန်ဈေးနှုန်းများမြင့်တက် လာမှု၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်း၊ ပြည်သူများ အထွေထွေကျပ်တည်းမှုများကြောင့် ငြိမ်းချမ်းစွာ မေတ္တာပို့သော ပခုက္ကူမှ သံဃာတော်အချို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ပြီး မတောင်းပန်ခြင်းစသည်တို့ကြောင့် ၂၀၀၇ စက်တင်ဘာ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ သံဃာတော်များကဦးဆောင် ကာ ရွှေတိဂုံစေတီမှ ဆူးလေစေတီအထိ မေတ္တသုတ်ရွတ်ဆို၍ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ရှစ်ရက်မြောက်နေ့တွင် တပ်မတော်အစိုးရက အကြမ်းဖက်ဖြိုခွင်းခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေး (၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၁၈ ရက်တွင် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၌ ပါဝင်ခဲ့သည့် သံဃာတော်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ဗကသနှင့် တကသကျောင်းသားများ၊ ဝန်းရံပြည်သူများက ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top