Property Expo
×

ပဏာမျမန္မာ့လက္ေရြးစင္ေဘာလံုးအသင္းေလ့က်င့္ခန္းဆင္းေနစဥ္ (ဓာတ္ပံု − MFF)

 ဆူဇူကီးဖလားေဘာလံုးၿပိဳင္ပြဲအတြက္ ျပင္ဆင္ေနသည့္ ပဏာမ ျမန္မာ့လက္ေရြးစင္ ေဘာလံုးအသင္း၏ ဥေရာပေျခစမ္းခရီးစဥ္၌ ကစားသမား ၂၅ ဦး ပါဝင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္က သတင္းထုတ္ျပန္သည္။


ဥေရာပခရီးစဥ္တြင္ ပါဝင္ မည့္ ကစားသမား ၂၅ ဦး စာရင္း ၌ ေပါင္ၿခံဒဏ္ရာရရွိထားသည့္ဝါရင့္ကစားသမား ၾကည္လင္း အပါအဝင္ ေနာက္ခံကစားသမား ၿဖိဳးပိုင္စိုးႏွင့္ ေတာင္ပံကစားသ မား သန္းေဇာ္ဟိန္းတို႔ ပါဝင္လာျခင္းမရွိေပ။

ျမန္မာ့လက္ေရြးစင္အသင္း သည္ တစ္လေက်ာ္ၾကာမည့္ ဥေရာပ ေလ့က်င့္ေရးခရီးစဥ္ကို စက္တင္ဘာ ၁၀ ရက္တြင္ စတင္ မည္ျဖစ္ၿပီး ဂ်ာမနီႏိုင္ငံ ဒြိဳက္ဘက္ၿမိဳ႕ Sportschule wedau ေလ့က်င့္ေရးစင္တာ၌ အေျခစိုက္ ေနထုိင္ကာ နယ္သာလန္၊ ဘယ္လ္ဂ်ီယံ၊ ဆိုက္ပရစ္တို႔မွ ကလပ္အသင္းမ်ားႏွင့္ ေျခစမ္း ပြဲမ်ား ကစားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ယင္းစင္တာသည္ ျမန္မာယူ-၂၀ အသင္း ၂၀၁၅ ကမၻာ့ဖလားၿပိဳင္ပြဲမတိုင္မီက သြားေရာက္ေလ့က်င့္ခဲ့ေသာ ေနရာျဖစ္သည္။ ၂၀၁၆ ဆူဇူကီးဖလားၿပိဳင္ပြဲ အုပ္စုအဆင့္ပြဲစဥ္မ်ားကို ျမန္မာႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔က ပူးတြဲအိမ္ရွင္အျဖစ္ လက္ခံက်င္းပမည္ျဖစ္ၿပီး ႏိုဝင္ဘာ ၁၉ ရက္မွ ဒီဇင္ဘာ ၁၇ ရက္အထိ က်င္းပမည္ျဖစ္သည္။

ဥေရာပတြင္ ေျခစမ္းေလ့က်င့္မည့္ ျမန္မာ့လက္ေရြးစင္အသင္း လူစာရင္း
ဂိုး - ေက်ာ္ဇင္ၿဖိဳး၊ ျပည့္ၿဖိဳးေအာင္၊ ရန္ေအာင္လင္း
ေနာက္တန္း - ေဒးဗစ္ထန္း၊ ေက်ာ္ဇင္လြင္၊ နႏၵေက်ာ္၊ ေအာင္ေဇာ္၊ ေဇာ္မင္းထြန္း၊ ေဇာ္လင္း၊ ဟိန္းသီဟေဇာ္၊ ၿဖိဳးကိုကိုသိန္း၊ မ်ဳိးကိုထြန္း
အလယ္တန္း - လိႈင္းဘိုဘို၊ ရန္ေအာင္ေက်ာ္၊ ရဲကိုဦး၊ ဇင္ၿဖိဳးေအာင္၊ သီဟေဇာ္၊ ေအာင္သူ၊ ရန္ႏိုင္ဦး၊ ေမာင္ေမာင္လြင္၊ ဆက္ၿဖိဳးေဝ
ေရွ႕တန္း - ေက်ာ္ကိုကို၊ သန္းပိုင္၊ ေဆာ္လမန္၊ ဝင္းႏိုင္စိုး

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပဏာမမြန်မာ့လက်ရွေးစင်ဘောလုံးအသင်းလေ့ကျင့်ခန်းဆင်းနေစဉ် (ဓာတ်ပုံ − MFF)

 ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်နေသည့် ပဏာမ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ ဥရောပခြေစမ်းခရီးစဉ်၌ ကစားသမား ၂၅ ဦး ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။


ဥရောပခရီးစဉ်တွင် ပါဝင် မည့် ကစားသမား ၂၅ ဦး စာရင်း ၌ ပေါင်ခြံဒဏ်ရာရရှိထားသည့်ဝါရင့်ကစားသမား ကြည်လင်း အပါအဝင် နောက်ခံကစားသမား ဖြိုးပိုင်စိုးနှင့် တောင်ပံကစားသ မား သန်းဇော်ဟိန်းတို့ ပါဝင်လာခြင်းမရှိပေ။

မြန်မာ့လက်ရွေးစင်အသင်း သည် တစ်လကျော်ကြာမည့် ဥရောပ လေ့ကျင့်ရေးခရီးစဉ်ကို စက်တင်ဘာ ၁၀ ရက်တွင် စတင် မည်ဖြစ်ပြီး ဂျာမနီနိုင်ငံ ဒွိုက်ဘက်မြို့ Sportschule wedau လေ့ကျင့်ရေးစင်တာ၌ အခြေစိုက် နေထိုင်ကာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ဆိုက်ပရစ်တို့မှ ကလပ်အသင်းများနှင့် ခြေစမ်း ပွဲများ ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယင်းစင်တာသည် မြန်မာယူ-၂၀ အသင်း ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီက သွားရောက်လေ့ကျင့်ခဲ့သော နေရာဖြစ်သည်။ ၂၀၁၆ ဆူဇူကီးဖလားပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များကို မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်မှ ဒီဇင်ဘာ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ဥရောပတွင် ခြေစမ်းလေ့ကျင့်မည့် မြန်မာ့လက်ရွေးစင်အသင်း လူစာရင်း
ဂိုး - ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်၊ ရန်အောင်လင်း
နောက်တန်း - ဒေးဗစ်ထန်း၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ အောင်ဇော်၊ ဇော်မင်းထွန်း၊ ဇော်လင်း၊ ဟိန်းသီဟဇော်၊ ဖြိုးကိုကိုသိန်း၊ မျိုးကိုထွန်း
အလယ်တန်း - လှိုင်းဘိုဘို၊ ရန်အောင်ကျော်၊ ရဲကိုဦး၊ ဇင်ဖြိုးအောင်၊ သီဟဇော်၊ အောင်သူ၊ ရန်နိုင်ဦး၊ မောင်မောင်လွင်၊ ဆက်ဖြိုးဝေ
ရှေ့တန်း - ကျော်ကိုကို၊ သန်းပိုင်၊ ဆော်လမန်၊ ဝင်းနိုင်စိုး


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top