Property Expo
×




Credit : Duwun

#Unicode Version

လက်ရှိမှာ ဝက်ခြံတွေ ရှိနေပေတဲ့ ငယ်ရွယ်သူတွေဟာ သက်လတ်ပိုင်းရောက်တဲ့အခါ လူတိုင်းအားကျတဲ့ အသားအရေပိုင်ရှင် ဖြစ်လာနိုင်ပါတယ်။ ဝက်ခြံဖြစ်ပွားနေသူတွေရဲ့ အသားအရေဆဲလ်ဟာ အခြားလူတွေထက် အသားအရေကို ပိုမိုနိုပျိုအောင် ထိန်းထားနိုင်ကြောင်း ဗြိတိန်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

King’s College London  ကပြုလုပ်ခဲ့တဲ့ အဆိုပါသုတေသနဟာ  telomeres လို့ခေါ်တဲ့ ခရိုမိုဆုန်းဖွဲ့စည်းပုံတစ်ခုကိုလေ့လာခဲ့တာဖြစ်ပြီး အဆိုပါပစ္စည်းဟာ ဒီအန်အေကို ပျက်စီးခြင်းကနေ ကာကွယ်ပေးတာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်အရွယ်ကြီးလာတဲ့အခါ  telomeres တွေနည်းပါးလာပြီး ဆဲလ်တွေသေကာ အသားအရေပျက်စီးတာ ဖြစ်ပါတယ်။ အဆိုပါ  telomeres ဟာ ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေမှာတော့ ပိုပြီးအချိန်ကြာစွာ တည်ရှိနေတာ ဖြစ်ပါတယ်။

အဆိုပါ သုတေသနကြောင့် ငယ်ငယ်တုန်းကအတန်းဖော်တွေဟာ အရေအကြောင်းတွေနဲ့ ဗျာများနေချိန်မှာ ဝက်ခြံပိုင်ရှင်တွေဟာ နုပျိုတဲ့ အသားအရေကို ပိုထိန်းသိမ်းထားနိုင်မယ့် ပုံစံရှိနေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top