Property Expo
×

ဆဲလ္ဖုန္းေတြကို ေဘာင္းဘီအိတ္ကပ္အတြင္း ထည့္ထားတတ္ျခင္းဟာ အမ်ိဳးသားေတြရဲ႕ က်န္းမာေရးအတြက္ မေကာင္းမြန္ဘူးလို႔ အမ်ားစုက ေယဘုယ်သိထားခဲ့ၾကပါတယ္။ အဲဒီလုပ္ရပ္ဟာ အမ်ိဳးသားေတြအတြက္ ထင္ထားတာထက္ပိုၿပီး ထိခိုက္ႏုိင္တယ္ဆိုတဲ့ သက္ေသျပခ်က္တစ္ခုကို သုေတသီေတြထုတ္ျပန္လုိက္ပါတယ္။

အမ်ိဳးသား အဂၤါနဲ႔ နီးကပ္တဲ့ေနရာမွာ ဆဲလ္ဖုန္းေတြကို ထားျခင္းအားျဖင့္ သုတ္ပိုးေလ်ာ့နည္းမႈကို ေသခ်ာေပါက္ျဖစ္ပြားေစတယ္လို႔ သုေတသီေတြက ဆိုပါတယ္။ ဒါတင္မဟုတ္ပါဘူး။ ဖုန္းကိုေဘာင္းဘီအိတ္ထဲ ထည့္ေလ့ရွိတဲ့ အမ်ိဳးသားေတြရဲ႕ သုတ္ပိုးဟာ မ်ိဳးေအာင္ဖို႔ ရာခိုင္ႏႈန္းေလ်ာ့နည္းတတ္တယ္လို႔ ဆုိပါတယ္။ အၾကမ္းဖ်ဥ္းယူဆထားတာကေတာ့ ဖုန္းနဲ႔ တာဝါတိုင္ေတြအၾကား ဆြဲငင္ခ်ိတ္ဆက္ထားတဲ့ ေရဒီယိုသံလိုက္ဓာတ္ေတြဟာ သုတ္ပိုးေတြရဲ႕ ျဖစ္စဥ္ကို ေႏွာက္ယွက္လို႔ ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီထက္ပိုၿပီး နည္းလမ္းတက်ရွင္းျပႏုိင္ဖို႔ သုေတသီေတြႀကိဳးစားေနရဆဲျဖစ္ပါတယ္။ ၾသစေၾတးလ်မွရွိတဲ့ နယူးကာဆယ္တကၠသိုလ္က ဒီေလ့လာမႈကို ထပ္မံျပဳလုပ္ခဲ့တာျဖစ္ၿပီး သုတ္ပိုးနမူနာေပါင္း ၁၄၉၂ ခုကို စမ္းသပ္ေလ့လာခဲ့တာျဖစ္ပါတယ္။ သုတ္ပိုးထုတ္လႊတ္ႏုိင္စြမ္း ေလ်ာ့နည္းေစတဲ့အျပင္ ေနာင္ျဖစ္လာမယ့္ မ်ိဳး႐ိုးဗီဇကိုပါ ထိခိုက္ႏုိင္ေျခမ်ားတယ္လို႔  ေဖာ္ျပထားပါတယ္။

အေကာင္းဆံုးနည္းလမ္းကေတာ့ ဆဲလ္ဖုန္းေတြကို အမ်ိဳးသားအဂၤါနဲ႔ နီးတဲ့ေနရာမွာ ၾကာၾကာမထားမိေစဖို႔ ျဖစ္ပါတယ္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

ဆဲလ်ဖုန်းတွေကို ဘောင်းဘီအိတ်ကပ်အတွင်း ထည့်ထားတတ်ခြင်းဟာ အမျိုးသားတွေရဲ့ ကျန်းမာရေးအတွက် မကောင်းမွန်ဘူးလို့ အများစုက ယေဘုယျသိထားခဲ့ကြပါတယ်။ အဲဒီလုပ်ရပ်ဟာ အမျိုးသားတွေအတွက် ထင်ထားတာထက်ပိုပြီး ထိခိုက်နိုင်တယ်ဆိုတဲ့ သက်သေပြချက်တစ်ခုကို သုတေသီတွေထုတ်ပြန်လိုက်ပါတယ်။

အမျိုးသား အင်္ဂါနဲ့ နီးကပ်တဲ့နေရာမှာ ဆဲလ်ဖုန်းတွေကို ထားခြင်းအားဖြင့် သုတ်ပိုးလျော့နည်းမှုကို သေချာပေါက်ဖြစ်ပွားစေတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ဒါတင်မဟုတ်ပါဘူး။ ဖုန်းကိုဘောင်းဘီအိတ်ထဲ ထည့်လေ့ရှိတဲ့ အမျိုးသားတွေရဲ့ သုတ်ပိုးဟာ မျိုးအောင်ဖို့ ရာခိုင်နှုန်းလျော့နည်းတတ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖျဉ်းယူဆထားတာကတော့ ဖုန်းနဲ့ တာဝါတိုင်တွေအကြား ဆွဲငင်ချိတ်ဆက်ထားတဲ့ ရေဒီယိုသံလိုက်ဓာတ်တွေဟာ သုတ်ပိုးတွေရဲ့ ဖြစ်စဉ်ကို နှောက်ယှက်လို့ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီထက်ပိုပြီး နည်းလမ်းတကျရှင်းပြနိုင်ဖို့ သုတေသီတွေကြိုးစားနေရဆဲဖြစ်ပါတယ်။ သြစတြေးလျမှရှိတဲ့ နယူးကာဆယ်တက္ကသိုလ်က ဒီလေ့လာမှုကို ထပ်မံပြုလုပ်ခဲ့တာဖြစ်ပြီး သုတ်ပိုးနမူနာပေါင်း ၁၄၉၂ ခုကို စမ်းသပ်လေ့လာခဲ့တာဖြစ်ပါတယ်။ သုတ်ပိုးထုတ်လွှတ်နိုင်စွမ်း လျော့နည်းစေတဲ့အပြင် နောင်ဖြစ်လာမယ့် မျိုးရိုးဗီဇကိုပါ ထိခိုက်နိုင်ခြေများတယ်လို့  ဖော်ပြထားပါတယ်။

အကောင်းဆုံးနည်းလမ်းကတော့ ဆဲလ်ဖုန်းတွေကို အမျိုးသားအင်္ဂါနဲ့ နီးတဲ့နေရာမှာ ကြာကြာမထားမိစေဖို့ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top