Property Expo
×

စင္ကာပူႏိုင္ငံမွာ ဇီကာဗိုင္းရပ္စ္ပိုး ျပန္႔ပြားကူးစက္ေနလုိ႔ ျမန္မာႏိုင္ငံက ကိုယ္ဝန္ေဆာင္မိခင္ေတြနဲ႔ ကိုယ္ဝန္ေဆာင္ဖုိ႔ ရည္ရြယ္ထားတဲ့ မိခင္ေလာင္းေတြဒီရက္ပိုင္းအတြင္း စင္ကာပူႏိုင္ငံကုိလာတာ ေခတၱရပ္ဆိုင္းထားဖုိ႔ စင္ကာပူႏိုင္ငံဆိုင္ရာ ျမန္မာသံရုံးက သတိေပးထုတ္ျပန္ထားတယ္လို႔ ဆိုပါတယ္။

ၾသဂုတ္ ၃၀ရက္မွာ စင္ကာပူေရာက္ ျမန္မာႏိုင္ငံသားတစ္ဦး ဇီကာဗိုင္းရပ္ပိုး ကူးစက္ခံေနရေပမယ့္ ေရာဂါသက္သာလာၿပီး အနီးကပ္ ေစာင့္ၾကည့္ေနတယ္လို႔ ျမန္မာသံရံုးရဲ႕ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဇီကာဗိုင္းရပ္စ္ပိုး ကူးစက္ခံေနရတဲ့ အဆိုပါလူနာရဲ႕ သေဘာတူညီခ်က္မရဘဲ ကာယကံရွင္ရဲ႕ ကိုယ္ေရးကိုယ္တာေတြကို ေျပာၾကားမွာ မဟုတ္တဲ့အေၾကာင္း စင္ကာပူက်န္းမာေရးဝန္ႀကီးဌာနက အေၾကာင္းၾကားထားတယ္လုိ႔ သံရံုးေၾကညာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

စင်ကာပူနိုင်ငံမှာ ဇီကာဗိုင်းရပ်စ်ပိုး ပြန့်ပွားကူးစက်နေလို့ မြန်မာနိုင်ငံက ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ မိခင်လောင်းတွေဒီရက်ပိုင်းအတွင်း စင်ကာပူနိုင်ငံကိုလာတာ ခေတ္တရပ်ဆိုင်းထားဖို့ စင်ကာပူနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတိပေးထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။

သြဂုတ် ၃၀ရက်မှာ စင်ကာပူရောက် မြန်မာနိုင်ငံသားတစ်ဦး ဇီကာဗိုင်းရပ်ပိုး ကူးစက်ခံနေရပေမယ့် ရောဂါသက်သာလာပြီး အနီးကပ် စောင့်ကြည့်နေတယ်လို့ မြန်မာသံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရတဲ့ အဆိုပါလူနာရဲ့ သဘောတူညီချက်မရဘဲ ကာယကံရှင်ရဲ့ ကိုယ်ရေးကိုယ်တာတွေကို ပြောကြားမှာ မဟုတ်တဲ့အကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ သံရုံးကြေညာထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top