Property Expo
×

သတိမထားမိေပမယ့္ တကယ္စစ္ေဆးၾကည့္လိုက္မွ ရြံစရာေကာင္းတဲ့အရာေတြ ပတ္ဝန္းက်င္မွာ အမ်ားၾကီးရိွပါတယ္။ အျဖစ္အမ်ားဆုံးနဲ႔ သင့္အေနနဲ႔ ေရွာင္ဖို႔သိပ္မခက္ခဲတဲ့အခ်က္ေတြကို စုစည္းေပးထားပါတယ္…….
၁။ Birthday Cake ေပၚထြန္းထားတဲ့ ဖေယာင္းတိုင္မီးမႈတ္ျခင္း

ေပ်ာ္စရာေကာင္းတဲ့ အျပဳအမႈျဖစ္ေပမယ့္ မႈတ္ထုတ္လိုက္တဲ့ ေလထဲမွာ တံေတြးအမႈန္ေတြ အမ်ားၾကီး ပါသြားပါတယ္။ ႏွာေစး၊ေခ်ာင္းဆိုး၊ ခံတြင္းေရာဂါအထိ ကူးႏိုင္ပါတယ္။ အဲဒါေၾကာင့္ ဖေယာင္းတိုင္မႈတ္မယ့္ ကိတ္ကို ေဘးမွာ အေသးတစ္လုံးထားျပီး မႈတ္ခိုင္းသင့္ပါတယ္ဆိုျပီး ဆရာဝန္တစ္ေယာက္မွ အၾကံ ေပးထားပါတယ္။

၂။ ေရခ်ဳိးခန္းထဲ ေကာ္ဖီခြက္ယူသြားျခင္း

တစ္ခုခုက်န္ခဲ့လို႔ဆိုျပီး ေရခ်ဳိးခန္းထဲဝင္ရင္း ေကာ္ဖီခြက္ပါ အမွတ္မထင္ ယူသြားတတ္ၾကပါတယ္။ ဒါေသခ်ာစဥ္းစားမယ္ဆုိရင္ ရြံစရာအရမ္းေကာင္းပါတယ္။ ျပန္ထြက္လာတဲ့အခ်ိန္မွာ အဲဒီေကာ္ဖီခြက္ကိုပဲ စားပြဲေပၚတင္ျပီး ျပန္ေသာက္တယ္။ ေရခ်ဳိးခန္းထဲက ဘက္တီရီးယားေတြအားလုံး ေကာ္ဖီခြက္အတူ သင့္ပါးစပ္ထဲ ေရာက္ေနျပီဆိုတာ သင္သတိထားမိမွာ မဟုတ္ပါဘူး။

၃။ နားၾကပ္မွ်ျပီး အသုံးျပဳျခင္း

သင္နားလည္ေလာက္ျပီထင္ပါတယ္… ေျပာခ်င္တာကေတာ့ ႏွာဖာေခ်းကိစၥပါပဲ။ ရြံဖို႔ေကာင္းရုံတင္ မဟုတ္ပါဘူး… ေရာဂါကူးႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္နားၾကပ္ကို ဘယ္သူ႔ကိုမွ မွ်ျပီး အသုံးျပဳခြင့္ မေပးသင့္ပါဘူး။

၄။ ဘူေဖးမွ ဗိုက္အျပည့္နဲ႔ ျပန္လာျခင္း

ဘူေဖးကေန ဗိုက္အျပည့္ အမ်ဳိးစုံစားေသာက္ျပီးမွ ဝမ္းသာအားရ ျပန္လာၾကတာ အားလုံးျမင္တဲ့ အတိုင္းပါပဲ။ ဒါေပမယ့္ သူတို႔ကို အားက်စရာ မေကာင္းတဲ့အခ်က္ေတြကို သူတို႔ သတိထားမိမလားမသိဘူး။ လူစုံ အရြယ္စုံ ဇြန္းတစ္ေခ်ာင္းကို လက္တစ္ရာေလာက္ကိုင္ျပီးမွ စားတဲ့အစားအစာထဲ ေရာဂါပိုးမပါပဲ သန္႔ရွင္းေနမလားဆိုတာ စဥ္းစားစရာပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

သတိမထားမိပေမယ့် တကယ်စစ်ဆေးကြည့်လိုက်မှ ရွံစရာကောင်းတဲ့အရာတွေ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ အဖြစ်အများဆုံးနဲ့ သင့်အနေနဲ့ ရှောင်ဖို့သိပ်မခက်ခဲတဲ့အချက်တွေကို စုစည်းပေးထားပါတယ်…….
၁။ Birthday Cake ပေါ်ထွန်းထားတဲ့ ဖယောင်းတိုင်မီးမှုတ်ခြင်း
ပျော်စရာကောင်းတဲ့ အပြုအမှုဖြစ်ပေမယ့် မှုတ်ထုတ်လိုက်တဲ့ လေထဲမှာ တံတွေးအမှုန်တွေ အများကြီး ပါသွားပါတယ်။ နှာစေး၊ချောင်းဆိုး၊ ခံတွင်းရောဂါအထိ ကူးနိုင်ပါတယ်။ အဲဒါကြောင့် ဖယောင်းတိုင်မှုတ်မယ့် ကိတ်ကို ဘေးမှာ အသေးတစ်လုံးထားပြီး မှုတ်ခိုင်းသင့်ပါတယ်ဆိုပြီး ဆရာဝန်တစ်ယောက်မှ အကြံ ပေးထားပါတယ်။

၂။ ရေချိုးခန်းထဲ ကော်ဖီခွက်ယူသွားခြင်း
တစ်ခုခုကျန်ခဲ့လို့ဆိုပြီး ရေချိုးခန်းထဲဝင်ရင်း ကော်ဖီခွက်ပါ အမှတ်မထင် ယူသွားတတ်ကြပါတယ်။ ဒါသေချာစဉ်းစားမယ်ဆိုရင် ရွံစရာအရမ်းကောင်းပါတယ်။ ပြန်ထွက်လာတဲ့အချိန်မှာ အဲဒီကော်ဖီခွက်ကိုပဲ စားပွဲပေါ်တင်ပြီး ပြန်သောက်တယ်။ ရေချိုးခန်းထဲက ဘက်တီရီးယားတွေအားလုံး ကော်ဖီခွက်အတူ သင့်ပါးစပ်ထဲ ရောက်နေပြီဆိုတာ သင်သတိထားမိမှာ မဟုတ်ပါဘူး။

၃။ နားကြပ်မျှပြီး အသုံးပြုခြင်း
သင်နားလည်လောက်ပြီထင်ပါတယ်… ပြောချင်တာကတော့ နှာဖာချေးကိစ္စပါပဲ။ ရွံဖို့ကောင်းရုံတင် မဟုတ်ပါဘူး… ရောဂါကူးနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်နားကြပ်ကို ဘယ်သူ့ကိုမှ မျှပြီး အသုံးပြုခွင့် မပေးသင့်ပါဘူး။

၄။ ဘူဖေးမှ ဗိုက်အပြည့်နဲ့ ပြန်လာခြင်း
ဘူဖေးကနေ ဗိုက်အပြည့် အမျိုးစုံစားသောက်ပြီးမှ ဝမ်းသာအားရ ပြန်လာကြတာ အားလုံးမြင်တဲ့ အတိုင်းပါပဲ။ ဒါပေမယ့် သူတို့ကို အားကျစရာ မကောင်းတဲ့အချက်တွေကို သူတို့ သတိထားမိမလားမသိဘူး။ လူစုံ အရွယ်စုံ ဇွန်းတစ်ချောင်းကို လက်တစ်ရာလောက်ကိုင်ပြီးမှ စားတဲ့အစားအစာထဲ ရောဂါပိုးမပါပဲ သန့်ရှင်းနေမလားဆိုတာ စဉ်းစားစရာပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top