Property Expo
×

အကူအညီေပးယာဥ္တန္း တိုက္ခိုက္ခံရၿပီးေနာက္ ဆီးရီးယားမွာ ေလယာဥ္မပ်ံသန္းရဇုန္တစ္ခု သတ္မွတ္သြားရန္ အေမရိကန္ႏုိင္ငံျခားေရး ဂၽြန္ကယ္ရီက ေတာင္းဆုိလုိက္ပါတယ္။ ဂၽြန္ကယ္ရီက ကုလသမဂၢမွာ မိန္႕ခြန္းေျပၾကားစဥ္ ထုိသုိ႕ ထည့္သြင္းေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဆီးရီးယားရဲ႕ အနာဂတ္မွာ အပ္ခ်ဥ္မွ်င္တစ္မွ်င္နဲ႕ခ်ိတ္ဆြဲထားသဖြယ္ ျဖစ္ေနခဲ့ေၾကာင္းလည္း ဂၽြန္ကယ္ရီက ဆုိပါတယ္။ တနလၤာေန႕ (စက္တင္ဘာ ၁၉ ရက္) က အရပ္သား ၂၀ ဦး ေသဆုံးခဲ့တဲ့ အကူအညီေပးယာဥ္တန္း တုိက္ခိုက္ခံရမႈဟာ ႐ု႐ွားနဲ႕ ဆီးရီးယား အစုိးရေတြက အပစ္အခတ္ရပ္စဲေရး သေဘာတူညီမႈအေပၚ ေလးစားလိုက္နာခဲ့ျခင္း႐ွိ မ႐ွိ အႀကီးအက်ယ္ သံသျဖစ္စရာ ျဖစ္ခဲ့ေၾကာင္းလည္း ဂၽြန္ကယ္ရီက ေဝဖန္လုိက္ပါတယ္။

ဒ့ါအျပင္ အကူအညီေပးေရးယာဥ္တန္း တုိက္ခုိက္ခံရမႈဟာ ဆီးရီးယားၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္ကုိ ႀကီးမားစြာ ထိခိုက္ေစေၾကာင္းလည္း ၎က ေထာက္ျပခဲ့ပါတယ္။ အကူအညီေပးယာဥ္တန္း တုိက္ခုိက္မႈမွာ ပါဝင္ပတ္သက္ခဲ့ျခင္း မ႐ွိေၾကာင္း ႐ု႐ွားအစိုးရက ျငင္းဆုိထားပါတယ္။

အေမရိကန္ကေတာ့ အကူအညီေပးယာဥ္တန္း တုိက္ခိုက္ခံရမႈအတြက္ ႐ု႐ွားမွာတာဝန္႐ွိေၾကာင္း ေျပာၾကားထားပါတယ္။ ဆီးရီးယားမွာ ငါးႏွစ္ၾကာ ျဖစ္ပြားေနခဲ့တဲ့ ျပည္တြင္းစစ္ေၾကာင့္ လူေပါင္း ၂၅၀,၀၀၀ ေက်ာ္ ေသဆုံးခဲ့ၿပီး လူ ၁၁ သန္းေက်ာ္ အိုးအိမ္စြန္႕ခြာခဲ့ၾကရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun


#Unicode Version

အကူအညီပေးယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် ဆီးရီးယားမှာ လေယာဉ်မပျံသန်းရဇုန်တစ်ခု သတ်မှတ်သွားရန် အမေရိကန်နိုင်ငံခြားရေး ဂျွန်ကယ်ရီက တောင်းဆိုလိုက်ပါတယ်။ ဂျွန်ကယ်ရီက ကုလသမဂ္ဂမှာ မိန့်ခွန်းပြေကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆီးရီးယားရဲ့ အနာဂတ်မှာ အပ်ချဉ်မျှင်တစ်မျှင်နဲ့ချိတ်ဆွဲထားသဖွယ် ဖြစ်နေခဲ့ကြောင်းလည်း ဂျွန်ကယ်ရီက ဆိုပါတယ်။ တနင်္လာနေ့ (စက်တင်ဘာ ၁၉ ရက်) က အရပ်သား ၂၀ ဦး သေဆုံးခဲ့တဲ့ အကူအညီပေးယာဉ်တန်း တိုက်ခိုက်ခံရမှုဟာ ရုရှားနဲ့ ဆီးရီးယား အစိုးရတွေက အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအပေါ် လေးစားလိုက်နာခဲ့ခြင်းရှိ မရှိ အကြီးအကျယ် သံသဖြစ်စရာ ဖြစ်ခဲ့ကြောင်းလည်း ဂျွန်ကယ်ရီက ဝေဖန်လိုက်ပါတယ်။

ဒ့ါအပြင် အကူအညီပေးရေးယာဉ်တန်း တိုက်ခိုက်ခံရမှုဟာ ဆီးရီးယားငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ကြီးမားစွာ ထိခိုက်စေကြောင်းလည်း ၎င်းက ထောက်ပြခဲ့ပါတယ်။ အကူအညီပေးယာဉ်တန်း တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်ခဲ့ခြင်း မရှိကြောင်း ရုရှားအစိုးရက ငြင်းဆိုထားပါတယ်။

အမေရိကန်ကတော့ အကူအညီပေးယာဉ်တန်း တိုက်ခိုက်ခံရမှုအတွက် ရုရှားမှာတာဝန်ရှိကြောင်း ပြောကြားထားပါတယ်။ ဆီးရီးယားမှာ ငါးနှစ်ကြာ ဖြစ်ပွားနေခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂၅၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၁၁ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ကြရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top