Kantharyar Centre
×

             လက္လုပ္ယမ္းေထာင္းေသနတ္ေဖာက္ထြက္၍ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ ဒဏ္ရာရရွိသျဖင့္ အမႈဖြင့္

တနသၤာရီတိုင္းေဒသႀကီး၊ တနသၤာရီၿမိဳ႕နယ္ - လယ္သစ္ေက်းရြာအုပ္စု- ကဒဲလိပ္ေက်းရြာတြင္ လက္လုပ္ ယမ္းေထာင္းေသနတ္ေပါက္ထြက္သျဖင့္ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူတစ္ဦး ဝဲဘက္ေပါင္အလယ္၌ ထိမွန္ၿပီး ဒဏ္ရာ ရရွိခဲ့သျဖင့္ တနသၤာရီၿမိဳ့နယ္-ျပည္သူ႔ေဆးရံုတြင္ စက္တင္ဘာလ ၂၅ ရက္ ည ၉ နာရီ ၅ဝ အခ်ိန္ လာေရာက္၍ အတြင္းလူနာအျဖစ္ ကုသမႈခံယူလ်က္ရွိေၾကာင္း သိရသည္။


ျဖစ္စဥ္မွာ တနသၤာရီၿမိဳ့နယ္ - လယ္သစ္အေရွ႕ေက်းရြာေန ေနာင္ေပ်ာ့(ေခၚ)ေအာင္လြင္ဦး (အဘ)ဦးဂြမ္း
ဥယ်ာဥ္လုပ္သူသည္ ဥယ်ာဥ္ေနအိမ္တဲတြင္(တရားမဝင္) ၄င္းကိုင္ေဆာင္ေသာ ယမ္းေထာင္းၿပီး ခဲသီးတစ္လံုး ထည့္ ထားသည့္ ဒင္/ေျပာင္းအရွည္(၅)ေပရွိ သစ္သားအရိုးတပ္ တူမီးလက္လုပ္ယမ္းေထာင္းေသနတ္၏ ယမ္းစြပ္သည့္ ကပ္တိုင္အား ေခ်းမ်ားပိတ္ေနသျဖင့္ ကပ္တိုင္အားတိုက္ခၽြတ္ေဆးရာမွ ကပ္တိုင္ပူၿပီး က်ည္ေပါက္ထြက္ကာ ၄င္း၏ ညီအစ္ကိုဝမ္းကြဲေတာ္စပ္သူ တစ္ရြာတည္းေန(အဘ)ဦးသန္းေမာင္၏သား ေအးႀကိဳင္(၃၃)ႏွစ္၏ ဝဲဘက္ေပါင္ အလယ္သို႔ က်ည္ထိမွန္သျဖင့္ ဒဏ္ရာရရိွခဲ့သည္။


အဆုိပါ ျဖစ္စဥ္အား ေအးႀကိဳင္၏ဇနီး (အဘ)ဦးဘက်င္ ၏သမီးျဖစ္သူ မသူဇာႏြယ္မွ ၿမိဳ႕မရဲစခန္း၌ တရားလိုျပဳ၍ တိုင္တန္းလာပါျဖင့္ ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္အေရးယူ စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္းသိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:ေမာေတာင္သတင္းမီဒီယာ

#Unicode Version
လက်လုပ်ယမ်းထောင်းသေနတ်ဖောက်ထွက်၍ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ ဒဏ်ရာရရှိသဖြင့် အမှုဖွင့်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် - လယ်သစ်ကျေးရွာအုပ်စု- ကဒဲလိပ်ကျေးရွာတွင် လက်လုပ် ယမ်းထောင်းသေနတ်ပေါက်ထွက်သဖြင့် ညီအစ်ကိုဝမ်းကွဲတော်စပ်သူတစ်ဦး ဝဲဘက်ပေါင်အလယ်၌ ထိမှန်ပြီး ဒဏ်ရာ ရရှိခဲ့သဖြင့် တနင်္သာရီမြို့နယ်-ပြည်သူ့ဆေးရုံတွင် စက်တင်ဘာလ ၂၅ ရက် ည ၉ နာရီ ၅ဝ အချိန် လာရောက်၍ အတွင်းလူနာအဖြစ် ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


ဖြစ်စဉ်မှာ တနင်္သာရီမြို့နယ် - လယ်သစ်အရှေ့ကျေးရွာနေ နောင်ပျော့(ခေါ်)အောင်လွင်ဦး (အဘ)ဦးဂွမ်း
ဥယျာဉ်လုပ်သူသည် ဥယျာဉ်နေအိမ်တဲတွင်(တရားမဝင်) ၎င်းကိုင်ဆောင်သော ယမ်းထောင်းပြီး ခဲသီးတစ်လုံး ထည့် ထားသည့် ဒင်/ပြောင်းအရှည်(၅)ပေရှိ သစ်သားအရိုးတပ် တူမီးလက်လုပ်ယမ်းထောင်းသေနတ်၏ ယမ်းစွပ်သည့် ကပ်တိုင်အား ချေးများပိတ်နေသဖြင့် ကပ်တိုင်အားတိုက်ချွတ်ဆေးရာမှ ကပ်တိုင်ပူပြီး ကျည်ပေါက်ထွက်ကာ ၎င်း၏ ညီအစ်ကိုဝမ်းကွဲတော်စပ်သူ တစ်ရွာတည်းနေ(အဘ)ဦးသန်းမောင်၏သား အေးကြိုင်(၃၃)နှစ်၏ ဝဲဘက်ပေါင် အလယ်သို့ ကျည်ထိမှန်သဖြင့် ဒဏ်ရာရရှိခဲ့သည်။


အဆိုပါ ဖြစ်စဉ်အား အေးကြိုင်၏ဇနီး (အဘ)ဦးဘကျင် ၏သမီးဖြစ်သူ မသူဇာနွယ်မှ မြို့မရဲစခန်း၌ တရားလိုပြု၍ တိုင်တန်းလာပါဖြင့် မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။



 ဖိုးသူတော် (www.phothutaw.com)
Credit:မောတောင်သတင်းမီဒီယာ
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top