1st Myanmar's Smart Living Expo (အိမ္ၿခံေျမ၊ ကားႏွင့္လူသံုးကုန္ပစၥည္းျပပြဲႀကီး - ေတာင္ႀကီး)
×

တစ္ခ်ိဳ ့လူေတြဟာ ရာသက္ပန္ေဆးလိပ္ေသာက္ေနသူေတြ ျဖစ္ေပမယ့္ အဆုတ္နဲ ့ပတ္သက္တဲ့ ေရာဂါေတြ နည္းပါးျပီး သာမန္လူေတြအတုိင္း သက္တမ္းေစ့ေနႏိုင္တဲ့ အေၾကာင္းရင္းရဲ့ အေျဖကို ျဗိတိန္သိပၸံပညာရွင္ေတြက ရွာေဖြေတြ ့ရွိခဲ့ပါတယ္။

အသက္ ၄၀ ႏွစ္ကေန ၆၉ ႏွစ္ၾကား လူေပါင္း ၅၀၀၀၀ ကို ေလ့လာခဲ့ရာမွာ တစ္ခ်ိဳ ့လူေတြရဲ့ မ်ိဳးရိုးဗီဇ ဖြဲ ့စည္းမွဳပုံစံက ေဆးလိပ္နဲ ့ပတ္သက္တဲ့ ေရာဂါဆုိးတစ္ခ်ိဳ ့ရႏိုင္ေျခကို ေလ်ာ့ခ်ေပးေၾကာင္း ေတြ ့့ရွိခဲ့ရတာျဖစ္ပါတယ္။ေဆးသုေတသနေကာင္စီက သုေတသနပညာရွင္ေတြဟာ ျဗိတိန္ႏုိင္ငံရဲ့ ဇီ၀အခ်က္အလက္ဘဏ္ပေရာဂ်က္မွာရွိတဲ့ အခ်က္အလက္ေတြကို အသုံးျပဳကာ ယခုေလ့လာမွဳကို ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေတြ ့ရွိမွဳအရ Chronic Obstructive Pulmonary Disease (COPD) ေခၚ ေခ်ာင္းဆုိးရင္ၾကပ္နဲ ့အဆုတ္ေရာင္ရမ္းမွဳေၾကာင္ ့အသက္ရွဴရခက္ခဲျခင္းေရာဂါေတြလိုမ်ိဳး နာတာရွည္အဆုတ္ေရာဂါ ေတြဟာ တစ္ခ်ိဳ ့လူနာေတြ မွာ ျဖစ္ပြားမွဳ နည္းပါးတာကို ေတြ ့ရွိခဲ့ရပါတယ္။

ေဆးလိပ္ေသာက္သူေတြ၊ ေဆးလိပ္မေသာက္သူေတြ နဲ ့နာတာရွည္ အဆုတ္ေရာဂါ (COPD) ေ၀ဒနာရွင္ေတြနဲ ့အဆုတ္ေရာဂါမရွိသူေတြကို ႏွိဳင္းယွဥ္ေလ့လာခဲ့ရာမွာ လူသားေတြရဲ့ DNA ဖြဲ ့စည္းပုံဟာ COPD ျဖစ္ပြားႏိုင္ေျခကို အလုိုလိုေလ်ာ့ခ်ေပးႏိုင္ေၾကာင္း ရွာေဖြေတြ ့ရွိခဲ့တာျဖစ္ပါတယ္။

ဒီေလ့လာေတြ ့ရွိမွဳဟာ ေဆးလိပ္ေသာက္သူေတြအတြက္ အားတက္ႏိုင္တဲ့သတင္းမ်ိဳးမဟုတ္ဘဲ မ်ိဳးရိုးဗီဇ ေကာင္းသည့္တိုင္ ေဆးလိ္ပ္ေသာက္တဲ့အဆုတ္ဟာ မေသာက္တဲ့အဆုတ္ထက္ အေျခအေန ပုိဆုိးရြားမွာ ျဖစ္တယ္လို ့ေလ့လာမွဳမွာပါ၀င္ခဲ့တဲ့ လန္ကတ္စတာတကၠသို္လ္က ပေရာ္ဖက္ဆာ Martin Tobin က ေျပာၾကားခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Trend Myanmar

#Unicode Version

 တစ်ချို့လူတွေဟာ ရာသက်ပန်ဆေးလိပ်သောက်နေသူတွေ ဖြစ်ပေမယ့် အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ နည်းပါးပြီး သာမန်လူတွေအတိုင်း သက်တမ်းစေ့နေနိုင်တဲ့ အကြောင်းရင်းရဲ့ အဖြေကို ဗြိတိန်သိပ္ပံပညာရှင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အသက် ၄၀ နှစ်ကနေ ၆၉ နှစ်ကြား လူပေါင်း ၅၀၀၀၀ ကို လေ့လာခဲ့ရာမှာ တစ်ချို့လူတွေရဲ့ မျိုးရိုးဗီဇ ဖွဲ့စည်းမှုပုံစံက ဆေးလိပ်နဲ့ပတ်သက်တဲ့ ရောဂါဆိုးတစ်ချို့ရနိုင်ခြေကို လျော့ချပေးကြောင်း တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ဆေးသုတေသနကောင်စီက သုတေသနပညာရှင်တွေဟာ ဗြိတိန်နိုင်ငံရဲ့ ဇီဝအချက်အလက်ဘဏ်ပရောဂျက်မှာရှိတဲ့ အချက်အလက်တွေကို အသုံးပြုကာ ယခုလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ တွေ့ရှိမှုအရ Chronic Obstructive Pulmonary Disease (COPD) ခေါ် ချောင်းဆိုးရင်ကြပ်နဲ့အဆုတ်ရောင်ရမ်းမှုကြောင့်အသက်ရှူရခက်ခဲခြင်းရောဂါတွေလိုမျိုး နာတာရှည်အဆုတ်ရောဂါ တွေဟာ တစ်ချို့လူနာတွေ မှာ ဖြစ်ပွားမှု နည်းပါးတာကို တွေ့ရှိခဲ့ရပါတယ်။

ဆေးလိပ်သောက်သူတွေ၊ ဆေးလိပ်မသောက်သူတွေ နဲ့နာတာရှည် အဆုတ်ရောဂါ (COPD) ဝေဒနာရှင်တွေနဲ့အဆုတ်ရောဂါမရှိသူတွေကို နှိုင်းယှဉ်လေ့လာခဲ့ရာမှာ လူသားတွေရဲ့ DNA ဖွဲ့စည်းပုံဟာ COPD ဖြစ်ပွားနိုင်ခြေကို အလိုလိုလျော့ချပေးနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒီလေ့လာတွေ့ရှိမှုဟာ ဆေးလိပ်သောက်သူတွေအတွက် အားတက်နိုင်တဲ့သတင်းမျိုးမဟုတ်ဘဲ မျိုးရိုးဗီဇ ကောင်းသည့်တိုင် ဆေးလိပ်သောက်တဲ့အဆုတ်ဟာ မသောက်တဲ့အဆုတ်ထက် အခြေအနေ ပိုဆိုးရွားမှာ ဖြစ်တယ်လို့လေ့လာမှုမှာပါဝင်ခဲ့တဲ့ လန်ကတ်စတာတက္ကသိုလ်က ပရော်ဖက်ဆာ Martin Tobin က ပြောကြားခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top