Kantharyar Centre
×

 သဃၤန္းကြၽန္းၿမိဳ႕နယ္ ေဝဇယႏၲာလမ္းတြင္ ေနထုိင္သည့္စသံုးလံုးၫႊန္မွဴး(ၿငိမ္း)ကို သတ္ ျဖတ္ခဲ့သည့္ အသက္ (၄၃) ႏွစ္အရြယ္ တူျဖစ္သူကို စက္တင္ဘာ ၁၄ ရက္ ည ၈ နာရီတြင္ မေကြး တိုင္း ဆင္ေပါင္ဝဲၿမိဳ႕နယ္၌ ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏုိင္ငံ မႈခင္းရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။


ေသဆံုးခဲ့သူ အသက္(၇၇) ႏွစ္အရြယ္ ဦးေအာင္ျမင့္ကို စက္တင္ဘာ ၆ ရက္တြင္ တစ္အိမ္တည္းေန တူေတာ္စပ္သူ အသက္(၄၃)ႏွစ္အရြယ္ရွိ ထြန္းထြန္း (ခ)ထြန္းဝင္းေအာင္ႏွင့္ စကားမ်ားရန္ျဖစ္ရာမွ သံလ်က္ပံုစံ အ႐ိုးအသြား ခုနစ္လက္မရွိ ခြၽန္ထက္ သည့္အရာျဖင့္ ထုိးခဲ့ျခင္းျဖစ္ သည္။

 ‘‘လူသတ္မႈက်ဴးလြန္သူကို ဆင္ေပါင္ဝဲၿမိဳ႕နယ္ ေထာက္မ ေက်းရြာအုပ္စု ေဂြးခ်ိဳေက်းရြာက ဘုန္းႀကီးေက်ာင္းမွာ ဖမ္းမိတယ္။ ဖမ္းမိတဲ့အခ်ိန္က ည ၈ နာရီ ေလာက္မွာ မိတယ္။ ရန္ကုန္က အခင္းျဖစ္တဲ့ သဃၤန္းကြၽန္းၿမိဳ႕ နယ္အပိုင္နဲ႔ဆက္ၿပီး တရားခံကို လႊဲေပးလိုက္တယ္’’ဟု မေကြးတိုင္းေဒသႀကီးရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ေသဆံုးသူကို အမွတ္(၂) တပ္မေတာ္ေဆး႐ံုသို႔ တင္ပို႔စဥ္ကေနအိမ္ေလွကားရင္းတြင္ ေခါင္း မူးရာမွ လဲက်ခဲ့သည့္ ဒဏ္ရာမ်ား ျဖစ္သည္ဟုဆိုကာ လိမ္လည္ ေျပာဆိုခဲ့ၿပီး စစ္ေဆးသည့္အခါ တြင္ ခြၽန္ထက္သည့္ လက္နက္ျဖင့္ အထုိးခံရသည္ကို စစ္ေဆးေတြ႕ ရွိခဲ့သည့္အတြက္ လူသတ္မႈျဖစ္ ပြားခဲ့ျခင္းကို ဆရာဝန္မ်ားက ေဖာ္ ထုတ္ႏုိင္ခဲ့ျခင္းျဖစ္သည္။

‘‘ေဆးစစ္ခ်က္အရ လူသတ္ မႈေပၚေပါက္လာတဲ့အတြက္ မိ သားစုေတြကို ေမးၾကည့္တယ္။ သူတို႔ကလည္း အမွန္အတိုင္းေျပာတဲ့အခါ ျပစ္မႈက်ဴးလြန္သူကို လည္း ဖမ္းႏိုင္ခဲ့တယ္။ အသတ္ခံ ရတဲ့သူကေတာ့ ရရွိတဲ့ဒဏ္ရာနဲ႔ ၈ ရက္ေန႔ မနက္မွာ ေသဆံုးသြား ပါတယ္’’ဟု သဃၤန္းကြၽန္းၿမိဳ႕နယ္ မွ ရဲအရာရွိတစ္ဦးကေျပာသည္။

လူသတ္မႈက်ဴးလြန္သူ အ သက္(၄၃)ႏွစ္အရြယ္ရွိ ထြန္းထြန္း(ခ)ထြန္းဝင္းေအာင္ကို သဃၤန္း ကြၽန္းၿမိဳ႕မရဲစခန္းက ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ အေရးယူ စစ္ေဆးေနေၾကာင္း သိရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 သင်္ဃန်းကျွန်းမြို့နယ် ဝေဇယန္တာလမ်းတွင် နေထိုင်သည့်စသုံးလုံးညွှန်မှူး(ငြိမ်း)ကို သတ် ဖြတ်ခဲ့သည့် အသက် (၄၃) နှစ်အရွယ် တူဖြစ်သူကို စက်တင်ဘာ ၁၄ ရက် ည ၈ နာရီတွင် မကွေး တိုင်း ဆင်ပေါင်ဝဲမြို့နယ်၌ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


သေဆုံးခဲ့သူ အသက်(၇၇) နှစ်အရွယ် ဦးအောင်မြင့်ကို စက်တင်ဘာ ၆ ရက်တွင် တစ်အိမ်တည်းနေ တူတော်စပ်သူ အသက်(၄၃)နှစ်အရွယ်ရှိ ထွန်းထွန်း (ခ)ထွန်းဝင်းအောင်နှင့် စကားများရန်ဖြစ်ရာမှ သံလျက်ပုံစံ အရိုးအသွား ခုနစ်လက်မရှိ ချွန်ထက် သည့်အရာဖြင့် ထိုးခဲ့ခြင်းဖြစ် သည်။

 ‘‘လူသတ်မှုကျူးလွန်သူကို ဆင်ပေါင်ဝဲမြို့နယ် ထောက်မ ကျေးရွာအုပ်စု ဂွေးချိုကျေးရွာက ဘုန်းကြီးကျောင်းမှာ ဖမ်းမိတယ်။ ဖမ်းမိတဲ့အချိန်က ည ၈ နာရီ လောက်မှာ မိတယ်။ ရန်ကုန်က အခင်းဖြစ်တဲ့ သင်္ဃန်းကျွန်းမြို့ နယ်အပိုင်နဲ့ဆက်ပြီး တရားခံကို လွှဲပေးလိုက်တယ်’’ဟု မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

သေဆုံးသူကို အမှတ်(၂) တပ်မတော်ဆေးရုံသို့ တင်ပို့စဉ်ကနေအိမ်လှေကားရင်းတွင် ခေါင်း မူးရာမှ လဲကျခဲ့သည့် ဒဏ်ရာများ ဖြစ်သည်ဟုဆိုကာ လိမ်လည် ပြောဆိုခဲ့ပြီး စစ်ဆေးသည့်အခါ တွင် ချွန်ထက်သည့် လက်နက်ဖြင့် အထိုးခံရသည်ကို စစ်ဆေးတွေ့ ရှိခဲ့သည့်အတွက် လူသတ်မှုဖြစ် ပွားခဲ့ခြင်းကို ဆရာဝန်များက ဖော် ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

‘‘ဆေးစစ်ချက်အရ လူသတ် မှုပေါ်ပေါက်လာတဲ့အတွက် မိ သားစုတွေကို မေးကြည့်တယ်။ သူတို့ကလည်း အမှန်အတိုင်းပြောတဲ့အခါ ပြစ်မှုကျူးလွန်သူကို လည်း ဖမ်းနိုင်ခဲ့တယ်။ အသတ်ခံ ရတဲ့သူကတော့ ရရှိတဲ့ဒဏ်ရာနဲ့ ၈ ရက်နေ့ မနက်မှာ သေဆုံးသွား ပါတယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ် မှ ရဲအရာရှိတစ်ဦးကပြောသည်။

လူသတ်မှုကျူးလွန်သူ အ သက်(၄၃)နှစ်အရွယ်ရှိ ထွန်းထွန်း(ခ)ထွန်းဝင်းအောင်ကို သင်္ဃန်း ကျွန်းမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူ စစ်ဆေးနေကြောင်း သိရ သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top