Property Expo
×

မႏၱေလးတိုင္းေဒသႀကီး ေတာင္သာၿမိဳ႕နယ္ ဖက္ေတာေက်းရြာအုပ္စု ေညာင္ကန္ ေက်းရြာ၏ အေနာက္ဘက္ ျမင္းၿခံ-ဇဂ်မ္း ေျမသားလမ္းေပၚ၌ ျမင္းၿခံၿမိဳ႕နယ္ အမွတ္ (၁၆)ရပ္ကြက္ေန ေဒၚအုန္းျမင့္(၆၁ႏွစ္) သားဖြားဆရာမ(ၿငိမ္း)မွာ လည္ပင္း ထိုးသြင္း ဒဏ္ရာတစ္ခ်က္ျဖင့္ လမ္းေဘး၌ ေသဆုံးလ်က္ရွိၿပီး ကိုယ္ေပၚတြင္ ပါလာေသာ ေရႊဆြဲႀကိဳးႏွစ္$က်ပ္သားခန္႔ တစ္ကုံး၊ လက္ကိုင္ဖုန္း တစ္လုံးႏွင့္ ေငြက်ပ္ ၃ဝဝဝဝ ပါ ပိုက္ဆံအိတ္တစ္လုံး ေပ်ာက္ဆုံးလ်က္ရွိေၾကာင္း ေတြ႕ရွိရသည္။

ျဖစ္စဥ္မွာ စက္တင္ဘာ ၂၇ ရက္ နံနက္ ၉ နာရီက ေသဆုံးသူ ေဒၚအုန္းျမင့္သည္ ယာဥ္ေမာင္း ဝင္းျမင့္ထြန္း ေမာင္းႏွင္ေသာ ေဖာကားျဖင့္ လည္းေကာင္း၊ ခင္ပြန္းျဖစ္သူ ဦးဝင္းေမာင္မွာ ေမာ္ေတာ္ဆိုင္ကယ္ျဖင့္ လည္းေကာင္း၊ ထန္းပင္ၿခံကြင္းရွိ ပ်က္စီး ေနေသာ ေျမသားလမ္းကို ျပဳျပင္ရန္ ေရာက္ရွိခဲ့ၾကၿပီး ခင္ပြန္းျဖစ္သူႏွင့္ ယာဥ္ေမာင္း တို႔မွာ ေညာင္ကန္ေက်းရြာရွိ ဘက္ဟိုးသြားယူရန္ ထြက္ခြာသြားခဲ့ရာ ေဒၚအုန္းျမင့္မွာ ယင္းေနရာတြင္ တစ္ဦးတည္း က်န္ေနခဲ့သည္။

ယင္းေန႔ နံနက္ ၉ နာရီခြဲခန္႔တြင္ ယာဥ္ေမာင္း ဝင္းျမင့္ထြန္းသည္ ဘက္ဟိုး ေမာင္းႏွင္ၿပီး ဦးဝင္းေမာင္မွာ ဆိုင္ကယ္ျဖင့္ျပန္လာစဥ္ ျမင္းၿခံ-ဇဂ်မ္း ေျမသားလမ္း ေဘး၌ ေဒၚအုန္းျမင့္ကို ေသဆုံးလ်က္ေတြ႕ရွိရသည္။ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ားက ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိေရး ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Myanmaalin

#Unicode Version
မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ် ဖက်တောကျေးရွာအုပ်စု ညောင်ကန် ကျေးရွာ၏ အနောက်ဘက် မြင်းခြံ-ဇဂျမ်း မြေသားလမ်းပေါ်၌ မြင်းခြံမြို့နယ် အမှတ် (၁၆)ရပ်ကွက်နေ ဒေါ်အုန်းမြင့်(၆၁နှစ်) သားဖွားဆရာမ(ငြိမ်း)မှာ လည်ပင်း ထိုးသွင်း ဒဏ်ရာတစ်ချက်ဖြင့် လမ်းဘေး၌ သေဆုံးလျက်ရှိပြီး ကိုယ်ပေါ်တွင် ပါလာသော ရွှေဆွဲကြိုးနှစ်$ကျပ်သားခန့် တစ်ကုံး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ငွေကျပ် ၃ဝဝဝဝ ပါ ပိုက်ဆံအိတ်တစ်လုံး ပျောက်ဆုံးလျက်ရှိကြောင်း တွေ့ရှိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၇ ရက် နံနက် ၉ နာရီက သေဆုံးသူ ဒေါ်အုန်းမြင့်သည် ယာဉ်မောင်း ဝင်းမြင့်ထွန်း မောင်းနှင်သော ဖောကားဖြင့် လည်းကောင်း၊ ခင်ပွန်းဖြစ်သူ ဦးဝင်းမောင်မှာ မော်တော်ဆိုင်ကယ်ဖြင့် လည်းကောင်း၊ ထန်းပင်ခြံကွင်းရှိ ပျက်စီး နေသော မြေသားလမ်းကို ပြုပြင်ရန် ရောက်ရှိခဲ့ကြပြီး ခင်ပွန်းဖြစ်သူနှင့် ယာဉ်မောင်း တို့မှာ ညောင်ကန်ကျေးရွာရှိ ဘက်ဟိုးသွားယူရန် ထွက်ခွာသွားခဲ့ရာ ဒေါ်အုန်းမြင့်မှာ ယင်းနေရာတွင် တစ်ဦးတည်း ကျန်နေခဲ့သည်။

ယင်းနေ့ နံနက် ၉ နာရီခွဲခန့်တွင် ယာဉ်မောင်း ဝင်းမြင့်ထွန်းသည် ဘက်ဟိုး မောင်းနှင်ပြီး ဦးဝင်းမောင်မှာ ဆိုင်ကယ်ဖြင့်ပြန်လာစဉ် မြင်းခြံ-ဇဂျမ်း မြေသားလမ်း ဘေး၌ ဒေါ်အုန်းမြင့်ကို သေဆုံးလျက်တွေ့ရှိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြို့နယ်ရဲတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:Myanmaalin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top