Kantharyar Centre
×

ပရီးမီးယားလိဂ္ရာသီ အစပြဲမ်ားတြင္ ရာႏႈန္းျပည့္ ႏုိင္ပြဲ ရရိွျခင္းအျဖစ္ ဒါဘီပြဲ၌ မန္ယူကုိ ၂-၁ ဂုိးျဖင့္ အႏုိင္ရခဲ့ေသာ္လည္း မန္စီးတီးသည္ ဥေရာပရိွ အ ေကာင္းဆံုးအသင္းမ်ားႏွင့္ ယွဥ္ ၿပိဳင္ရန္ အဆင္သင့္မျဖစ္ေသးဟု နည္းျပ ဂြါဒီယုိလာက ေျပာၾကား သည္။

စေနေန႔က အိုးထရက္ဖို႔ဒ္ ကြင္းတြင္ မန္စီးတီးသည္ ပထမ ပုိင္း၌ ပြဲကုိ ႀကီးစုိးႏုိင္ခဲ့ေသာ္ လည္း ဒုတိယပုိင္းၿပီးဆံုးခါနီး တြင္ ႐ုန္းကန္ခဲ့ရသည္။ မန္ယူကဒုတိယပိုင္းတြင္  ဖိအားေပးႏုိင္ခဲ့ ေသာ္လည္း မန္စီးတီး သံုးမွတ္ရရိွ ခဲ့သည္။

သုိ႔ေသာ္မန္စီးတီးအသင္း သားမ်ားအေနျဖင့္ ခ်န္ပီယံလိဂ္ တြင္ ရင္ဆုိင္ရမည့္ ထိပ္တန္း အသင္းမ်ားႏွင့္ ယွဥ္ႏုိင္ရန္ ပြဲက စားခ်ိန္ အမ်ားစုကုိ စိုးမိုးထားႏုိင္ ေရး ေလ့လာစရာမ်ားရိွေသး သည္ဟု ဂြါဒီယိုလာက ေျပာ သည္။

မန္စီးတီးသည္ ခ်န္ပီယံလိဂ္ အုပ္စု (င)တြင္ ဂြါဒီယုိလာ၏ အ သင္းေဟာင္း ဘာစီလုိနာ၊ ဆဲလ္ တစ္၊ မိုခ်န္ဂလာဘတ္တို႔ႏွင့္ ရင္ ဆုိင္ရမည္ျဖစ္သည္။

‘‘ကြၽန္ေတာ္တုိ႔ ၀က္စ္ဟမ္း နဲ႔ ပြဲပထမပုိင္းမွာ ထိပ္တန္းေျခ စြမ္းမ်ိဳးနဲ႔ ကစားခဲ့တယ္။ ဒီေန႔ လည္း အဲဒီလိုပဲ ကြၽန္ေတာ္တို႔ဟာ အဆင့္ပုိျမင့္တဲ့ ကစားသမားေတြ နဲ႔ ယွဥ္ၿပီး ပထမပုိင္းမွာ ေကာင္း ေကာင္းကစားႏုိင္ခဲ့တယ္။ ဒါေပမဲ့ ဥေရာပမွာ ၿပိဳင္ဖို႔အသင့္ျဖစ္ ၿပီလားေမးရင္ အသင့္မျဖစ္ေသး ဘူးလို႔ ေျပာရပါမယ္။ ကြၽန္ေတာ္တုိ႔ တုိက္စစ္ပုိင္းမွာ လိုအပ္မႈ ေတြရိွေနပါေသးတယ္’’ဟု ဂြါဒီယိုလာကေျပာသည္။

မန္စီးတီးသည္ ပထမဆံုး ခ်န္ပီယံလိဂ္အုပ္စုပြဲကို မိုခ်န္ဂ လာဘတ္ႏွင့္ စက္တင္ဘာ ၁၄ ရက္ နံနက္ ၁ နာရီ ၁၅ မိနစ္တြင္ ယွဥ္ၿပိဳင္ရမည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
ပရီးမီးယားလိဂ်ရာသီ အစပွဲများတွင် ရာနှုန်းပြည့် နိုင်ပွဲ ရရှိခြင်းအဖြစ် ဒါဘီပွဲ၌ မန်ယူကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သော်လည်း မန်စီးတီးသည် ဥရောပရှိ အ ကောင်းဆုံးအသင်းများနှင့် ယှဉ် ပြိုင်ရန် အဆင်သင့်မဖြစ်သေးဟု နည်းပြ ဂွါဒီယိုလာက ပြောကြား သည်။

စနေနေ့က အိုးထရက်ဖို့ဒ် ကွင်းတွင် မန်စီးတီးသည် ပထမ ပိုင်း၌ ပွဲကို ကြီးစိုးနိုင်ခဲ့သော် လည်း ဒုတိယပိုင်းပြီးဆုံးခါနီး တွင် ရုန်းကန်ခဲ့ရသည်။ မန်ယူကဒုတိယပိုင်းတွင်  ဖိအားပေးနိုင်ခဲ့ သော်လည်း မန်စီးတီး သုံးမှတ်ရရှိ ခဲ့သည်။

သို့သော်မန်စီးတီးအသင်း သားများအနေဖြင့် ချန်ပီယံလိဂ် တွင် ရင်ဆိုင်ရမည့် ထိပ်တန်း အသင်းများနှင့် ယှဉ်နိုင်ရန် ပွဲက စားချိန် အများစုကို စိုးမိုးထားနိုင် ရေး လေ့လာစရာများရှိသေး သည်ဟု ဂွါဒီယိုလာက ပြော သည်။

မန်စီးတီးသည် ချန်ပီယံလိဂ် အုပ်စု (င)တွင် ဂွါဒီယိုလာ၏ အ သင်းဟောင်း ဘာစီလိုနာ၊ ဆဲလ် တစ်၊ မိုချန်ဂလာဘတ်တို့နှင့် ရင် ဆိုင်ရမည်ဖြစ်သည်။

‘‘ကျွန်တော်တို့ ဝက်စ်ဟမ်း နဲ့ ပွဲပထမပိုင်းမှာ ထိပ်တန်းခြေ စွမ်းမျိုးနဲ့ ကစားခဲ့တယ်။ ဒီနေ့ လည်း အဲဒီလိုပဲ ကျွန်တော်တို့ဟာ အဆင့်ပိုမြင့်တဲ့ ကစားသမားတွေ နဲ့ ယှဉ်ပြီး ပထမပိုင်းမှာ ကောင်း ကောင်းကစားနိုင်ခဲ့တယ်။ ဒါပေမဲ့ ဥရောပမှာ ပြိုင်ဖို့အသင့်ဖြစ် ပြီလားမေးရင် အသင့်မဖြစ်သေး ဘူးလို့ ပြောရပါမယ်။ ကျွန်တော်တို့ တိုက်စစ်ပိုင်းမှာ လိုအပ်မှု တွေရှိနေပါသေးတယ်’’ဟု ဂွါဒီယိုလာကပြောသည်။

မန်စီးတီးသည် ပထမဆုံး ချန်ပီယံလိဂ်အုပ်စုပွဲကို မိုချန်ဂ လာဘတ်နှင့် စက်တင်ဘာ ၁၄ ရက် နံနက် ၁ နာရီ ၁၅ မိနစ်တွင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top