Property Expo
×

မံုရြာ၊ စက္တင္ဘာ ၂

စစ္ကိုင္းတိုင္းေဒသၾကီး မံုရြာျမိဳ႕ စက္မႈဇုန္ရပ္ကြက္၊ နယ္ေျမအမွတ္(၅)၊ လမ္းအမွတ္(၃၉)ရွိ ခ်ည္ထည္စက္ရံုတစ္လံုးမွာ စက္တင္ဘာ ၁ ရက္ေန႔ည ၉ နာရီ ၂၂ မိနစ္အခ်ိန္က ဂြမ္းဖတ္စက္လည္ပတ္ေနစဥ္ ဂြမ္းထည္စအတြင္း ေက်ာက္ခဲညွပ္၍ ပါသြားခဲ႔ရာ ယင္းေက်ာက္ခဲအား ဂြမ္းဖတ္ၾကိတ္လံုးျဖင္႔ ထိခိုက္မိျပီး ထိုမွတဆင္႔ မီးျဖစ္ေပၚကာ စတင္ေလာင္ကၽြမ္းခဲ႔ျခင္းျဖစ္သည္ဟု စစ္ကိုင္းတိုင္းေဒသၾကီး မီးသတ္ဦးစီးဌာန ညႊန္ၾကားေရးမွဴး ဦးမင္းစမ္းေအး မွ အတည္ျပဳမွတ္တမ္းမ်ား ရယူထားသည္။



အဆိုပါ မီးေလာင္မႈျဖစ္ပြားသည္႔ေနရာသို႔ မီးျငိမ္းသတ္ယာဥ္(၁၂)စီး၊ ေရသယ္ယာဥ္(၁၁)စီး၊ ကြက္ကဲေရးယာဥ္(၁)စီး၊ မီးသတ္တပ္ဖြဲ႔၀င္ (၁၀၀)၊ဦး၊ ရဲတပ္ဖြဲ႔၀င္(၇၀)ဦးႏွင္႔ ေဒသခံျပည္သူ (၁၀၀)ဦးတို႔မွ ၀ိုင္း၀န္းျငိမ္းသတ္ခဲ႔ရာ ည ၉ နာရီ ၄၅ မိနစ္အခ်ိန္တြင္ မီးညႊန္႕က်ိဳးျပီးေနာက္ မိနစ္ပိုင္းအတြင္း အျပီးသတ္ ျငိမ္းသတ္နိုင္ခဲ႔သည္။

ထိုသို႔ မီးျငိမ္းသတ္ေနစဥ္ အရံမီးသတ္တပ္ဖြဲ႔၀င္တစ္ဦးမွာ ဂြမ္းစမ်ားေလာင္ကၽြမ္းေနသည္႔ စက္ရံုအတြင္းသို႔ မီးျငိမ္းသတ္ရန္ ရုတ္တရက္၀င္ေရာက္စဥ္ မီးခခိုးလံႈးမ်ား ပိတ္ဆို႔ျပီးေနာက္ ၎ေနရာတြင္ သတ္ေမ႔သြားခဲံသည္။ ထို႔ေၾကာင္႔ မီးေလာင္မႈျဖစ္ပြားသည္႔ေနရာသို႔ ကူညီေပးရန္ အသင္႔ေရာက္ရွိေနသည္ လူမႈကူညီေရး အသင္းယာဥ္ျဖင္႔ မံုရြာေဆးရံုသို႔ ပို႔ေဆာင္ခဲ႔ေၾကာင္း သိရွိရသည္။

  ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thit Htoo Lwin

#Unicode Version
မုံရွာ၊ စက်တင်ဘာ ၂

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ စက်မှုဇုန်ရပ်ကွက်၊ နယ်မြေအမှတ်(၅)၊ လမ်းအမှတ်(၃၉)ရှိ ချည်ထည်စက်ရုံတစ်လုံးမှာ စက်တင်ဘာ ၁ ရက်နေ့ည ၉ နာရီ ၂၂ မိနစ်အချိန်က ဂွမ်းဖတ်စက်လည်ပတ်နေစဉ် ဂွမ်းထည်စအတွင်း ကျောက်ခဲညှပ်၍ ပါသွားခဲ့ရာ ယင်းကျောက်ခဲအား ဂွမ်းဖတ်ကြိတ်လုံးဖြင့် ထိခိုက်မိပြီး ထိုမှတဆင့် မီးဖြစ်ပေါ်ကာ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး မှ အတည်ပြုမှတ်တမ်းများ ရယူထားသည်။


အဆိုပါ မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ မီးငြိမ်းသတ်ယာဉ်(၁၂)စီး၊ ရေသယ်ယာဉ်(၁၁)စီး၊ ကွက်ကဲရေးယာဉ်(၁)စီး၊ မီးသတ်တပ်ဖွဲ့ဝင် (၁၀၀)၊ဦး၊ ရဲတပ်ဖွဲ့ဝင်(၇၀)ဦးနှင့် ဒေသခံပြည်သူ (၁၀၀)ဦးတို့မှ ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် မီးညွှန့်ကျိုးပြီးနောက် မိနစ်ပိုင်းအတွင်း အပြီးသတ် ငြိမ်းသတ်နိုင်ခဲ့သည်။


ထိုသို့ မီးငြိမ်းသတ်နေစဉ် အရံမီးသတ်တပ်ဖွဲ့ဝင်တစ်ဦးမှာ ဂွမ်းစများလောင်ကျွမ်းနေသည့် စက်ရုံအတွင်းသို့ မီးငြိမ်းသတ်ရန် ရုတ်တရက်ဝင်ရောက်စဉ် မီးခခိုးလှုံးများ ပိတ်ဆို့ပြီးနောက် ၎င်းနေရာတွင် သတ်မေ့သွားခဲံသည်။ ထို့ကြောင့် မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ကူညီပေးရန် အသင့်ရောက်ရှိနေသည် လူမှုကူညီရေး အသင်းယာဉ်ဖြင့် မုံရွာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။



  ဖိုးသူတော် (www.phothutaw.com)
Credit:Thit Htoo Lwin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top