Property Expo
×

ဦးေႏွာက္ကင္ဆာဟာ အေမရိကန္ ကေလးငယ္ေတြမွာ ေသဆုံးမႈအမ်ားအဆုံး ျဖစ္ေစတဲ့ ကင္ဆာေရာဂါ ျဖစ္လာေၾကာင္း ေရာဂါထိန္းခ်ဳပ္ေရးနဲ႕ ကာကြယ္ေရးဌာနက ေျပာပါတယ္။

ယခင္က အေမရိကန္ ကေလးငယ္ေတြ ကင္ဆာေၾကာင့္ေသဆံုးရမႈမွာ ေသြးကင္ဆာေၾကာင့္ အမ်ားဆုံးျဖစ္ခဲ့ေပမဲ့ ေဆးပညာတုိးတက္မႈအရ ေသြးကင္ဆာကုထုးမ်ား ေအာင္ျမင္လာခဲ့ရာ ဦးေႏွာက္ကင္ဆာဟာ ကေလးေတြ ေသဆုံးမႈအမ်ားဆုံး ျဖစ္ေစတဲ့ ေရာဂါျဖစ္လာပါတယ္။

၁၉၉၉ ခုႏွစ္က ကင္ဆာေၾကာင့္ေသဆုံးတဲ့ အေမရိကန္ကေလး သုံးဦးမွာတစ္ဦးဟာ ေသြးကင္ဆာေၾကာင့့္ ျဖစ္ခဲ့ၿပီး ထုိစဥ္က ဦးေႏွာက္ကင္ဆာေၾကာင့္ ေသဆုံးရမႈဟာ ေလးဦးမွာတစ္ဦးႏႈန္း ျဖစ္ခဲ့ပါတယ္။

၂၀၁၄ ခုႏွစ္မွာေတာ့ အဆုိပါႏႈန္းဟာ ေျပာင္းျပန္ျဖစ္သြားခဲ့ေၾကာင္း ကေလးသူငယ္ ကင္ဆာေရာဂါေၾကာင့္ ေသဆုံးမႈမ်ားအေပၚ သုေတသီေတြရဲ႕ ေလ့လာဆန္းစစ္မႈအရ သိရပါတယ္။

အေမရိကန္မွာ ကေလးငယ္ေတြ ကင္ဆာေၾကာင့္ ေသဆုံးရမႈမွာ ၁၉၉၉ ခုႏွစ္ကထက္ ၂၀ ရာခုိင္ႏႈန္း ေလ်ာ့က်သြားေၾကာင္း က်န္းမာေရး အခ်က္အလက္ဆုိင္ရာအမ်ဳိးသားဌာနက ေျပာပါတယ္။ ၂၀၁၄ ခုႏွစ္အတြင္း အသက္ တစ္ႏွစ္မွ ၁၉ ႏွစ္အ႐ြယ္ ကေလးနဲ႕ ဆယ္ေက်ာ္သက္ ၁၀၀,၀၀၀ မွာ ကင္ဆာေၾကာင့္ ေသဆုံးမႈ ၂.၂၈ ျဖစ္ေၾကာင္း အဆုိပါဌာနက ဆုိပါတယ္။

၂၀၁၄ ခုႏွစ္မွာ ေသြးကင္ဆာေၾကာင့္ ကေလးငယ္ ၄၄၅ ဦး ေသဆုံးခဲ့ၿပီး ၁၉၉၉ ခုႏွစ္က ၆၄၅ ဦးထက္ ေလ်ာ့က်သြားခဲ့ပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ဦးေႏွာက္ကင္ဆာေၾကာင့္ ကေလးေသဆုံးမႈမွာ ၅၃၄ ဦး႐ွိလာၿပီး ၁၉၉၉ ခုႏွစ္ ၅၁၆ ဦးထက္ အနည္းငယ္ ျမင့္တက္လာေၾကာင္း သုေတသီေတြရဲ႕ ေလ့လာမႈအရ သိ႐ွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version

ဦးနှောက်ကင်ဆာဟာ အမေရိကန် ကလေးငယ်တွေမှာ သေဆုံးမှုအများအဆုံး ဖြစ်စေတဲ့ ကင်ဆာရောဂါ ဖြစ်လာကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ပြောပါတယ်။

ယခင်က အမေရိကန် ကလေးငယ်တွေ ကင်ဆာကြောင့်သေဆုံးရမှုမှာ သွေးကင်ဆာကြောင့် အများဆုံးဖြစ်ခဲ့ပေမဲ့ ဆေးပညာတိုးတက်မှုအရ သွေးကင်ဆာကုထုးများ အောင်မြင်လာခဲ့ရာ ဦးနှောက်ကင်ဆာဟာ ကလေးတွေ သေဆုံးမှုအများဆုံး ဖြစ်စေတဲ့ ရောဂါဖြစ်လာပါတယ်။

၁၉၉၉ ခုနှစ်က ကင်ဆာကြောင့်သေဆုံးတဲ့ အမေရိကန်ကလေး သုံးဦးမှာတစ်ဦးဟာ သွေးကင်ဆာကြောင့့် ဖြစ်ခဲ့ပြီး ထိုစဉ်က ဦးနှောက်ကင်ဆာကြောင့် သေဆုံးရမှုဟာ လေးဦးမှာတစ်ဦးနှုန်း ဖြစ်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်မှာတော့ အဆိုပါနှုန်းဟာ ပြောင်းပြန်ဖြစ်သွားခဲ့ကြောင်း ကလေးသူငယ် ကင်ဆာရောဂါကြောင့် သေဆုံးမှုများအပေါ် သုတေသီတွေရဲ့ လေ့လာဆန်းစစ်မှုအရ သိရပါတယ်။

အမေရိကန်မှာ ကလေးငယ်တွေ ကင်ဆာကြောင့် သေဆုံးရမှုမှာ ၁၉၉၉ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်း လျော့ကျသွားကြောင်း ကျန်းမာရေး အချက်အလက်ဆိုင်ရာအမျိုးသားဌာနက ပြောပါတယ်။ ၂၀၁၄ ခုနှစ်အတွင်း အသက် တစ်နှစ်မှ ၁၉ နှစ်အရွယ် ကလေးနဲ့ ဆယ်ကျော်သက် ၁၀၀,၀၀၀ မှာ ကင်ဆာကြောင့် သေဆုံးမှု ၂.၂၈ ဖြစ်ကြောင်း အဆိုပါဌာနက ဆိုပါတယ်။

၂၀၁၄ ခုနှစ်မှာ သွေးကင်ဆာကြောင့် ကလေးငယ် ၄၄၅ ဦး သေဆုံးခဲ့ပြီး ၁၉၉၉ ခုနှစ်က ၆၄၅ ဦးထက် လျော့ကျသွားခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ ဦးနှောက်ကင်ဆာကြောင့် ကလေးသေဆုံးမှုမှာ ၅၃၄ ဦးရှိလာပြီး ၁၉၉၉ ခုနှစ် ၅၁၆ ဦးထက် အနည်းငယ် မြင့်တက်လာကြောင်း သုတေသီတွေရဲ့ လေ့လာမှုအရ သိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top