Kantharyar Centre
×

ၾသဂုတ္ ၂၄ ရက္ ငလ်င္လႈပ္ခတ္ၿပီးေနာက္ ေတြ႔ရသည့္ ပုဂံေရွးေဟာင္းဘုရားမ်ား။ ဓာတ္ပံု−ေဂ်ေမာင္ေမာင္(အမရပူရ)

ငလ်င္ဒဏ္သင့္ ပုဂံသို႔ကမၻာ လွည့္ခရီးသြားမ်ား လည္ပတ္မႈ ေလ်ာ့က်ျခင္းမရွိေစရန္ ႏိုင္ငံအ သီးသီးသို႔ သြားေရာက္၍ ခရီး သြားပ႐ိုမိုးရွင္းမ်ား ျပဳလုပ္ဖိတ္ ေခၚမည္ျဖစ္ေသာေၾကာင့္ ပုဂံသူ၊ ပုဂံသားမ်ား အားမငယ္ၾကရန္ ဟိုတယ္ႏွင့္ ခရီးသြားလာေရး၀န္ ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦး အုန္းေမာင္က ေျပာၾကားသည္။

ငလ်င္ဒဏ္ေၾကာင့္ ပ်က္စီး ခဲ့ေသာ ပုဂံၿမိဳ႕ရွိ ေစတီပုထိုးမ်ား ကို ၾကည့္႐ႈစစ္ေဆးရန္ စက္တင္ဘာ ၅ ရက္က ဒုသမၼတဦးဟင္နရီဗန္ထီးယူႏွင့္အတူ လိုက္ပါလာေသာ ဟိုတယ္ႏွင့္ခရီးသြားလာေရး၀န္ ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဦးအုန္းေမာင္က ေဒသခံမ်ားအား အထက္ပါအတိုင္း ေျပာၾကားခဲ့ ျခင္းျဖစ္သည္။


‘‘ပုဂံက ဟိုတယ္ခရီးသြား အတြက္ အင္မတန္မွအေရးႀကီး တဲ့အပိုင္းျဖစ္ပါတယ္။ လာမယ့္ ၂၂ ရက္မွာ ဂ်ပန္မွာျပဳလုပ္မယ့္ ပြဲကိုလည္း ကြၽန္ေတာ္ကိုယ္တိုင္ သြားေရာက္ၿပီးေတာ့မွ ကြၽန္ေတာ္ တို႔ႏိုင္ငံကို ဂ်ပန္ခရီးသည္ေတြ ယခင္ထက္ပိုၿပီးေတာ့မွ လာ ေရာက္လည္ပတ္ဖို႔ ေနာက္ၿပီး ငလ်င္အတြက္ လွဴဒါန္းေပးဖို႔ ဆြဲ ေဆာင္ပါ့မယ္။ တင္ျပပါ့မယ္။ပုဂံ သူ ပုဂံသားေတြ ေနာက္ဒီမွာလုပ္ ေနတဲ့ လုပ္ငန္းရွင္ေတြ ဘာမွ အားမငယ္ၾကဖို႔ ဆက္လက္ၿပီး ေတာ့မွ ပုဂံကိုတိုးတက္ရာတုိး တက္ေၾကာင္း ကြၽန္ေတာ္တို႔ ဟို တယ္ခရီး၀န္ႀကီးဌာနက အတတ္ ႏိုင္ဆံုးႀကိဳးစားပါမယ္လို႔ တင္ျပ ပါတယ္’’ဟု ျပည္ေထာင္စု၀န္ႀကီး ဦးအုန္းေမာင္ကေျပာၾကားသည္။

ပုဂံေဒသခံမ်ားသည္ ကမၻာ လွည့္ခရီးသြားမ်ား လာေရာက္ လည္ပတ္မႈအေပၚ မွီခိုရေသာ လုပ္ငန္းမ်ားသာ အဓိက လုပ္ကိုင္ၾကေနျခင္းျဖစ္သည္။ ငလ်င္ဒဏ္ေၾကာင့္ ခရီးသြားမ်ားလာေရာက္လည္ပတ္မႈ ေလ်ာ့နည္းမည္ကို ေဒသခံမ်ားကစိုးရိမ္ပူပန္လ်က္ရွိသည္။

‘‘ပုဂံေဒသကို ဧည့္သည္ ေတြ လာေရာက္လည္ပတ္တဲ့အ ခါမွာ ဦးေရနည္းသြားျခင္းမရွိ ေအာင္၊ လာေရာက္ႏိုင္ေအာင္ ႏိုင္ငံအသီးသီးမွာရွိတဲ့ ပ႐ိုမိုးရွင္း ပြဲေတြကို ဆက္တိုက္သြားေရာက္ ၿပီးေတာ့မွ ပုဂံေဒသအေၾကာင္း ကို ကြၽန္ေတာ္တို႔ကိုယ္တိုင္ကိုယ္ က် တင္ျပမွာျဖစ္ပါတယ္။ မနက္ ျဖန္ဆိုရင္ ကြၽန္ေတာ့္ရဲ႕ အၿမဲ တမ္းအတြင္း၀န္က ဗီယက္နမ္ ႏိုင္ငံကိုသြားၿပီးေတာ့မွ ယူနက္ စကိုက တင္ျပထားတဲ့ အခ်က္ ေတြနဲ႔ပူးေပါင္းၿပီးေတာ့မွ ခရီး သြားလုပ္ငန္းက႑ကို ျမႇင့္တင္ဖို႔၊ ေနာက္ ပုဂံေဒသကို လာေရာက္ဖို႔ အတြက္ ကြၽန္ေတာ္တုိ႔ ခရီးသြား ပ႐ိုမိုးရွင္းသြားလုပ္ပါ့မယ္’’ဟု၎ က ဆက္လက္ေျပာသည္။

လာမည့္ေဆာင္္းရာသီ ခရီး သြားကာလမ်ားတြင္ အေပၚသို႔ တက္၍ရသည့္ဘုရားမ်ား ဆက္ လက္ပိတ္ထားပါက ဧည့္သည္ လာေရာက္မႈနည္းမည္ဟု ပုဂံံ ေဒသခံ ဧည့္လမ္းၫႊန္ ဦးေဇာ္ ၀င္းခ်ိဳက ေျပာသည္။

‘‘အရင္လာေနက် ဧည့္ သည္ေတြက ဟိုဘုရားပိတ္ထား သလား၊ ဒီဘုရားပိတ္ထားသ လားဆိုၿပီး လွမ္းေမးတာေတြရွိ တယ္။ ဘုရားေတြကို ပိတ္သင့္ တာလည္း ပိတ္ေပါ့။ ဖြင့္လို႔ရတဲ့ ဟာေတြလည္း အျမန္ျပန္ဖြင့့္ေပး ရမယ္။ ဘုရားေတြ ျပန္ဖြင့္မေပး ရင္ ခရီးသြားေတြ က်သြားမယ္။ သူတုိ႔က ပုဂံကုိလာရင္ ဘုရားေပၚ တက္ၿပီးေန၀င္ခ်ိန္ၾကည့္ခ်င္ၾက တာေလ။  ပံုမွန္ကေတာ့ လာေန မယ္။ တိုးေတာ့မသြားႏိုင္ဘူး’’ ဟု ၎ကေျပာသည္။

ၿပီးခဲ့သည့္ ၂၀၁၅ အတြင္း ပုဂံေဒသသို႔ကမၻာလွည့္ခရီးသည္ ႏွစ္သိန္းေျခာက္ေသာင္း လာေရာက္ခဲ့သည္။ အဆိုပါအေရအတြက္သည္ တစ္ႏွစ္အတြင္း ျမန္မာႏိုင္ငံသို႔ လာေရာက္လည္ပတ္သည့္ ခရီးသြားစုစုေပါင္း၏ ၁၀ ပံုတစ္ပံုခန္႔ျဖစ္သည္။ ထိုပမာဏကို အခ်ိဳးခ်ၾကည့္ပါက ကမၻာလွည့္ခရီးသည္ ၁၀ ဦး လာတိုင္း ႏွစ္ဦးသည္ ပုဂံသို႔သြားေရာက္ျခင္းျဖစ္သည္။

လက္ရွိအခ်ိန္တြင္ ပုဂံေဒသ သို႔ တစ္ရက္လွ်င္ ကမၻာလွည့္ခရီး သြား ၃၀၀ ခန္႔ လာေရာက္လည္ ပတ္ေနေၾကာင္း သတင္းရရွိ သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
သြဂုတ် ၂၄ ရက် ငလျင်လှုပ်ခတ်ပြီးနောက် တွေ့ရသည့် ပုဂံရှေးဟောင်းဘုရားများ။ ဓာတ်ပုံ−ဂျေမောင်မောင်(အမရပူရ)

ငလျင်ဒဏ်သင့် ပုဂံသို့ကမ္ဘာ လှည့်ခရီးသွားများ လည်ပတ်မှု လျော့ကျခြင်းမရှိစေရန် နိုင်ငံအ သီးသီးသို့ သွားရောက်၍ ခရီး သွားပရိုမိုးရှင်းများ ပြုလုပ်ဖိတ် ခေါ်မည်ဖြစ်သောကြောင့် ပုဂံသူ၊ ပုဂံသားများ အားမငယ်ကြရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး အုန်းမောင်က ပြောကြားသည်။

ငလျင်ဒဏ်ကြောင့် ပျက်စီး ခဲ့သော ပုဂံမြို့ရှိ စေတီပုထိုးများ ကို ကြည့်ရှုစစ်ဆေးရန် စက်တင်ဘာ ၅ ရက်က ဒုသမ္မတဦးဟင်နရီဗန်ထီးယူနှင့်အတူ လိုက်ပါလာသော ဟိုတယ်နှင့်ခရီးသွားလာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဒေသခံများအား အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်းဖြစ်သည်။


‘‘ပုဂံက ဟိုတယ်ခရီးသွား အတွက် အင်မတန်မှအရေးကြီး တဲ့အပိုင်းဖြစ်ပါတယ်။ လာမယ့် ၂၂ ရက်မှာ ဂျပန်မှာပြုလုပ်မယ့် ပွဲကိုလည်း ကျွန်တော်ကိုယ်တိုင် သွားရောက်ပြီးတော့မှ ကျွန်တော် တို့နိုင်ငံကို ဂျပန်ခရီးသည်တွေ ယခင်ထက်ပိုပြီးတော့မှ လာ ရောက်လည်ပတ်ဖို့ နောက်ပြီး ငလျင်အတွက် လှူဒါန်းပေးဖို့ ဆွဲ ဆောင်ပါ့မယ်။ တင်ပြပါ့မယ်။ပုဂံ သူ ပုဂံသားတွေ နောက်ဒီမှာလုပ် နေတဲ့ လုပ်ငန်းရှင်တွေ ဘာမှ အားမငယ်ကြဖို့ ဆက်လက်ပြီး တော့မှ ပုဂံကိုတိုးတက်ရာတိုး တက်ကြောင်း ကျွန်တော်တို့ ဟို တယ်ခရီးဝန်ကြီးဌာနက အတတ် နိုင်ဆုံးကြိုးစားပါမယ်လို့ တင်ပြ ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်ကပြောကြားသည်။

ပုဂံဒေသခံများသည် ကမ္ဘာ လှည့်ခရီးသွားများ လာရောက် လည်ပတ်မှုအပေါ် မှီခိုရသော လုပ်ငန်းများသာ အဓိက လုပ်ကိုင်ကြနေခြင်းဖြစ်သည်။ ငလျင်ဒဏ်ကြောင့် ခရီးသွားများလာရောက်လည်ပတ်မှု လျော့နည်းမည်ကို ဒေသခံများကစိုးရိမ်ပူပန်လျက်ရှိသည်။

‘‘ပုဂံဒေသကို ဧည့်သည် တွေ လာရောက်လည်ပတ်တဲ့အ ခါမှာ ဦးရေနည်းသွားခြင်းမရှိ အောင်၊ လာရောက်နိုင်အောင် နိုင်ငံအသီးသီးမှာရှိတဲ့ ပရိုမိုးရှင်း ပွဲတွေကို ဆက်တိုက်သွားရောက် ပြီးတော့မှ ပုဂံဒေသအကြောင်း ကို ကျွန်တော်တို့ကိုယ်တိုင်ကိုယ် ကျ တင်ပြမှာဖြစ်ပါတယ်။ မနက် ဖြန်ဆိုရင် ကျွန်တော့်ရဲ့ အမြဲ တမ်းအတွင်းဝန်က ဗီယက်နမ် နိုင်ငံကိုသွားပြီးတော့မှ ယူနက် စကိုက တင်ပြထားတဲ့ အချက် တွေနဲ့ပူးပေါင်းပြီးတော့မှ ခရီး သွားလုပ်ငန်းကဏ္ဍကို မြှင့်တင်ဖို့၊ နောက် ပုဂံဒေသကို လာရောက်ဖို့ အတွက် ကျွန်တော်တို့ ခရီးသွား ပရိုမိုးရှင်းသွားလုပ်ပါ့မယ်’’ဟု၎င်း က ဆက်လက်ပြောသည်။

လာမည့်ဆောင်းရာသီ ခရီး သွားကာလများတွင် အပေါ်သို့ တက်၍ရသည့်ဘုရားများ ဆက် လက်ပိတ်ထားပါက ဧည့်သည် လာရောက်မှုနည်းမည်ဟု ပုဂံံ ဒေသခံ ဧည့်လမ်းညွှန် ဦးဇော် ဝင်းချိုက ပြောသည်။

‘‘အရင်လာနေကျ ဧည့် သည်တွေက ဟိုဘုရားပိတ်ထား သလား၊ ဒီဘုရားပိတ်ထားသ လားဆိုပြီး လှမ်းမေးတာတွေရှိ တယ်။ ဘုရားတွေကို ပိတ်သင့် တာလည်း ပိတ်ပေါ့။ ဖွင့်လို့ရတဲ့ ဟာတွေလည်း အမြန်ပြန်ဖွင့်ပေး ရမယ်။ ဘုရားတွေ ပြန်ဖွင့်မပေး ရင် ခရီးသွားတွေ ကျသွားမယ်။ သူတို့က ပုဂံကိုလာရင် ဘုရားပေါ် တက်ပြီးနေဝင်ချိန်ကြည့်ချင်ကြ တာလေ။  ပုံမှန်ကတော့ လာနေ မယ်။ တိုးတော့မသွားနိုင်ဘူး’’ ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ အတွင်း ပုဂံဒေသသို့ကမ္ဘာလှည့်ခရီးသည် နှစ်သိန်းခြောက်သောင်း လာရောက်ခဲ့သည်။ အဆိုပါအရေအတွက်သည် တစ်နှစ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ခရီးသွားစုစုပေါင်း၏ ၁၀ ပုံတစ်ပုံခန့်ဖြစ်သည်။ ထိုပမာဏကို အချိုးချကြည့်ပါက ကမ္ဘာလှည့်ခရီးသည် ၁၀ ဦး လာတိုင်း နှစ်ဦးသည် ပုဂံသို့သွားရောက်ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပုဂံဒေသ သို့ တစ်ရက်လျှင် ကမ္ဘာလှည့်ခရီး သွား ၃၀၀ ခန့် လာရောက်လည် ပတ်နေကြောင်း သတင်းရရှိ သည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top