Property Expo
×
အသည်းကွဲတဲ့ဝေဒနာဟာ ကုစားရအခက်ဆုံး ဝေဒနာတစ်ရပ်ပါပဲ။ ကိုယ်နဲ့စိတ်ခံစားချက် အနီးစပ်ဆုံး ရှိခဲ့တဲ့သူက ခုအချိန်မှာ ကိုယ်နဲ့အဝေးကွာဆုံး လူသားတစ်ယောက်ဖြစ်သွားတာကို ဘယ်သူကများ ခံစားနိုင်မှာလဲနော်။ ဒါပေမယ့် အသေအချာကို လမ်းခွဲလိုက်ရပြီဆိုတာ သေချာသွားတာနဲ့အမျှ ဒီဝေဒနာတွေကို အချိန်ကြာမြင့်စွာ နာကျင်ထမ်းပိုးရင်း လျှောက်လှမ်းသွားမှာလား။
ဒါမှမဟုတ် ကိုယ့်အတွက် ခေါင်းအေးအေးစဉ်းစားပြီး အတည်ငြိမ်ဆုံး ဖြတ်သန်းကျော်လွှားသွားမလားဆိုတာ ရွေးချယ်ရတော့မှာပါ။ သင်ဟာ ဒီအသည်းကွဲဝေဒနာကို အမြန်ဆုံးကုစားချင်တယ်ဆိုရင်တော့ တစ်လအတွင်း သင့်ဝေဒနာလျော့ပါးသက်သာစေမယ့် နည်းလေးတွေ ပေးလိုက်ပါရစေ။ ဒီနည်းလေးတွေကို တစ်လအတွင်း တစ်ရက်ချင်းစီ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။
၁။သင့်ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး သတိရလွမ်းဆွတ်နေမယ့်အရာတွေကို စာရင်းလုပ်ပါ။ လုံးဝမလွမ်းမယ့် အရာတွေကိုလည်း စာရင်းလုပ်လိုက်ပါ။
၂။ သင့်အတွက် အားဖြစ်စေမယ့် သီချင်းတွေကို စားရင်လုပ်ပါ။ ရွေးပါ။
၃။ အချစ်အကြောင်းမပါတဲ့ သီချင်းတွေချည်း နားထောင်ပါ။ အထူးသဖြင့် သူနဲ့အတူ နားထောင်ခဲ့တဲ့ ကြိုက်ခဲ့တဲ့ သီချင်းတွေကို လုံးဝနားမထောင်မိပါစေနဲ့။
၄။ ပရိုဖိုင်းပုံ အသစ်လေး အမိုက်စားလေး ပြောင်းလိုက်ပါ။
၅။ အရင်တုန်းက ကိုယ်ကြိတ်ကြွေခဲ့ရတဲ့ အဆိုတော်၊ မင်းသား၊ ဒါမှမဟုတ် ကောင်လေး၊ကောင်မလေး စတဲ့သူတွေကို သင့်စိတ်ကြိုက် Like လုပ်နိုင်ပါပြီ။
၇။ သင့်စိတ်ထဲ စားချင်တဲ့ အစားအစာ၊ ရေခဲမုန့်စတာတွေကို စားပါ။
၈။ သင့်ရည်းစားဟောင်းနဲ့ ပတ်သက်ပြီး သင်စိတ်ထဲ ပေါက်ကွဲသမျှအားလုံး ချရေးလိုက်ပြီး၊ အဲ့ဒီစာရွက်ကို ဆုတ်ဖြဲပစ်လိုက်ပါ။
၉။အခင်မင်ရဆုံး သူငယ်ချင်းနဲ့ တွေ့ပြီး နေ့လည်စာတူတူစားပါ။
၁၀။ညဘက် အပြင်ထွက်ပါ။ အပေါင်းအသင်းတွေနဲ့ ပျော်စရာညလေး ဖန်တီးပါ။ စိတ်ထဲရှိတာတွေအားလုံး ပေါ့ပါးသွားအောင် နေပါ။
READ  ကမ္ဘာ့အကြီးဆုံး တင်ပါး ပိုင်ရှင်
၁၁။အွန်လိုင်းကဖြစ်ဖြစ်၊ သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ဖြစ် အရမ်းမခင် မရင်းနှီးတဲ့ သူငယ်ချင်းအသစ်နဲ့ တွေ့ပါ။ အမြင်အတွေးတွေကို ဖလှယ်ပါ။
၁၂။ကော်ဖီဆိုင်အမိုက်စာလေး ရှာပြီး အဲ့ဆိုင်လေးမှာ တစ်ယောက်တည်း စာအုပ်ဖတ်ပြီးတော့ဖြစ်ဖြစ်၊ သီချင်းနားထောင်ပြီးတော့ပဲဖြစ်ဖြစ် အချိန်ကုန်ဆုံးကြည့်ပါ။
၁၅။ဘယ်အချိန် ခရီးထွက်ရင် ကောင်းမလဲဆိုတာ အစီအစဉ် သေချာဆွဲပါ။ သွားဖြစ်အောင် သွားမယ်လို့ ဆုံးဖြတ်လိုက်ပါ။
၁၇။စွန့်စားရတဲ့ အလုပ်တစ်ခုကို စမ်းလုပ်ကြည့်ပါ။ ဒါမှမဟုတ် ပရဟိတအလုပ်တစ်ခုခုကို လုပ်ကြည့်ပါ။
၁၉။သင့်အခန်းအတွင်း အပြင်အဆင်တွေ ပြောင်းလဲပစ်လိုက်ပါ။ သင့်ဘာသာသင် ပြောင်းလဲမှုတစ်ခု စတင်ခံစားမိပါစေ။
၂၀။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ပါ။ အမြဲပုံမှန်လုပ်သွားနိုင်ရင် အကောင်းဆုံးပေါ့။
၂၁။သင့်ရည်းစားဟောင်းကို ဆိုရှယ်မီဒီယာမှာ ဘလော့လိုက်ပါ။ ဒါအစပိုင်းမှာ သင့်စိတ်ခံစားမှုအတွက် တင်းကြပ်ပြီး ခံစားရခက်နိုင်ပေမယ့် နောက်ပိုင်းမှာ သင်နေလို့ထိုင်လို့ အရမ်းကောင်းသွားပါလိမ့်မယ်။
၂၂။သူစိမ်းတစ်ယောက်ယောက်ကို ကူညီလိုက်ပါ။ သင့်အတွက် အမှတ်တရတစ်ခု ဖန်တီးသလို ခံစားမိပါစေ။
၂၃။စိတ်စွမ်းအားကို မြှင့်တင်ပေးမယ့် စာအုပ်မျိုးရှာဖတ်ပါ။
၂၄။ ရယ်မောစရာ ဟာသကားတွေ ထိုင်ကြည့်ပစ်လိုက်ပါ။
၂၅။လက်သည်းနီဆိုးပါ၊ လက်သည်းဒီဇိုင်းအမိုက်စား ဖန်တီးကြည့်ပါ။၏
၂၆။ဒီအချိန်ကစပြီး သင်ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်သလဲဆိုတာကို တွေးပြီးရေးထားပါ။ (၂)နှစ်အတွင်း သင်ဘာဖြစ်အောင်လုပ်မယ်ဆိုပြီး စတင်ကြိုးစားပါ။
READ  လူငယ်ဘဝမှာ မပြောသင့်သော စကားများ
၂၇။သူငယ်ချင်းတွေနဲ့ အပြင်သွားတဲ့အခါ ရိုက်ထားတဲ့ပုံတွေကို သင့် facebook မှာပို့စ်လုပ်ပါ။
၂၈။သင့်ရည်းစားဟောင်းနဲ့ ဘယ်တုန်းကမှ လုပ်ခွင့်မရခဲ့တဲ့ အရာရှိရင် ဒါကိုလုပ်ဆောင်ပါ။
၂၉။မိသားစုကို အချိန်ပေးပါ။ သူတို့နဲ့အတူ အချိန်ကုန်ဆုံးပါ။
၃၀။ နောက်ထပ် ချစ်သူရည်းစားသစ်များရှိလာခဲ့ရင် ဒီပြီးဆုံးသွားတဲ့ အချစ်ရေးနဲ့ကွဲပြားစွာ သင်ဘာတွေလိုချင်သလဲဆိုတာကို စာရင်းလုပ်ထားပါ။
ဖိုးသူတော် (www.phothutaw.com)
Credit : lwinpyin