Property Expo
×

အမ်ိဳးသမီးအေလာင္း ေတြ႕ရွိရာ တုိက္ခန္းကို ရဲတပ္ဖြဲ႕ဝင္တစ္ဦး စစ္ေဆးေနစဥ္ (ဓာတ္ပံု − Zin Moe Facebook)

စမ္းေခ်ာင္းၿမိဳ႕နယ္ လင္းလြန္း(ေတာင္)ရပ္ကြက္ တေကာင္းလမ္းရွိ ေနအိမ္တုိက္ခန္းအတြင္း ေသဆုံးေနသည့္ အမ်ဳိးသမီး အေလာင္းတစ္ေလာင္းကုိ ေတြ႕ရွိခဲ့ေၾကာင္း သတင္းရရွိသည္။

ေသဆုံးသူအမ်ဳိးသမီးသည္ အသက္(၂၀)အရြယ္ရွိ မသၪၨာေအာင္ျဖစ္ၿပီး ေနအိမ္အခန္းအတြင္းမွ အပုပ္နံ႔ရရွိလာသည့္အ တြက္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးႏွင့္ ရဲအရာရွိမ်ားက အခန္းတံခါးဖ်က္ကာ စက္တင္ဘာ ၆ ရက္ ညေန ၆ နာရီေက်ာ္တြင္ ၀င္ေရာက္ရွာေဖြစဥ္ အခန္းအတြင္း ေသဆုံးေနသည္ကို ျမင္ေတြ႕ခဲ့ရ ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး ရဲတပ္ဖဲြ႕မွ ရဲအရာရွိတစ္ဦးက ေျပာၾကားသည္။


 ‘‘ပတ္၀န္းက်င္အခန္းေတြ က အပုပ္နံ႔ရလို႔ စခန္းကို အေၾကာင္းၾကားတယ္။ သက္ေသေတြနဲ႔ အခန္းတံခါးဖ်က္ၿပီး ၀င္ၾကည့္ေတာ့ ေမြ႕ရာေပၚမွာ ေသေနတဲ့ အမ်ဳိးသမီးကို ေတြ႕တယ္။ အပုပ္နံ႔ေတြထြက္ေတာ့ ဘယ္အခ်ိန္ေလာက္က ေသလဲဆိုတာ မသိေသးဘူး’’ဟု ရဲအရာရွိကေျပာသည္။

ေသဆုံးသူ အေလာင္းကို ေဆးစစ္ႏုိင္ရန္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ တင္ပို႔ထားၿပီး အဆုိပါ တုိက္ခန္းတြင္ ေသဆုံးသူ အမ်ဳိးသမီးတစ္ဦးတည္း ေနထုိင္ေၾကာင္း ရဲအရာရွိကေျပာသည္။

‘‘ေသဆုံးသူ အခန္းမွာ စစ္ ေဆးေတာ့ မူးယစ္ေဆး၀ါးသုံး ခဲ ပတ္တစ္လိပ္ေတြ႕တယ္။ ၿပီးေတာ့ျပဳျပင္ထားတဲ့ ေရသန္႔တစ္ဘူးနဲ႔ ေကာ္ပုိက္ႏွစ္ေခ်ာင္းလည္း ေတြ႕တယ္။ ျပင္ပဒဏ္ရာရတာေတြေတာ့မရွိဘူး။ ေဆးစစ္ခ်က္ထြက္လာရင္ေတာ့ ဘာေၾကာင့္ေသတာလဲဆုိတာ သိရမွာပါ’’ဟု အဆိုပါရဲအရာရွိက ေျပာသည္။

ေသဆုံးသူအမ်ဳိးသမီးသည္ ဇူလုိင္ ၁၂ ရက္၌ ကန္ေတာ္ေလး အထူးကုေဆးခန္းတြင္ ေဆး႐ုံတက္ ဖူးၿပီး ယင္းေဆး႐ုံ၌ ေသြးစစ္ခ်က္ အရ ေသြးလြန္တုပ္ေကြးေရာဂါရွိ ေၾကာင္း ေဆးမွတ္တမ္း၌ ေရးသားထားသည္ဟု သိရသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အမျိုးသမီးအလောင်း တွေ့ရှိရာ တိုက်ခန်းကို ရဲတပ်ဖွဲ့ဝင်တစ်ဦး စစ်ဆေးနေစဉ် (ဓာတ်ပုံ − Zin Moe Facebook)

စမ်းချောင်းမြို့နယ် လင်းလွန်း(တောင်)ရပ်ကွက် တကောင်းလမ်းရှိ နေအိမ်တိုက်ခန်းအတွင်း သေဆုံးနေသည့် အမျိုးသမီး အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

သေဆုံးသူအမျိုးသမီးသည် အသက်(၂၀)အရွယ်ရှိ မသဉ္ဇာအောင်ဖြစ်ပြီး နေအိမ်အခန်းအတွင်းမှ အပုပ်နံ့ရရှိလာသည့်အ တွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲအရာရှိများက အခန်းတံခါးဖျက်ကာ စက်တင်ဘာ ၆ ရက် ညနေ ၆ နာရီကျော်တွင် ဝင်ရောက်ရှာဖွေစဉ် အခန်းအတွင်း သေဆုံးနေသည်ကို မြင်တွေ့ခဲ့ရ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


 ‘‘ပတ်ဝန်းကျင်အခန်းတွေ က အပုပ်နံ့ရလို့ စခန်းကို အကြောင်းကြားတယ်။ သက်သေတွေနဲ့ အခန်းတံခါးဖျက်ပြီး ဝင်ကြည့်တော့ မွေ့ရာပေါ်မှာ သေနေတဲ့ အမျိုးသမီးကို တွေ့တယ်။ အပုပ်နံ့တွေထွက်တော့ ဘယ်အချိန်လောက်က သေလဲဆိုတာ မသိသေးဘူး’’ဟု ရဲအရာရှိကပြောသည်။

သေဆုံးသူ အလောင်းကို ဆေးစစ်နိုင်ရန် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ထားပြီး အဆိုပါ တိုက်ခန်းတွင် သေဆုံးသူ အမျိုးသမီးတစ်ဦးတည်း နေထိုင်ကြောင်း ရဲအရာရှိကပြောသည်။

‘‘သေဆုံးသူ အခန်းမှာ စစ် ဆေးတော့ မူးယစ်ဆေးဝါးသုံး ခဲ ပတ်တစ်လိပ်တွေ့တယ်။ ပြီးတော့ပြုပြင်ထားတဲ့ ရေသန့်တစ်ဘူးနဲ့ ကော်ပိုက်နှစ်ချောင်းလည်း တွေ့တယ်။ ပြင်ပဒဏ်ရာရတာတွေတော့မရှိဘူး။ ဆေးစစ်ချက်ထွက်လာရင်တော့ ဘာကြောင့်သေတာလဲဆိုတာ သိရမှာပါ’’ဟု အဆိုပါရဲအရာရှိက ပြောသည်။

သေဆုံးသူအမျိုးသမီးသည် ဇူလိုင် ၁၂ ရက်၌ ကန်တော်လေး အထူးကုဆေးခန်းတွင် ဆေးရုံတက် ဖူးပြီး ယင်းဆေးရုံ၌ သွေးစစ်ချက် အရ သွေးလွန်တုပ်ကွေးရောဂါရှိ ကြောင်း ဆေးမှတ်တမ်း၌ ရေးသားထားသည်ဟု သိရသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top