Property Expo
×

Braveheart ဇာတ္ကား ၾကယ္ပြင့္မင္းသားႀကီး မဲလ္ဂစ္ဘ္ဆင္ (၆၀)ႏွစ္ႏွင့္ ၎ ၏ခ်စ္သူအသက္ (၂၆)ႏွစ္အရြယ္  ႐ိုဆာလင္းေရာ့စ္တို႔သည္ လာ မည့္ႏွစ္တြင္ ပထမဆံုး ရင္ေသြးကို ေမြးဖြားေတာ့မည္ဟု မဲလ္ဂစ္ဘ္ဆင္၏ ကိုယ္စားလွယ္က People.com သတင္းဝက္ဘ္ ဆိုက္သို႔ အတည္ျပဳေျပာၾကား သည္။ယင္းကေလးငယ္သည္ မဲလ္ ဂစ္ဘ္ဆင္၏ နဝမေျမာက္ရင္ ေသြးျဖစ္လာမည္ျဖစ္ကာ ၎တို႔ ႏွစ္ဦးသည္ ရင္ေသြးေလးႏွင့္ ပတ္သက္၍ အလြန္စိတ္လႈပ္ရွား ေနၾကသည္ဟု ရင္းႏွီးေသာမိတ္ ေဆြတစ္ဦးက ေျပာသည္။

ပေရာ္ဖက္ရွင္နယ္ ျမင္းစီး သမားေဟာင္း မဲလ္ဂစ္ဘ္ဆင္ႏွင့္ စာေရးဆရာမ ႐ိုဆာလင္းတို႔ သည္ ၂ ႏွစ္ၾကာ လက္တြဲခဲ့ၿပီး ေနာက္ ပထမဆံုးရင္ေသြးေလး ရရန္ ေမွ်ာ္လင့္ေနၾကသည္။

မဲလ္ဂစ္ဘ္ဆင္ ဒါ႐ိုက္တာ အျဖစ္ ႐ိုက္ကူးထားသည့္ Hack -saw Ridge ႐ုပ္ရွင္ဇာတ္ကား ကို ယခုလဆန္းပိုင္းက အီတလီႏိုင္ငံ ဗင္းနစ္႐ုပ္ရွင္ပြဲေတာ္တြင္  မိတ္ဆက္ခဲ့ၿပီးေနာက္ ယခု သတင္းေကာင္းထြက္ေပၚလာျခင္းျဖစ္ သည္။ဂစ္ဘ္ဆင္သည္ ၂၀၁၀ က လမ္းခြဲခဲ့ေသာ ခ်စ္သူေဟာင္း ေအာ့စ္ဆာနာဂရီဂုိရီဗာႏွင့္ ေျခာက္ႏွစ္အရြယ္ သမီးေလး လူစီယာကုိ ေစာင့္ေရွာက္ခြင့္အတြက္ တရားရင္ဆိုင္ေနရသည္။

၎သည္ အိမ္ေထာင္သက္ (၂၆)ႏွစ္ၾကာၿပီးေနာက္ ၂၀၀၆က ကြာရွင္းခဲ့ေသာ ဇနီးေဟာင္း ႐ိုဘင္ႏွင့္ သားသမီးခုနစ္ဦး ရရွိခဲ့သည္။ ဂစ္ဘ္ဆင္ႏွင့္ ႐ိုဆင္တို႔ သည္ ၂၀၁၁ ခုႏွစ္က အၿပီးသတ္ ကြာရွင္းခဲ့ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
Braveheart ဇာတ်ကား ကြယ်ပွင့်မင်းသားကြီး မဲလ်ဂစ်ဘ်ဆင် (၆၀)နှစ်နှင့် ၎င်း ၏ချစ်သူအသက် (၂၆)နှစ်အရွယ်  ရိုဆာလင်းရော့စ်တို့သည် လာ မည့်နှစ်တွင် ပထမဆုံး ရင်သွေးကို မွေးဖွားတော့မည်ဟု မဲလ်ဂစ်ဘ်ဆင်၏ ကိုယ်စားလှယ်က People.com သတင်းဝက်ဘ် ဆိုက်သို့ အတည်ပြုပြောကြား သည်။ယင်းကလေးငယ်သည် မဲလ် ဂစ်ဘ်ဆင်၏ နဝမမြောက်ရင် သွေးဖြစ်လာမည်ဖြစ်ကာ ၎င်းတို့ နှစ်ဦးသည် ရင်သွေးလေးနှင့် ပတ်သက်၍ အလွန်စိတ်လှုပ်ရှား နေကြသည်ဟု ရင်းနှီးသောမိတ် ဆွေတစ်ဦးက ပြောသည်။

ပရော်ဖက်ရှင်နယ် မြင်းစီး သမားဟောင်း မဲလ်ဂစ်ဘ်ဆင်နှင့် စာရေးဆရာမ ရိုဆာလင်းတို့ သည် ၂ နှစ်ကြာ လက်တွဲခဲ့ပြီး နောက် ပထမဆုံးရင်သွေးလေး ရရန် မျှော်လင့်နေကြသည်။

မဲလ်ဂစ်ဘ်ဆင် ဒါရိုက်တာ အဖြစ် ရိုက်ကူးထားသည့် Hack -saw Ridge ရုပ်ရှင်ဇာတ်ကား ကို ယခုလဆန်းပိုင်းက အီတလီနိုင်ငံ ဗင်းနစ်ရုပ်ရှင်ပွဲတော်တွင်  မိတ်ဆက်ခဲ့ပြီးနောက် ယခု သတင်းကောင်းထွက်ပေါ်လာခြင်းဖြစ် သည်။ဂစ်ဘ်ဆင်သည် ၂၀၁၀ က လမ်းခွဲခဲ့သော ချစ်သူဟောင်း အော့စ်ဆာနာဂရီဂိုရီဗာနှင့် ခြောက်နှစ်အရွယ် သမီးလေး လူစီယာကို စောင့်ရှောက်ခွင့်အတွက် တရားရင်ဆိုင်နေရသည်။

၎င်းသည် အိမ်ထောင်သက် (၂၆)နှစ်ကြာပြီးနောက် ၂၀၀၆က ကွာရှင်းခဲ့သော ဇနီးဟောင်း ရိုဘင်နှင့် သားသမီးခုနစ်ဦး ရရှိခဲ့သည်။ ဂစ်ဘ်ဆင်နှင့် ရိုဆင်တို့ သည် ၂၀၁၁ ခုနှစ်က အပြီးသတ် ကွာရှင်းခဲ့ကြသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top