Property Expo
×

အဆုိေတာ္ နီနီခင္ေဇာ္ ၏ ‘အနီေရာင္အမွတ္တံဆိပ္ႏႈတ္ ခမ္းနီႏွင့္ အနီေရာင္ဒီဗီဒီ’စာနယ္ ဇင္းမိတ္ဆက္ပြဲအခမ္းအနားတြင္ မီဒီယာမ်ားအား အဆုိပါကုန္ ပစၥည္းမ်ားႏွင့္ပတ္သက္သည့္ ေမးခြန္းမ်ားသာေမးျမန္းရန္ ကန္႔ သတ္ခဲ့သည္။

စာနယ္ဇင္းမ်ားအား ေဝငွ ေပးသည့္ အခမ္းအနားအစီအစဥ္ စာရြက္တြင္ ေမးခြန္းအေမးအေျဖ အစီအစဥ္ႏွင့္ပတ္သက္၍ သက္ ဆုိင္ရာ အေမး၊ အေျဖက႑တြင္ သာ ေမးျမန္းႏုိင္မည္ျဖစ္ၿပီး အနီ ေရာင္ဒီဗီဒီ၊ အနီေရာင္ႏႈတ္ခမ္းနီ ႏွင့္ မသက္ဆုိင္ေသာ မည္သည့္ ေမးခြန္းမ်ိဳးကိုမဆို ေျဖၾကားမည္ မဟုတ္ေၾကာင္း အသိေပးေရး သားထားသည္။

‘‘နီတို႔ ဒီေန႔မွာ Product က ႏွစ္မ်ိဳးေတာင္ ရွင္းရပါတယ္။ ၿပီး ေတာ့ Speaker ေတြသည္ ရွစ္ ေယာက္ေလာက္ ရွိပါသည္။ အဲဒီ ေတာ့ ေျပာရမယ့္စကားေတြက လည္း အရမ္းမ်ားတယ္။ ၿပီးေတာ့ နီနီသည္ ဒီပြဲေလးကို ဟိုးအရင္က တည္းက ဦးတည္ထားၿပီးသား အနီေရာင္ Theme အားလံုးနဲ႔ စာနယ္ဇင္း ဆရာ၊ ဆရာမေတြ အားလံုးနဲ႔ အဓိကေပးထားတဲ့ Super Red ဆုိတဲ့အေၾကာင္းအ ရာ ေသြလြဲသြားၿပီးေတာ့ ပရိသတ္ လက္ထဲ ေရာက္သြားမွာလည္း စိုးရိမ္ပါတယ္။ အဲဲဒီေတာ့ Super Red ဆုိတဲ့ အေၾကာင္းအရာေလး ပရိသတ္ေခါင္းထဲကို အရင္ ေရာက္ဖို႔အတြက္ပဲ လုပ္ခဲ့ျခင္းျဖစ္ ပါတယ္’’ဟု ယင္းသို႔ ေမးခြန္းကန္႔ သတ္ခဲ့ျခင္းႏွင့္ပတ္သက္၍ နီနီခင္ေဇာ္က ေျပာသည္။

အဆုိပါအခမ္းအနားကို စက္တင္ဘာ ၁၅ ရက္တြင္ Melia  ဟိုတယ္၌ ျပဳလုပ္ခဲ့ၿပီး အနီေရာင္ ဒီဗီဒီႏွင့္ အနီေရာင္ ႏႈတ္ခမ္းနီတုိ႔ ကို ေအာက္တုိဘာ ၈ ရက္တြင္ စတင္ျဖန္႔ခ်ိမည္ဟု ေျပာၾကားခဲ့ သည္။အႏုပညာရွင္မ်ားအား မီဒီယာမ်ားက စာနယ္ဇင္းမိတ္ဆက္ ပြဲ အခမ္းအနားအပါအဝင္ ၎တုိ႔ တက္ေရာက္လာသည့္ ပြဲလမ္း သဘင္မ်ားတြင္ လတ္တေလာထြက္ေပၚေနေသာ သတင္းမ်ား၊ အႏုပညာလႈပ္ရွားမႈအေၾကာင္း အရာမ်ားကို ေမးျမန္းေလ့ရွိၿပီး အႏုပညာရွင္အမ်ားစုကလည္း ကိုယ္ေရးကိုယ္တာအပါအဝင္ လတ္တေလာလႈပ္ရွားမႈမ်ားကို ေျဖဆိုေပးေလ့ရွိၾကသည္။

‘‘ေမးခြန္းကို ကန္႔သတ္ခံရတဲ့ အတြက္ အ့ံဩတယ္။ တျခား တက္လာတဲ့ပြဲေတြမွာ ကန္႔သတ္ခံ ရတာ တစ္ခါမွ မေတြ႕ဖူးဘူး။ အဲ ဒီအတြက္ ေဒါသလည္း ထြက္ တယ္။ ၿပီးေတာ့ မီဒီယာသမား ေတြကိုေခၚၿပီး သူေျပာတာကိုပဲ ေရးရမယ္ဆုိတာမ်ိဳးျဖစ္ေန တယ္။ ေဘာင္ထဲကပဲ၊ ကန္႔သတ္ ထားတဲ့ေမးခြန္းကိုပဲ ေမးရမယ္ဆုိ တာကို မေက်နပ္ဘူး။ မီဒီယာကို ေစာ္ကားတယ္လုိ႔လည္း ခံစားရ တယ္’’ဟု အဆုိပါ စာနယ္ဇင္း မိတ္ဆက္ပြဲသ႔ို တက္ေရာက္လာ သည့္ သတင္းေထာက္တစ္ဦးက ေျပာသည္။

နီနီခင္ေဇာ္သည္ ၎၏ ယခင္လူမႈေရးကိစၥမ်ားႏွင့္ပတ္ သက္၍ ႏွစ္ဖက္အျပန္အလွန္ေျဖ ရွင္းေျပာၾကားမႈမ်ားရွိခဲ့ကာ ၿပီးခဲ့ သည့္ ရက္ပိုင္းကလည္း ၎ႏွင့္ ပတ္သက္၍ မဟုတ္မမွန္ေျပာဆို ေရးသားျခင္းမျပဳရန္ ႏုိင္ငံပိုင္ သတင္းစာမ်ားမွတစ္ဆင့္ ေၾက ညာခ်က္ထုတ္ျပန္ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

အဆိုတော် နီနီခင်ဇော် ၏ ‘အနီရောင်အမှတ်တံဆိပ်နှုတ် ခမ်းနီနှင့် အနီရောင်ဒီဗီဒီ’စာနယ် ဇင်းမိတ်ဆက်ပွဲအခမ်းအနားတွင် မီဒီယာများအား အဆိုပါကုန် ပစ္စည်းများနှင့်ပတ်သက်သည့် မေးခွန်းများသာမေးမြန်းရန် ကန့် သတ်ခဲ့သည်။

စာနယ်ဇင်းများအား ဝေငှ ပေးသည့် အခမ်းအနားအစီအစဉ် စာရွက်တွင် မေးခွန်းအမေးအဖြေ အစီအစဉ်နှင့်ပတ်သက်၍ သက် ဆိုင်ရာ အမေး၊ အဖြေကဏ္ဍတွင် သာ မေးမြန်းနိုင်မည်ဖြစ်ပြီး အနီ ရောင်ဒီဗီဒီ၊ အနီရောင်နှုတ်ခမ်းနီ နှင့် မသက်ဆိုင်သော မည်သည့် မေးခွန်းမျိုးကိုမဆို ဖြေကြားမည် မဟုတ်ကြောင်း အသိပေးရေး သားထားသည်။

‘‘နီတို့ ဒီနေ့မှာ Product က နှစ်မျိုးတောင် ရှင်းရပါတယ်။ ပြီး တော့ Speaker တွေသည် ရှစ် ယောက်လောက် ရှိပါသည်။ အဲဒီ တော့ ပြောရမယ့်စကားတွေက လည်း အရမ်းများတယ်။ ပြီးတော့ နီနီသည် ဒီပွဲလေးကို ဟိုးအရင်က တည်းက ဦးတည်ထားပြီးသား အနီရောင် Theme အားလုံးနဲ့ စာနယ်ဇင်း ဆရာ၊ ဆရာမတွေ အားလုံးနဲ့ အဓိကပေးထားတဲ့ Super Red ဆိုတဲ့အကြောင်းအ ရာ သွေလွဲသွားပြီးတော့ ပရိသတ် လက်ထဲ ရောက်သွားမှာလည်း စိုးရိမ်ပါတယ်။ အဲဒီတော့ Super Red ဆိုတဲ့ အကြောင်းအရာလေး ပရိသတ်ခေါင်းထဲကို အရင် ရောက်ဖို့အတွက်ပဲ လုပ်ခဲ့ခြင်းဖြစ် ပါတယ်’’ဟု ယင်းသို့ မေးခွန်းကန့် သတ်ခဲ့ခြင်းနှင့်ပတ်သက်၍ နီနီခင်ဇော်က ပြောသည်။

အဆိုပါအခမ်းအနားကို စက်တင်ဘာ ၁၅ ရက်တွင် Melia  ဟိုတယ်၌ ပြုလုပ်ခဲ့ပြီး အနီရောင် ဒီဗီဒီနှင့် အနီရောင် နှုတ်ခမ်းနီတို့ ကို အောက်တိုဘာ ၈ ရက်တွင် စတင်ဖြန့်ချိမည်ဟု ပြောကြားခဲ့ သည်။အနုပညာရှင်များအား မီဒီယာများက စာနယ်ဇင်းမိတ်ဆက် ပွဲ အခမ်းအနားအပါအဝင် ၎င်းတို့ တက်ရောက်လာသည့် ပွဲလမ်း သဘင်များတွင် လတ်တလောထွက်ပေါ်နေသော သတင်းများ၊ အနုပညာလှုပ်ရှားမှုအကြောင်း အရာများကို မေးမြန်းလေ့ရှိပြီး အနုပညာရှင်အများစုကလည်း ကိုယ်ရေးကိုယ်တာအပါအဝင် လတ်တလောလှုပ်ရှားမှုများကို ဖြေဆိုပေးလေ့ရှိကြသည်။

‘‘မေးခွန်းကို ကန့်သတ်ခံရတဲ့ အတွက် အံ့ဩတယ်။ တခြား တက်လာတဲ့ပွဲတွေမှာ ကန့်သတ်ခံ ရတာ တစ်ခါမှ မတွေ့ဖူးဘူး။ အဲ ဒီအတွက် ဒေါသလည်း ထွက် တယ်။ ပြီးတော့ မီဒီယာသမား တွေကိုခေါ်ပြီး သူပြောတာကိုပဲ ရေးရမယ်ဆိုတာမျိုးဖြစ်နေ တယ်။ ဘောင်ထဲကပဲ၊ ကန့်သတ် ထားတဲ့မေးခွန်းကိုပဲ မေးရမယ်ဆို တာကို မကျေနပ်ဘူး။ မီဒီယာကို စော်ကားတယ်လို့လည်း ခံစားရ တယ်’’ဟု အဆိုပါ စာနယ်ဇင်း မိတ်ဆက်ပွဲသ့ို တက်ရောက်လာ သည့် သတင်းထောက်တစ်ဦးက ပြောသည်။

နီနီခင်ဇော်သည် ၎င်း၏ ယခင်လူမှုရေးကိစ္စများနှင့်ပတ် သက်၍ နှစ်ဖက်အပြန်အလှန်ဖြေ ရှင်းပြောကြားမှုများရှိခဲ့ကာ ပြီးခဲ့ သည့် ရက်ပိုင်းကလည်း ၎င်းနှင့် ပတ်သက်၍ မဟုတ်မမှန်ပြောဆို ရေးသားခြင်းမပြုရန် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် ကြေ ညာချက်ထုတ်ပြန်ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top