Property Expo
×

မ်က္စိအျမင္အာရုံလွည့္စားမႈ တစ္ခုက အင္တာနက္ေပၚ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ သမင္လည္ျပန္ ၾကည့္မိေစတဲ့ ေနာက္ဆုံးေပၚ ဒီအျမင္အာရုံလွည့္ကြက္က မီးခုိးေရာင္မ်ဥ္းေၾကာင္းေတြ ေပါင္းစုံရာေနရာေတြေပၚ အမည္းစက္ ၁၂ ခုနဲ႔အတူ  အျဖဴေရာင္ေနာက္ခံေပၚ ကန္႔လန္႔ျဖတ္ မီးခိုးေရာင္မ်ဥ္းေၾကာင္းေတြ ပါဝင္တဲ့ ရုပ္ပုံေလးတစ္ခုျဖစ္ပါတယ္။

ပုံမွာ အားလုံးေပါင္း အမည္းစက္ ၁၂ ခု ရိွေပမယ့္ ၄င္းအမည္းစက္ေလးေတြ မ်က္စိမွိတ္တုိင္းမွာ ေပၚလုိက္ေပ်ာက္လိုက္ထင္ရကာ အမ်ားစုအေနနဲ႔ အားလုံးကို တစ္ခ်ိန္တည္းျပိဳင္တူ မျမင္ေတြ႔ႏုိင္ၾကပါဘူး။ ဒါဟာ မ်က္စိရဲ႕ အလင္းအာရုံခံကိရိယာေတြ တခါတရံ ေဘးနားကဟာေတြ လႊမ္းမုိးခံရကာ အျမင္အာရုံလွည့္စားခံရမႈ ဖန္တီးျဖစ္ေပၚေစျခင္းေၾကာင့္ ျဖစ္ပါတယ္။

ဒီပုံထဲမွာ ဦးေႏွာက္က အမည္းစက္တခ်ဳိ႕ကို ျမင္ေတြ႔ႏုိင္ေပမယ့္ အဓိကျမင္ကြင္းမဟုတ္ဟု ယူဆပါတယ္။ မီးခုိးေရာင္မ်ဥ္းေၾကာင္းအမ်ားစု အစြန္းပုိင္းမွာ ျမင္ရတာေၾကာင့္ အမည္းစက္ေတြ မျမင္ရပါဘူး။ ေလးေထာင့္ကြက္ျမင္ကြင္းထဲမွာ ပုံရိပ္က ေျပာင္းလဲျဖစ္ေပၚေနပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Trend Myanmar

#Unicode Version
မျက်စိအမြင်အာရုံလှည့်စားမှု တစ်ခုက အင်တာနက်ပေါ် ပျံ့နှံ့ခဲ့ပါတယ်။ သမင်လည်ပြန် ကြည့်မိစေတဲ့ နောက်ဆုံးပေါ် ဒီအမြင်အာရုံလှည့်ကွက်က မီးခိုးရောင်မျဉ်းကြောင်းတွေ ပေါင်းစုံရာနေရာတွေပေါ် အမည်းစက် ၁၂ ခုနဲ့အတူ  အဖြူရောင်နောက်ခံပေါ် ကန့်လန့်ဖြတ် မီးခိုးရောင်မျဉ်းကြောင်းတွေ ပါဝင်တဲ့ ရုပ်ပုံလေးတစ်ခုဖြစ်ပါတယ်။

ပုံမှာ အားလုံးပေါင်း အမည်းစက် ၁၂ ခု ရှိပေမယ့် ၎င်းအမည်းစက်လေးတွေ မျက်စိမှိတ်တိုင်းမှာ ပေါ်လိုက်ပျောက်လိုက်ထင်ရကာ အများစုအနေနဲ့ အားလုံးကို တစ်ချိန်တည်းပြိုင်တူ မမြင်တွေ့နိုင်ကြပါဘူး။ ဒါဟာ မျက်စိရဲ့ အလင်းအာရုံခံကိရိယာတွေ တခါတရံ ဘေးနားကဟာတွေ လွှမ်းမိုးခံရကာ အမြင်အာရုံလှည့်စားခံရမှု ဖန်တီးဖြစ်ပေါ်စေခြင်းကြောင့် ဖြစ်ပါတယ်။

ဒီပုံထဲမှာ ဦးနှောက်က အမည်းစက်တချို့ကို မြင်တွေ့နိုင်ပေမယ့် အဓိကမြင်ကွင်းမဟုတ်ဟု ယူဆပါတယ်။ မီးခိုးရောင်မျဉ်းကြောင်းအများစု အစွန်းပိုင်းမှာ မြင်ရတာကြောင့် အမည်းစက်တွေ မမြင်ရပါဘူး။ လေးထောင့်ကွက်မြင်ကွင်းထဲမှာ ပုံရိပ်က ပြောင်းလဲဖြစ်ပေါ်နေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:Trend Myanmar
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top