Property Expo
×

 ျပည္တြင္းခရီးစဥ္မ်ား ကိုသာ အဓိကထား ပ်ံသန္းေျပးဆြဲလ်က္ရွိေသာ Air KBZ ေလ ေၾကာင္းသည္ ပထမဆံုး ျပည္ပခရီးစဥ္အျဖစ္ ရန္ကုန္-ခ်င္းမိုင္-ရန္ကုန္ ခရီးစဥ္ကို ႏို၀င္ဘာအတြင္း စတင္ပ်ံသန္းေျပးဆြဲမည္ဟု သတင္းရရွိသည္။

အဆိုပါခရီးစဥ္ကို တစ္ပတ္လွ်င္ သံုးႀကိမ္ပ်ံသန္းေျပးဆြဲမည္ျဖစ္ကာ ေျပးဆြဲမည့္ ရက္မ်ားကို သက္ဆိုင္ရာဌာနမ်ားႏွင့္ ညႇိႏိႈင္းေနေၾကာင္း အဆိုပါ ေလေၾကာင္းလိုင္းမွ လက္ေထာက္အေထြေထြ မန္ေနဂ်ာ ေဒၚေအးမရသာက ေျပာၾကားသည္။

‘‘ဒီပ်ံသန္းေျပးဆြဲမႈကို ႏို၀င္ ဘာထဲမွာ စတင္ေျပးဆြဲႏိုင္ဖို႔ စီစဥ္ထားပါတယ္။ ေစ်းႏႈန္းသတ္ မွတ္ခ်က္ကိုလည္း လတ္တေလာ မွာ ညႇိႏိႈင္းမႈေတြလုပ္ေနပါတယ္။ အသက္သာဆံုးႏႈန္းထားနဲ႔ ေျပးဆြဲမွာျဖစ္ၿပီး ပ႐ိုမိုးရွင္းေတြလည္းရွိ မွာပါ’’ဟု ေဒၚေအးမရသာက ဆို သည္။

Air KBZ ေလေၾကာင္းလိုင္း သည္ ATR 72-600 ငါးစီး၊ ATR 72-500 သံုးစီး၊ စုစုေပါင္းေလ ယာဥ္ ရွစ္စီးျဖင့္ ျပည္တြင္းခရီး စဥ္မ်ားကို ရန္ကုန္အျပည္ျပည္ ဆိုင္ရာေလဆိပ္တြင္ အေျချပဳ၍ မႏၲေလး၊ ျမစ္ႀကီးနား၊ ေညာင္ဦး၊ ကေလး၊ ဟဲဟိုး၊ လား႐ိႈး၊ တာခ်ီ လိတ္၊ ထား၀ယ္၊ ၿမိတ္၊ ေကာ့ ေသာင္း၊ သံတြဲ၊ စစ္ေတြ၊ ေနျပည္ ေတာ္၊ လိြဳင္ေကာ္ၿမိဳ႕မ်ားသို႔ ေန႔ စဥ္ပ်ံသန္းေျပးဆြဲလ်က္ရွိေၾကာင္း အဆိုပါေလေၾကာင္းလိုင္း၏ အင္ တာနက္စာမ်က္ႏွာ၌ ေဖာ္ျပထားသည္။

အဆိုပါ ေလေၾကာင္းလိုင္း သည္ ကေမၻာဇအုပ္စုကုမၸဏီပိုင္  ေလေၾကာင္းလိုင္း တစ္လိုင္းျဖစ္  ကာ ယင္းကုမၸဏီပိုင္အျခားေလ ေၾကာင္းလိုင္းတစ္ခု ျဖစ္သည့္ Myanmar Airways Interna-tional (MAI) ေလေၾကာင္းလိုင္း မွာ ျပည္ပႏုိင္ငံမ်ားသို႔ ေျပးဆြဲလ်က္ရွိသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
 ပြည်တွင်းခရီးစဉ်များ ကိုသာ အဓိကထား ပျံသန်းပြေးဆွဲလျက်ရှိသော Air KBZ လေ ကြောင်းသည် ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ရန်ကုန်-ချင်းမိုင်-ရန်ကုန် ခရီးစဉ်ကို နိုဝင်ဘာအတွင်း စတင်ပျံသန်းပြေးဆွဲမည်ဟု သတင်းရရှိသည်။

အဆိုပါခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ်ပျံသန်းပြေးဆွဲမည်ဖြစ်ကာ ပြေးဆွဲမည့် ရက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းနေကြောင်း အဆိုပါ လေကြောင်းလိုင်းမှ လက်ထောက်အထွေထွေ မန်နေဂျာ ဒေါ်အေးမရသာက ပြောကြားသည်။

‘‘ဒီပျံသန်းပြေးဆွဲမှုကို နိုဝင် ဘာထဲမှာ စတင်ပြေးဆွဲနိုင်ဖို့ စီစဉ်ထားပါတယ်။ ဈေးနှုန်းသတ် မှတ်ချက်ကိုလည်း လတ်တလော မှာ ညှိနှိုင်းမှုတွေလုပ်နေပါတယ်။ အသက်သာဆုံးနှုန်းထားနဲ့ ပြေးဆွဲမှာဖြစ်ပြီး ပရိုမိုးရှင်းတွေလည်းရှိ မှာပါ’’ဟု ဒေါ်အေးမရသာက ဆို သည်။

Air KBZ လေကြောင်းလိုင်း သည် ATR 72-600 ငါးစီး၊ ATR 72-500 သုံးစီး၊ စုစုပေါင်းလေ ယာဉ် ရှစ်စီးဖြင့် ပြည်တွင်းခရီး စဉ်များကို ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် အခြေပြု၍ မန္တလေး၊ မြစ်ကြီးနား၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊ တာချီ လိတ်၊ ထားဝယ်၊ မြိတ်၊ ကော့ သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည် တော်၊ လွိုင်ကော်မြို့များသို့ နေ့ စဉ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း အဆိုပါလေကြောင်းလိုင်း၏ အင် တာနက်စာမျက်နှာ၌ ဖော်ပြထားသည်။

အဆိုပါ လေကြောင်းလိုင်း သည် ကမ္ဘောဇအုပ်စုကုမ္ပဏီပိုင်  လေကြောင်းလိုင်း တစ်လိုင်းဖြစ်  ကာ ယင်းကုမ္ပဏီပိုင်အခြားလေ ကြောင်းလိုင်းတစ်ခု ဖြစ်သည့် Myanmar Airways Interna-tional (MAI) လေကြောင်းလိုင်း မှာ ပြည်ပနိုင်ငံများသို့ ပြေးဆွဲလျက်ရှိသည်။



ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top