Property Expo
×

ရုရွ ႏိုင္ငံတြင္ ခုိလႈံေနလ်က္ရွိသည့္ အေမရိကန္အစိုးရ အလိုရွိေနေသာ စီအုိင္ေအ ၀န္ထမ္းေဟာင္း အက္၀ါ့ဒ္စႏိုဒင္အား အျပစ္မွ လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ သမၼတ အိုဘားမားအား တိုက္တြန္းထားသည့္ ကမ္ပိန္းတစ္ခုကို လူ႔အခြင့္အေရး အုပ္စုမ်ား စတင္ လုပ္ေဆာင္ေနၾကသည္။

ႏိုင္ငံတကာ လူ႔အခြင့္အေရး အဖြဲ႕မ်ားျဖစ္သည့္ Amnesty International ၊ Human Rights Watch ႏွင့္ American Civil Liberties တို႔မွ ေရွ႕ေနမ်ား၊ နာမည္ေက်ာ္ပုဂၢိဳလ္မ်ားက ယင္းကမ္းပိန္းတြင္ ပါ၀င္လက္မွတ္ထုိး ေတာင္းဆို ထားၾကျခင္းျဖစ္သည္။ လာမည့္ ဇန္န၀ါရီလ ရာထူးသက္တမ္း မကုန္ဆံုးခင္ သမၼတ အိုဘားမားအေနျဖင့္ စႏိုဒင္အား သက္ညွာခ်မ္းသာခြင့္ ျပဳေပးသြားရန္ တိုက္တြန္းေနၾကျခင္းျဖစ္သည္။

သို႔ေသာ္လည္း အေမရိကန္ အစုိးရအေနျဖင့္ ႏိုင္ငံေတာ္ လ်ဳိ႕၀ွက္ခ်က္ ဖြင့္ခ်ခဲ့သူ အမ်ဳိးသား လံုၿခံဳေရးေအဂ်င္စီ ေထာက္လွမ္းေရး သမားေဟာင္း စႏိုဒင္အား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးရန္ အစီအစဥ္ မရွိေၾကာင္း ခ်က္ခ်င္းပင္ ပယ္ခ်သြားခဲ့သည္။

စႏိုဒင္ အေနျဖင့္ အေမရိကန္သို႔ ျပန္လာၿပီး ဥပေဒအရ အမႈ ရင္ဆုိင္သင့္ေၾကာင္းႏွင့္ ႏိုင္ငံေတာ္ လ်ဳိ႔၀ွက္ခ်က္ ခုိးယူမႈျဖင့္ ေထာင္ဒဏ္အႏွစ္ ၃၀ က်ခံရဖြယ္ရွိေၾကာင္း အိမ္ျဖဴေတာ္ သတင္းထုတ္ျပန္ေရး အဖြဲ႕ေခါင္းေဆာင္ ဂ်ဳိ႕စ္အားနက္က ေျပာသည္။

" သူ႔လုပ္ခဲ့တာေတြက အေမရိကန္တို႔ကို အႏၱရာယ္ ေအာက္က်ေရာက္ေစႏိုင္ ခဲ့ပါတယ္၊ ႏိုင္ငံရဲ႕ အမ်ဳိးသားလံုၿခံဳေရးကို ထိပါးေစခဲ့ပါတယ္၊ ဒါေၾကာင့္မို႔ မစၥတာ စႏိုဒင္အေနနဲ႔ ႏိုင္ငံကို ျပန္လာၿပီး ဥပေဒေၾကာင္းအရ ျပစ္ဒဏ္ေတြကို ခံယူရပါမယ္" ဟု ၎က ေျပာသြားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

#Unicode Version

 ရုရှ နိုင်ငံတွင် ခိုလှုံနေလျက်ရှိသည့် အမေရိကန်အစိုးရ အလိုရှိနေသော စီအိုင်အေ ဝန်ထမ်းဟောင်း အက်ဝါ့ဒ်စနိုဒင်အား အပြစ်မှ လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတ အိုဘားမားအား တိုက်တွန်းထားသည့် ကမ်ပိန်းတစ်ခုကို လူ့အခွင့်အရေး အုပ်စုများ စတင် လုပ်ဆောင်နေကြသည်။

နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များဖြစ်သည့် Amnesty International ၊ Human Rights Watch နှင့် American Civil Liberties တို့မှ ရှေ့နေများ၊ နာမည်ကျော်ပုဂ္ဂိုလ်များက ယင်းကမ်းပိန်းတွင် ပါဝင်လက်မှတ်ထိုး တောင်းဆို ထားကြခြင်းဖြစ်သည်။ လာမည့် ဇန်နဝါရီလ ရာထူးသက်တမ်း မကုန်ဆုံးခင် သမ္မတ အိုဘားမားအနေဖြင့် စနိုဒင်အား သက်ညှာချမ်းသာခွင့် ပြုပေးသွားရန် တိုက်တွန်းနေကြခြင်းဖြစ်သည်။

သို့သော်လည်း အမေရိကန် အစိုးရအနေဖြင့် နိုင်ငံတော် လျို့ဝှက်ချက် ဖွင့်ချခဲ့သူ အမျိုးသား လုံခြုံရေးအေဂျင်စီ ထောက်လှမ်းရေး သမားဟောင်း စနိုဒင်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် အစီအစဉ် မရှိကြောင်း ချက်ချင်းပင် ပယ်ချသွားခဲ့သည်။

စနိုဒင် အနေဖြင့် အမေရိကန်သို့ ပြန်လာပြီး ဥပဒေအရ အမှု ရင်ဆိုင်သင့်ကြောင်းနှင့် နိုင်ငံတော် လျို့ဝှက်ချက် ခိုးယူမှုဖြင့် ထောင်ဒဏ်အနှစ် ၃၀ ကျခံရဖွယ်ရှိကြောင်း အိမ်ဖြူတော် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဂျို့စ်အားနက်က ပြောသည်။

" သူ့လုပ်ခဲ့တာတွေက အမေရိကန်တို့ကို အန္တရာယ် အောက်ကျရောက်စေနိုင် ခဲ့ပါတယ်၊ နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိပါးစေခဲ့ပါတယ်၊ ဒါကြောင့်မို့ မစ္စတာ စနိုဒင်အနေနဲ့ နိုင်ငံကို ပြန်လာပြီး ဥပဒေကြောင်းအရ ပြစ်ဒဏ်တွေကို ခံယူရပါမယ်" ဟု ၎င်းက ပြောသွားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top