Kantharyar Centre
×

ကယ္လ္ဆီယမ္သည္ ခႏၶာကိုယ္အတြက္ အလြန္အေရးႀကီးေသာ သတၱဳဓာတ္တစ္မ်ိဳးျဖစ္သည္။ အ႐ိုးမ်ား က်န္းမာရန္၊ သြားမ်ားအား ေကာင္းရန္ႏွင့္ ႏွလံုးလုပ္ေဆာင္ခ်က္ႏွင့္ အာ႐ံုေၾကာမ်ား လုပ္ေဆာင္ ခ်က္ေခ်ာေမြ႕ရန္ လိုအပ္ကာ ေသြးေၾကာစနစ္အတြင္း ေသြးခဲမ်ား ျဖစ္ေပၚမႈအတြက္လည္း အေရးပါေသာ သတၱဳဓာတ္တစ္မ်ိဳးျဖစ္ သည္။ သို႔ေသာ္ ကယ္လ္ဆီယမ္ျဖည့္စြက္ေဆးမ်ားႏွင့္ တဲြဖက္ မေသာက္သင့္သည့္ အခ်ိန္အခါအခ်ိဳ႕ကို မွတ္သားထားရန္ လိုအပ္ သည္။

ကဖိန္းဓာတ္က ခႏၶာကိုုယ္၏ ကယ္လ္ဆီယမ္ စုပ္ယူႏိုင္မႈကို ေလ်ာ့က်ေစႏိုင္ၿပီး အ႐ိုးအားနည္းေသာ ေရာဂါျဖစ္ပြားျခင္းသို႔ ဦး တည္သြားႏိုင္သည္။

ေခ်ာကလက္ႏွင့္ ေဒါက္ခြရြက္တို႔တြင္ ပါ၀င္သည့္ Oxalate ဟုေခၚေသာ ဓာတ္တစ္မ်ိဳး၊ အသည္းႏွင့္ စပ်စ္သီးေျခာက္တြင္ပါ ေသာ သံဓာတ္ႏွင့္ သဘာ၀ဆန္၊ ဂ်ံဳ၊ ပဲ၊ ေျပာင္းတို႔တြင္ပါေသာ Phytate ဟူေသာ ဓာတ္တို႔ကလည္း ကယ္လ္ဆီယမ္စုပ္ယူမႈကို ထိ ခိုက္ေစႏိုင္သည္။

ကယ္လ္စီယမ္ ျဖည့္စြက္ေဆးမ်ားႏွင့္ ဗီတာမင္ေဆးမ်ား ေသာက္သံုးမႈကို အခ်ိန္ျခား၍ ေသာက္ပါ။ ယင္းေဆးမ်ားကို တဲြဖက္ ေသာက္ျခင္းျဖင့္ ဗီတာမင္ေဆးမ်ားတြင္ ပါ၀င္ေသာ သံဓာတ္ကို ခႏၶာကိုယ္က စုပ္ယူမႈအား အေႏွာင့္အယွက္ျဖစ္ေစႏိုင္သည္။ ထို႔ ေၾကာင့္ ယင္းေဆးႏွစ္မ်ိဳးကို တဲြမေသာက္ပါႏွင့္။

ကယ္လ္ဆီယမ္ျဖည့္စြက္ေဆး ေသာက္သံုးထားျခင္းေၾကာင့္ ဓာတ္ခဲြခန္းစမ္းသပ္မႈအခ်ိဳ႕ကို လဲြမွားေစႏိုင္သည္။

ကယ္လ္ဆီယမ္ျဖည့္စြက္ေဆးမ်ားတြင္ ၀မ္းခ်ဳပ္ျခင္း၊ အစာမ ေၾကျဖစ္ျခင္းတို႔ကဲ့သို႔ ေဘးထြက္ဆိုးက်ိဳးမ်ား ျဖစ္ေပၚႏိုင္ၿပီး အျခား ေဆး၀ါးအမ်ိဳးမ်ိဳးကို ခႏၶာကိုယ္က စုပ္ယူမႈ၌ အေႏွာင့္အယွက္ျဖစ္ေစ ႏိုင္သျဖင့္ ဆရာ၀န္ႏွင့္ တုိင္ပင္ၿပီးမွသာ ေသာက္သင့္သည္။

ေဆးလိပ္ႏွင့္ အရက္ေသာက္ျခင္းေၾကာင့္ အ႐ိုးအားနည္းႏိုင္ သည့္အျပင္ ခႏၶာကိုယ္၏ ကယ္လ္ဆီယမ္စုပ္ယူမႈကို အေႏွာင့္ အယွက္ျဖစ္ေစႏိုင္သည္။ ကယ္လ္ဆီယမ္ျဖည့္စြက္အားေဆးမ်ားမွ ရလဒ္ေကာင္းမ်ား ရလိုပါက ေဆးလိပ္ႏွင့္ အရက္ျဖတ္ရန္ စဥ္းစား သင့္သည္။   

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily


#Unicode Version

ကယ်လ်ဆီယမ်သည် ခန္ဓာကိုယ်အတွက် အလွန်အရေးကြီးသော သတ္တုဓာတ်တစ်မျိုးဖြစ်သည်။ အရိုးများ ကျန်းမာရန်၊ သွားများအား ကောင်းရန်နှင့် နှလုံးလုပ်ဆောင်ချက်နှင့် အာရုံကြောများ လုပ်ဆောင် ချက်ချောမွေ့ရန် လိုအပ်ကာ သွေးကြောစနစ်အတွင်း သွေးခဲများ ဖြစ်ပေါ်မှုအတွက်လည်း အရေးပါသော သတ္တုဓာတ်တစ်မျိုးဖြစ် သည်။ သို့သော် ကယ်လ်ဆီယမ်ဖြည့်စွက်ဆေးများနှင့် တွဲဖက် မသောက်သင့်သည့် အချိန်အခါအချို့ကို မှတ်သားထားရန် လိုအပ် သည်။


ကဖိန်းဓာတ်က ခန္ဓာကိုုယ်၏ ကယ်လ်ဆီယမ် စုပ်ယူနိုင်မှုကို လျော့ကျစေနိုင်ပြီး အရိုးအားနည်းသော ရောဂါဖြစ်ပွားခြင်းသို့ ဦး တည်သွားနိုင်သည်။

ချောကလက်နှင့် ဒေါက်ခွရွက်တို့တွင် ပါဝင်သည့် Oxalate ဟုခေါ်သော ဓာတ်တစ်မျိုး၊ အသည်းနှင့် စပျစ်သီးခြောက်တွင်ပါ သော သံဓာတ်နှင့် သဘာဝဆန်၊ ဂျုံ၊ ပဲ၊ ပြောင်းတို့တွင်ပါသော Phytate ဟူသော ဓာတ်တို့ကလည်း ကယ်လ်ဆီယမ်စုပ်ယူမှုကို ထိ ခိုက်စေနိုင်သည်။

ကယ်လ်စီယမ် ဖြည့်စွက်ဆေးများနှင့် ဗီတာမင်ဆေးများ သောက်သုံးမှုကို အချိန်ခြား၍ သောက်ပါ။ ယင်းဆေးများကို တွဲဖက် သောက်ခြင်းဖြင့် ဗီတာမင်ဆေးများတွင် ပါဝင်သော သံဓာတ်ကို ခန္ဓာကိုယ်က စုပ်ယူမှုအား အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့ ကြောင့် ယင်းဆေးနှစ်မျိုးကို တွဲမသောက်ပါနှင့်။

ကယ်လ်ဆီယမ်ဖြည့်စွက်ဆေး သောက်သုံးထားခြင်းကြောင့် ဓာတ်ခွဲခန်းစမ်းသပ်မှုအချို့ကို လွဲမှားစေနိုင်သည်။

ကယ်လ်ဆီယမ်ဖြည့်စွက်ဆေးများတွင် ဝမ်းချုပ်ခြင်း၊ အစာမ ကြေဖြစ်ခြင်းတို့ကဲ့သို့ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်နိုင်ပြီး အခြား ဆေးဝါးအမျိုးမျိုးကို ခန္ဓာကိုယ်က စုပ်ယူမှု၌ အနှောင့်အယှက်ဖြစ်စေ နိုင်သဖြင့် ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သင့်သည်။

ဆေးလိပ်နှင့် အရက်သောက်ခြင်းကြောင့် အရိုးအားနည်းနိုင် သည့်အပြင် ခန္ဓာကိုယ်၏ ကယ်လ်ဆီယမ်စုပ်ယူမှုကို အနှောင့် အယှက်ဖြစ်စေနိုင်သည်။ ကယ်လ်ဆီယမ်ဖြည့်စွက်အားဆေးများမှ ရလဒ်ကောင်းများ ရလိုပါက ဆေးလိပ်နှင့် အရက်ဖြတ်ရန် စဉ်းစား သင့်သည်။   

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top