Property Expo
×

အဆုပ္ေရာဂါ ရိွဖူးတဲ့လူေတြဟာ ရုပ္ပိုင္းဆုိင္ရာလႈပ္ရွားမႈကို ျမႇင့္တင္လိုက္တဲ့အခါ စိတ္က်ေရာဂါေတြအျပင္ စိုးရိမ္စိတ္ျမင့္မားမႈေတြကိုပါ ေလွ်ာ့ခ်ေပးႏုိင္တယ္လို႔ သုေတသနတစ္ခုက ေဖာ္ျပပါတယ္။ အဆိုပါသုေတသနကို ဆြစ္ဇာလန္ႏိုင္ငံ ဇူးရစ္တကၠသုိလ္က ျပဳလုပ္ခဲ့တာျဖစ္ျပီး သာမန္ထက္ စိုးရိမ္စိတ္ျမင့္မားမႈဟာ ၁၁ ရာခိုင္ႏႈန္းေလ်ာ့က်ကာ  စိတ္က်ေရာဂါျဖစ္ႏုိင္ေျခကေတာ့ ၁၅ ရာခိုင္ႏႈန္း ေလ်ာ့က်သြားတာ ျဖစ္တယ္လို႔ သိရပါတယ္။

အဆုပ္ေရာဂါရွိသူေတြမွာ စိတ္ပိုင္းဆုိင္ရာ ပံုမွန္မဟုတ္မႈ ျဖစ္ေလ့ရွိတာေၾကာင့္ အခုေတြ႕ရွိခ်က္ဟာ အေရးပါတယ္လို႔ သုေတသနကို ဦးေဆာင္ေလ့လာခဲ့သူ ေဒါက္တာ မုိင္လို ဖူဟန္က ေျပာၾကားထားပါတယ္။

သုေတသနဟာ ဆြစ္ဇာလန္နဲ႔ နယ္သာလန္က လူေပါင္း ၄၀၉ ေယာက္ကို ေလ့လာခဲ့တာျဖစ္ျပီး မၾကာေသးခင္က လန္ဒန္မွာ ျပဳလုပ္ခဲ့တဲ့ ၂၀၁၆ က်န္းမာေရးဆုိင္ရာ ညီလာခံတစ္ခုမွာ အဆုိပါသုေတသနကို တင္ျပခဲ့တာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : Duwun

#Unicode Version

အဆုပ်ရောဂါ ရှိဖူးတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုကို မြှင့်တင်လိုက်တဲ့အခါ စိတ်ကျရောဂါတွေအပြင် စိုးရိမ်စိတ်မြင့်မားမှုတွေကိုပါ လျှော့ချပေးနိုင်တယ်လို့ သုတေသနတစ်ခုက ဖော်ပြပါတယ်။ အဆိုပါသုတေသနကို ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်တက္ကသိုလ်က ပြုလုပ်ခဲ့တာဖြစ်ပြီး သာမန်ထက် စိုးရိမ်စိတ်မြင့်မားမှုဟာ ၁၁ ရာခိုင်နှုန်းလျော့ကျကာ  စိတ်ကျရောဂါဖြစ်နိုင်ခြေကတော့ ၁၅ ရာခိုင်နှုန်း လျော့ကျသွားတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆုပ်ရောဂါရှိသူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပုံမှန်မဟုတ်မှု ဖြစ်လေ့ရှိတာကြောင့် အခုတွေ့ရှိချက်ဟာ အရေးပါတယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့သူ ဒေါက်တာ မိုင်လို ဖူဟန်က ပြောကြားထားပါတယ်။

သုတေသနဟာ ဆွစ်ဇာလန်နဲ့ နယ်သာလန်က လူပေါင်း ၄၀၉ ယောက်ကို လေ့လာခဲ့တာဖြစ်ပြီး မကြာသေးခင်က လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ ၂၀၁၆ ကျန်းမာရေးဆိုင်ရာ ညီလာခံတစ်ခုမှာ အဆိုပါသုတေသနကို တင်ပြခဲ့တာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top