Kantharyar Centre
×

 ေခါင္းႏွစ္လံုးေႁမြဟု လူသိမ်ားသည့္ ရွားပါးမ်ိဳးစိတ္ ေႁမြတစ္ေကာင္ကို တရားမဝင္ ေမွာင္ခိုသမားမ်ား လက္ထဲမွ ကယ္တင္ႏုိင္ခဲ့ေၾကာင္း အိႏၵိယ ရဲတပ္ဖြဲ႕က ေၾကညာခဲ့သည္။

သဲနီစပါးႀကီးဟု ေခၚေဝၚသည့္ အဆိုပါ ေႁမြမ်ိဳးစိတ္မွာ မ်ိဳးသုဉ္းလုနီးပါး ရွားပါးေနၿပီ ျဖစ္ေသာေၾကာင့္ ဥပေဒမ်ားျဖင့္ အကာအကြယ္ ေပးထားရသည္။ ေခါင္းႏွစ္လံုးေႁမြဟု လူသိမ်ားေသာ္လည္း အမွန္တကယ္အားျဖင့္ ေခါင္းႏွစ္လံုး ရွိေနျခင္း မဟုတ္ဘဲ အၿမီးပိုင္းက လံုးဝန္းႀကီးမားၿပီး ေခါင္းပိုင္းႏွင့္ ဆင္တူေနေသာေၾကာင့္ ေခါင္းႏွစ္လံုးသ႑န္ ျဖစ္ေနျခင္းဟု သိရသည္။

ေမွာင္ခုိေစ်းကြက္ထဲတြင္ အဆိုပါ ေႁမြအမ်ိဳးအစားမွာ အလြန္ ေစ်းႏႈန္းႀကီးမားေလ့ ရွိသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ထုိေႁမြမ်ားကို ေမြးျမဴထားပါက ကံေကာင္းတတ္သည္ဟု အယူအဆမ်ိဳး ရွိေနၿပီး ေဆးဘက္လည္း ဝင္သည္ဟု အစဉ္တစိုက္ ယံုၾကည္ခဲ့ေသာေၾကာင့္ ျဖစ္သည္။

ဘဂၤလား ရဲတပ္ဖြဲ႕က ဥပေဒျဖင့္ အကာအကြယ္ ေပးထားသည့္ ရွားပါး တိရစာၦန္ မ်ိဳးစိတ္ကို ေဒၚလာ ၁၅၀၀ ဝန္းက်င္ျဖင့္ ေရာင္းခ်ရန္ ႀကိဳးပမ္းေနေသာ လူ ၄ ဦးကို ဖမ္းဆီးခဲ့သည္။ အဆိုပါ ဖမ္းဆီးမႈတြင္ ဝယ္လက္အျဖစ္ ဟန္ေဆာင္ထားသည့္ အရပ္ဝတ္ ရဲမ်ားကို အသံုးျပဳခဲ့ေၾကာင္းလည္း သိရသည္။

ေဒသခံ ရဲတပ္ဖြဲ႕ တာဝန္ရွိသူ တစ္ဦးက သဲနီစပါးႀကီး ေႁမြမ်ားႏွင့္ ပတ္သက္၍ ဒ႑ာရီဆန္ဆန္ ခ်ဲ႕ကားေျပာဆိုမႈမ်ားျဖင့္ လိမ္လည္ ေရာင္းခ်မႈမ်ား ျပဳလုပ္ေနၾကျခင္းဟု ဆိုသည္။ ရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရ အရာရွိ ဟာရွာက “ဒီေႁမြမ်ိဳး ေဆာင္ထားရင္ လာဘ္ေကာင္းတယ္လုိ႔ အယူလြဲေနသူေတြကို ဦးတည္ၿပီး လိမ္လည္ၾကတာပါ။ တကယ္ေတာ့ ဒါဟာ အေျခအျမစ္ လံုးဝမရွိပါဘူး”ဟု ဆိုသည္။

၎က “ဒီေႁမြကို ေခါင္းႏွစ္လံုးေႁမြလို႔ လူသိမ်ားပါတယ္။ အေၾကာင္းရင္းက အၿမီးနဲ႔ေခါင္း အရမ္းဆင္လုိ႔ပါ။ အၿမီးပိုင္းကို မွားဖမ္းမိရင္ ေခါင္းပိုင္းက ျပန္တိုက္ခုိက္တတ္တာေၾကာင့္ ေခါင္းႏွစ္လံုးရွိသလို ျဖစ္ေနတာပါ။ ဒါကို အထူးအဆန္းလုပ္ၿပီး ေဆာင္ထားရင္ လာဘ္ရႊင္တယ္ ဘာညာဆိုၿပီး အယူသီးလာၾကတာ ျဖစ္ပါတယ္”ဟုလည္း ေျပာၾကားခဲ့သည္။

သိပၸံအမည္ Eryx Johniiဟု ေခၚေဝၚေသာ ေႁမြမ်ားသည္ အိႏၵိယ၊ ပါကစၥတန္ႏွင့္ အီရန္တို႔တြင္ ေနထုိင္က်က္စားေလ့ ရွိၾကသည္။ ၎တို႔သည္ အျခားစပါးႀကီးမ်ားကဲ့သို႔ အရြယ္အစား အလြန္ႀကီးမားမႈ မရွိဘဲ အလြန္ဆံုး သံုးေပ အရွည္ထိသာ ႀကီးထြားႏိုင္ေၾကာင္း သိရသည္။ စပါးႀကီး မ်ိဳးႏြယ္ဝင္ပီပီ အဆိပ္အေတာက္လည္း မရွိေခ်။

“အယူအဆမွားေတြက ဒီေႁမြမ်ိဳးစိတ္ေတြကို ေမြးထားရင္ လာဘ္ရႊင္တယ္။ အထူးသျဖင့္ အေကာင္ႀကီးရင္ ပိုလာဘ္ေကာင္းတယ္ ဆိုတာမ်ိဳး ယံုၾကည္ေနၾကတာ။ ဒီေတာ့ တရားမဝင္ ေရာင္းဝယ္သူေတြက ေႁမြေတြကို အေကာင္မႀကီးႀကီးေအာင္ ေဆးဝါးေတြ အလြန္အကၽြံ ထိုးသြင္းတာမ်ိဳးေတြ လုပ္ၾကတယ္။ ဒီေတာ့ ေႁမြေတြခမ်ာ မခ်ိမဆံ့ ေဝဒနာခံစားၿပီး ေသၾကရရွာတယ္”ဟုလည္း ဟာရွာက မွတ္ခ်က္ေပးခဲ့သည္။

ေမွာင္ခိုသမားမ်ား လက္ထဲမွ ကယ္တင္ႏုိင္ခဲ့သည့္ သဲနီစပါးႀကီးေႁမြကို ယခုအခါ ဘဂၤလားၿမိဳ႕ျပင္ရွိ ဘာနာဂတၱား သဘာဝ ဇီဝဥယ်ာဉ္ထဲတြင္ ေဘးမဲ့လႊတေပးလုိက္ၿပီဟု သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:BBC

#Unicode Version
 ခေါင်းနှစ်လုံးမြွေဟု လူသိများသည့် ရှားပါးမျိုးစိတ် မြွေတစ်ကောင်ကို တရားမဝင် မှောင်ခိုသမားများ လက်ထဲမှ ကယ်တင်နိုင်ခဲ့ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

သဲနီစပါးကြီးဟု ခေါ်ဝေါ်သည့် အဆိုပါ မြွေမျိုးစိတ်မှာ မျိုးသုဉ်းလုနီးပါး ရှားပါးနေပြီ ဖြစ်သောကြောင့် ဥပဒေများဖြင့် အကာအကွယ် ပေးထားရသည်။ ခေါင်းနှစ်လုံးမြွေဟု လူသိများသော်လည်း အမှန်တကယ်အားဖြင့် ခေါင်းနှစ်လုံး ရှိနေခြင်း မဟုတ်ဘဲ အမြီးပိုင်းက လုံးဝန်းကြီးမားပြီး ခေါင်းပိုင်းနှင့် ဆင်တူနေသောကြောင့် ခေါင်းနှစ်လုံးသဏ္ဍန် ဖြစ်နေခြင်းဟု သိရသည်။

မှောင်ခိုဈေးကွက်ထဲတွင် အဆိုပါ မြွေအမျိုးအစားမှာ အလွန် ဈေးနှုန်းကြီးမားလေ့ ရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုမြွေများကို မွေးမြူထားပါက ကံကောင်းတတ်သည်ဟု အယူအဆမျိုး ရှိနေပြီး ဆေးဘက်လည်း ဝင်သည်ဟု အစဉ်တစိုက် ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်။

ဘင်္ဂလား ရဲတပ်ဖွဲ့က ဥပဒေဖြင့် အကာအကွယ် ပေးထားသည့် ရှားပါး တိရစ္ဆာန် မျိုးစိတ်ကို ဒေါ်လာ ၁၅၀၀ ဝန်းကျင်ဖြင့် ရောင်းချရန် ကြိုးပမ်းနေသော လူ ၄ ဦးကို ဖမ်းဆီးခဲ့သည်။ အဆိုပါ ဖမ်းဆီးမှုတွင် ဝယ်လက်အဖြစ် ဟန်ဆောင်ထားသည့် အရပ်ဝတ် ရဲများကို အသုံးပြုခဲ့ကြောင်းလည်း သိရသည်။

ဒေသခံ ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သဲနီစပါးကြီး မြွေများနှင့် ပတ်သက်၍ ဒဏ္ဍာရီဆန်ဆန် ချဲ့ကားပြောဆိုမှုများဖြင့် လိမ်လည် ရောင်းချမှုများ ပြုလုပ်နေကြခြင်းဟု ဆိုသည်။ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဟာရှာက “ဒီမြွေမျိုး ဆောင်ထားရင် လာဘ်ကောင်းတယ်လို့ အယူလွဲနေသူတွေကို ဦးတည်ပြီး လိမ်လည်ကြတာပါ။ တကယ်တော့ ဒါဟာ အခြေအမြစ် လုံးဝမရှိပါဘူး”ဟု ဆိုသည်။

၎င်းက “ဒီမြွေကို ခေါင်းနှစ်လုံးမြွေလို့ လူသိများပါတယ်။ အကြောင်းရင်းက အမြီးနဲ့ခေါင်း အရမ်းဆင်လို့ပါ။ အမြီးပိုင်းကို မှားဖမ်းမိရင် ခေါင်းပိုင်းက ပြန်တိုက်ခိုက်တတ်တာကြောင့် ခေါင်းနှစ်လုံးရှိသလို ဖြစ်နေတာပါ။ ဒါကို အထူးအဆန်းလုပ်ပြီး ဆောင်ထားရင် လာဘ်ရွှင်တယ် ဘာညာဆိုပြီး အယူသီးလာကြတာ ဖြစ်ပါတယ်”ဟုလည်း ပြောကြားခဲ့သည်။

သိပ္ပံအမည် Eryx Johniiဟု ခေါ်ဝေါ်သော မြွေများသည် အိန္ဒိယ၊ ပါကစ္စတန်နှင့် အီရန်တို့တွင် နေထိုင်ကျက်စားလေ့ ရှိကြသည်။ ၎င်းတို့သည် အခြားစပါးကြီးများကဲ့သို့ အရွယ်အစား အလွန်ကြီးမားမှု မရှိဘဲ အလွန်ဆုံး သုံးပေ အရှည်ထိသာ ကြီးထွားနိုင်ကြောင်း သိရသည်။ စပါးကြီး မျိုးနွယ်ဝင်ပီပီ အဆိပ်အတောက်လည်း မရှိချေ။

“အယူအဆမှားတွေက ဒီမြွေမျိုးစိတ်တွေကို မွေးထားရင် လာဘ်ရွှင်တယ်။ အထူးသဖြင့် အကောင်ကြီးရင် ပိုလာဘ်ကောင်းတယ် ဆိုတာမျိုး ယုံကြည်နေကြတာ။ ဒီတော့ တရားမဝင် ရောင်းဝယ်သူတွေက မြွေတွေကို အကောင်မကြီးကြီးအောင် ဆေးဝါးတွေ အလွန်အကျွံ ထိုးသွင်းတာမျိုးတွေ လုပ်ကြတယ်။ ဒီတော့ မြွေတွေခမျာ မချိမဆံ့ ဝေဒနာခံစားပြီး သေကြရရှာတယ်”ဟုလည်း ဟာရှာက မှတ်ချက်ပေးခဲ့သည်။

မှောင်ခိုသမားများ လက်ထဲမှ ကယ်တင်နိုင်ခဲ့သည့် သဲနီစပါးကြီးမြွေကို ယခုအခါ ဘင်္ဂလားမြို့ပြင်ရှိ ဘာနာဂတ္တား သဘာဝ ဇီဝဥယျာဉ်ထဲတွင် ဘေးမဲ့လွှတပေးလိုက်ပြီဟု သိရှိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:BBC
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top