Kantharyar Centre
×

                အဆိပ္ခတ္ခံရၿပီး ေသဆံုးေနေသာ ငါးမ်ားအား ေတြ႔ရစဥ္(ဓာတ္ပံု−ထြန္းဝင္းဆန္း)

ပဲခူးတုိင္းေဒသႀကီး ငါး ေမြးျမဴေရးကန္အခ်ဳိ႕ရွိ ေရာင္း တန္း၀င္ငါးမ်ား အဆိပ္ခတ္ခံရ ကာ ေသဆုံးေနသျဖင့္ ေရခ်ဳိငါး လုပ္ငန္းဥပေဒျဖင့္ အမႈဖြင့္ထား ေၾကာင္း သတင္းရရွိသည္။

သာရေ၀ါၿမိဳ႕ရွိ ငါးေမြးကန္ မ်ားတြင္ က်ပ္သိန္း ၁,၈၀၀  ေက်ာ္တန္ဖိုးရွိ ငါးၾကင္း၊ ငါးျမစ္ခ်င္းႏွင့္ ငါးေခါင္းပြအေကာင္ေရ သိန္း ၂၀ ေက်ာ္သည္ ၾသဂုတ္ေနာက္ဆုံးပတ္ကစကာ ေသဆုံးကုန္သျဖင့္ သာရေ၀ါရဲစခန္းသို႔ အေၾကာင္းၾကားကာ ေရခ်ဳိငါးလုပ္ငန္းဥပေဒ ျဖင့္ အမႈဖြင့္ျခင္း ျဖစ္သည္။

‘‘ကြၽန္ေတာ္တို႔ဆီ အေၾကာင္းၾကားလုိ႔ ေရခ်ဳိငါးလုပ္ငန္းဥပေဒ ပုဒ္မ ၄၅ နဲ႔ အမႈဖြင့္ၿပီး စစ္ေဆး ေနတယ္။ ေလာေလာဆယ္ေတာ့ သက္ေသေတြကို စစ္ေဆးထား ၿပီး ဘာအဆိပ္လဲဆိုတာသိဖုိ႔ ေရ နမူနာယူၿပီး ဓာတ္ခဲြခန္းပို႔ထားပါ တယ္။ ေနာက္တစ္ပတ္ေလာက္ ေတာ့ သိႏုိင္ေလာက္ပါၿပီ။ မဖမ္းမိ ေသးပါဘူး’’ သာရေ၀ါၿမိဳ႕မရဲစခန္း မွ အမႈစစ္ရဲအရာရွိ ဒုရဲအုပ္ႏုိင္ မင္းသန္းက ေျပာသည္။


အနီးအနားရွိ ငါးေမြးျမဴေရး ကန္မ်ား အဆိပ္ခတ္ခံရသည္ကို သတင္းၾကားသျဖင့္ အလုပ္သမား မ်ားႏွင့္အတူတူ ညအိပ္ေစာင့္ေန စဥ္ ငါးမ်ားေသဆုံးသည္ကို ေတြ႕ ရေၾကာင္း ငါးေမြးကန္ပိုင္ရွင္ ဦးထြန္း၀င္းဆန္းက ေျပာသည္။

‘‘ညဘက္မွာ ကိုယ္တုိင္ ေစာင့္ေနတာ၊ အလုပ္သမားေတြ လည္းရွိတယ္။ မုိးလင္းခါနီး ၄ နာ ရီေလာက္အခ်ိန္မွာ ကန္ထဲကငါး ေတြ ကုန္းေပၚခုန္တက္ၿပီး ေသ ကုန္တာေတြ႕တယ္။ ဒါနဲ႔သာရေ၀ါ ရဲစခန္းကို အေၾကာင္းၾကားၿပီး အ မႈဖြင့္လုိက္တယ္။ ေရနမူနာလာ ယူသြားၾကတယ္’’ဟု ဦးထြန္း၀င္း ဆန္းက ေျပာသည္။

ငါးေမြးကန္မ်ားတြင္ အင္တ လင္းကဲ့သို႔ ပိုးသတ္ေဆးမ်ားခတ္ ကာ ငါးမ်ားေသဆုံးရန္ မသမာသူတခ်ဳိ႕က ျပဳလုပ္ခဲ့ဖူး၍ ယခုျဖစ္စဥ္ကို သက္ဆုိင္သူမ်ား ပူးေပါင္းေျဖရွင္းသင့္ေၾကာင္း ငါးလုပ္ငန္းဦးစီး ဌာနမွ တာ၀န္ရွိသူတစ္ဦးက ေျပာ သည္။

‘‘ျဖစ္စဥ္အေသးစိတ္ေတာ့ မသိရေသးဘူး။ ဒါေပမဲ့ အဲဒီလိုျဖစ္ ၿပီဆုိ ငါးကန္ထဲကေရကို လက္ လြတ္စပယ္အျပင္ကို စြန္႔ထုတ္ တာမ်ဳိး မလုပ္သင့္တဲ့အျပင္ ကန္ ကိုလည္း ေျမျပန္ျပဳျပင္တာတို႔၊ အ ဆိပ္ေတြ ကုန္ေအာင္လုပ္တာတို႔  ၿပီးမွ ျပန္သုံးသင့္တယ္။ အားလုံး ပူးေပါင္းေျဖရွင္းသင့္တယ္’’ ဟု အ ထက္ပါတာ၀န္ရွိသူက ေျပာသည္။

ယင္းျဖစ္ရပ္မ်ဳိးသည္ ငါးခုိး ဖမ္းျခင္းႏွင့္ ဘက္ထရီေရွာ့ခ္တုိက္ ျခင္းထက္ ဆုိးရြားၿပီး ငါးေမြးကန္ မ်ားတြင္ တရားဥပေဒစိုးမိုးမႈ အား နည္းျခင္းေၾကာင့္ ယင္းျဖစ္ရပ္မ်ဳိး ထပ္မံမေပၚေပါက္ေစရန္ သက္ ဆုိင္ရာက ၀ိုင္း၀န္းေဆာင္ရြက္သင့္ ေၾကာင္း ျမန္မာႏုိင္ငံငါးလုပ္ငန္း အဖဲြ႕ခ်ဳပ္ဒုဥကၠ႒ေဒါက္တာျမင့္စိန္က ေျပာသည္။

ေရခ်ဳိငါးလုပ္ငန္း ဥပေဒပုဒ္ မ ၄၅ တြင္ အဆိပ္အေတာက္မ်ား ျဖင့္ အက်ဳိးဖ်က္ဆီးပါက ေငြဒဏ္ က်ပ္ ၃၀,၀၀၀ ျဖစ္ေစ၊ ေထာင္ဒဏ္ သုံးႏွစ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္စလုံးျဖစ္ေစက်ခံေစရမည္ဟု ျပ႒ာန္းထားၿပီး ယခုအဆိပ္ခ်သူမ်ားကို ဖမ္းဆီးႏုိင္ျခင္း မရွိေသးေၾကာင္း သတင္းရရွိသည္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

#Unicode Version
အဆိပ်ခတ်ခံရပြီး သေဆုံးနေသော ငါးများအား တွေ့ရစဉ်(ဓာတ်ပုံ−ထွန်းဝင်းဆန်း)

ပဲခူးတိုင်းဒေသကြီး ငါး မွေးမြူရေးကန်အချို့ရှိ ရောင်း တန်းဝင်ငါးများ အဆိပ်ခတ်ခံရ ကာ သေဆုံးနေသဖြင့် ရေချိုငါး လုပ်ငန်းဥပဒေဖြင့် အမှုဖွင့်ထား ကြောင်း သတင်းရရှိသည်။

သာရဝေါမြို့ရှိ ငါးမွေးကန် များတွင် ကျပ်သိန်း ၁,၈၀၀  ကျော်တန်ဖိုးရှိ ငါးကြင်း၊ ငါးမြစ်ချင်းနှင့် ငါးခေါင်းပွအကောင်ရေ သိန်း ၂၀ ကျော်သည် သြဂုတ်နောက်ဆုံးပတ်ကစကာ သေဆုံးကုန်သဖြင့် သာရဝေါရဲစခန်းသို့ အကြောင်းကြားကာ ရေချိုငါးလုပ်ငန်းဥပဒေ ဖြင့် အမှုဖွင့်ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့ဆီ အကြောင်းကြားလို့ ရေချိုငါးလုပ်ငန်းဥပဒေ ပုဒ်မ ၄၅ နဲ့ အမှုဖွင့်ပြီး စစ်ဆေး နေတယ်။ လောလောဆယ်တော့ သက်သေတွေကို စစ်ဆေးထား ပြီး ဘာအဆိပ်လဲဆိုတာသိဖို့ ရေ နမူနာယူပြီး ဓာတ်ခွဲခန်းပို့ထားပါ တယ်။ နောက်တစ်ပတ်လောက် တော့ သိနိုင်လောက်ပါပြီ။ မဖမ်းမိ သေးပါဘူး’’ သာရဝေါမြို့မရဲစခန်း မှ အမှုစစ်ရဲအရာရှိ ဒုရဲအုပ်နိုင် မင်းသန်းက ပြောသည်။


အနီးအနားရှိ ငါးမွေးမြူရေး ကန်များ အဆိပ်ခတ်ခံရသည်ကို သတင်းကြားသဖြင့် အလုပ်သမား များနှင့်အတူတူ ညအိပ်စောင့်နေ စဉ် ငါးများသေဆုံးသည်ကို တွေ့ ရကြောင်း ငါးမွေးကန်ပိုင်ရှင် ဦးထွန်းဝင်းဆန်းက ပြောသည်။

‘‘ညဘက်မှာ ကိုယ်တိုင် စောင့်နေတာ၊ အလုပ်သမားတွေ လည်းရှိတယ်။ မိုးလင်းခါနီး ၄ နာ ရီလောက်အချိန်မှာ ကန်ထဲကငါး တွေ ကုန်းပေါ်ခုန်တက်ပြီး သေ ကုန်တာတွေ့တယ်။ ဒါနဲ့သာရဝေါ ရဲစခန်းကို အကြောင်းကြားပြီး အ မှုဖွင့်လိုက်တယ်။ ရေနမူနာလာ ယူသွားကြတယ်’’ဟု ဦးထွန်းဝင်း ဆန်းက ပြောသည်။

ငါးမွေးကန်များတွင် အင်တ လင်းကဲ့သို့ ပိုးသတ်ဆေးများခတ် ကာ ငါးများသေဆုံးရန် မသမာသူတချို့က ပြုလုပ်ခဲ့ဖူး၍ ယခုဖြစ်စဉ်ကို သက်ဆိုင်သူများ ပူးပေါင်းဖြေရှင်းသင့်ကြောင်း ငါးလုပ်ငန်းဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

‘‘ဖြစ်စဉ်အသေးစိတ်တော့ မသိရသေးဘူး။ ဒါပေမဲ့ အဲဒီလိုဖြစ် ပြီဆို ငါးကန်ထဲကရေကို လက် လွတ်စပယ်အပြင်ကို စွန့်ထုတ် တာမျိုး မလုပ်သင့်တဲ့အပြင် ကန် ကိုလည်း မြေပြန်ပြုပြင်တာတို့၊ အ ဆိပ်တွေ ကုန်အောင်လုပ်တာတို့  ပြီးမှ ပြန်သုံးသင့်တယ်။ အားလုံး ပူးပေါင်းဖြေရှင်းသင့်တယ်’’ ဟု အ ထက်ပါတာဝန်ရှိသူက ပြောသည်။

ယင်းဖြစ်ရပ်မျိုးသည် ငါးခိုး ဖမ်းခြင်းနှင့် ဘက်ထရီရှော့ခ်တိုက် ခြင်းထက် ဆိုးရွားပြီး ငါးမွေးကန် များတွင် တရားဥပဒေစိုးမိုးမှု အား နည်းခြင်းကြောင့် ယင်းဖြစ်ရပ်မျိုး ထပ်မံမပေါ်ပေါက်စေရန် သက် ဆိုင်ရာက ဝိုင်းဝန်းဆောင်ရွက်သင့် ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်း အဖွဲ့ချုပ်ဒုဥက္ကဋ္ဌဒေါက်တာမြင့်စိန်က ပြောသည်။

ရေချိုငါးလုပ်ငန်း ဥပဒေပုဒ် မ ၄၅ တွင် အဆိပ်အတောက်များ ဖြင့် အကျိုးဖျက်ဆီးပါက ငွေဒဏ် ကျပ် ၃၀,၀၀၀ ဖြစ်စေ၊ ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံစေရမည်ဟု ပြဋ္ဌာန်းထားပြီး ယခုအဆိပ်ချသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။


 ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top