Property Expo
×

အခုတေလာ ျမန္မာလူငယ္ေတြၾကားမွာ ေခတ္စားေနတဲ့ ေရာဂါပိုး တစ္ခုရွိပါတယ္။ အဲ့ဒါက ဂ်ပန္ပိုးပါ။ ျမန္မာျပည္ အႏွံ႔က လူငယ္ ေတြ ဂ်ပန္ႏိုင္ငံကိုသြားေရာက္ဖို႔အတြက္ အသည္းအသန္ ႀကိဳးပမ္း ေနၾကတာကိုေတြ႕ရပါတယ္။ ဘယ္သူကစလိုက္သလဲေတာ့ မသိ ပါဘူး Training Visa နဲ႔ ဂ်ပန္သြားရမယ္ဆိုတာ ဂ်ာနယ္ေတြ၊ FB ေပၚမွာလည္း အမ်ားႀကီးေတြ႕ေနရပါတယ္။
ဂ်ပန္ႏိုင္ငံအစိုးက ခြင့္ျပဳထားတဲ့ ျပည္၀င္ခြင့္ Visa ၂၇ မ်ဳိးရွိပါတယ္။ အဲ့ဒီအထဲမွာ Training Visa ဟာ အခက္ဆံုးပါ။ ၀န္ထမ္း ၃၀၁ ေယာက္ရွိတဲ့ ကုမၸဏီ တစ္ခုအေနနဲ႔လူ အေယာက္၂၀ အထိပဲ ၀င္ ခြင့္ေပးထားပါတယ္။ တရား၀င္ေၾကျငာထားတာပါ။ ေၾကာ္ျငာေတြ မွာၾကည့္လိုက္ရင္ လူ၅၀နဲ႔အထက္ ေခၚထားတာေတြ ေတြ႔ေနရ ပါတယ္။

ရန္ကုန္နဲ႔ မႏၱေလးၿမိဳ႕ႀကီးေတြမွာ စာသင္ေက်ာင္းေတြေထာင္ၿပီး ဂ်ပန္ကို Training Visa နဲ႔ သြားဖို႔အတြက္ဆိုၿပီး ဂ်ပန္စာ သင္တန္း ေတြ ဖြင့္ေနတာကိုလည္း ေတြ႔ရပါတယ္။ ေသျခာတယ္ဆိုရင္ေတာ့ ေကာင္းတာေပါ့၊ မဟုတ္ရင္ ဒီကေလးေတြ ေငြကုန္၊ အခ်ိန္ ကုန္ ၊ လူပင္ပမ္းၿပီး စိတ္ဒဏ္ရာရမႈေတြျဖစ္လာၾကမွာ။ အဲဒီအတြက္ကို စဥ္းစားေစခ်င္တယ္။ ဂ်ပန္ကိုယ္တိုင္ကေခၚသြားမယ္လို႔၊ Interview ေအာင္ရင္ လိုက္သြားရမယ္လို႔ ေျပာဆိုေနတာလည္း ရွိပါတယ္။ ၀င္ေငြဘယ္ေလာက္လဲရမွာလဲေမးၾကည့္ေတာ့ ယန္း ၁၁ ေသာင္း၊ ျမန္မာေငြ၁၃သိန္းေလာက္ရမယ္၊ ေနစရာ၊စားစရာ မပါ ဘူး။ ရက္ရက္စက္စက္ပါပဲ။ ကၽြန္ေတာ္တို႔ေနတဲ့အခ်ိ္န္က အလုပ္ တစ္ပိုင္းစာ ေတာင္မရွိတဲ့ ေငြေလာက္နဲ႔ ျမန္မာ လူမ်ဳိးေတြအေပၚမွာ ေခါင္းပံုလာျဖတ္ေနၾကတယ္။

ဂ်ပန္ေတာ္ေတာ္မ်ားမ်ား ျမန္မာျပည္ေရာက္လာၿပီးအလုပ္မရွိရင္ ဂ်ပန္စာသင္တဲ့ေက်ာင္းဖြင့္တယ္။ အဲဒါေၾကာင့္လဲ ဂ်ပန္ဆရာ ကိုယ္တိုင္သင္တဲ့ေက်ာင္းေတြဆိုၿပီး အမ်ားႀကီးျဖစ္လာတာ။ ဂ်ပန္ လူမ်ဳိးကေတာ့ သူ႔စာသူတတ္မွာေပါ့။ ဒါေပမယ့္ စာသင္တတ္ဖို႔ ဆိုတာ ကလိုေသးတယ္။ ေတြ႔တဲ့စာအုပ္၀ယ္ၿပီး သင္ခ်င္ရာေတြ ေလွ်ာက္သင္ေနရင္ ေက်ာင္းသားက ဘယ္လို စာတတ္မွာလဲ။ စာသင္တယ္ဆိုတာ ပညာရပ္တစ္ခုပါ။ စာတတ္တိုင္းလည္​း စာသင္ လို႔မရပါဘူး။

ကၽြန္ေတာ္စာေတြေရးခဲ့ဖူးပါတယ္။ ဒီမွာရွိတဲ့ဂ်ပန္ေတြ အေၾကာင္း သူတို႔တိုင္းျပည္မွာ ဘာမွလုပ္စားမရလို႔ ျမန္မာျပည္ကို ေရာက္ေန တဲ့ ေကာင္ေတြပါ။ တကယ္ေျပာတာပါ။ အခြန္မေဆာင္ခ်င္လို႔ ေျပး လာတဲ့ ေကာင္ေတြကမ်ားပါတယ္။ ျမန္မာျပည္ကိုေရာက္ေနတဲ့ ဂ်ပန္ေတြကိုၾကည့္ရင္ ေနာက္ထပ္လာမဲ့ ဂ်ပန္ေတြအတြက္ အိမ္ပြဲ စား လုပ္တယ္၊ ခရီးသြားလုပ္ငန္းလုပ္တယ္၊ ေက်ာင္းဖြင့္တယ္။ ဒီလို ေကာင္ေတြက မ်ားပါတယ္။ ကၽြန္ေတာ္ကေတာ့ ဂ်ပန္ျမင္ရင္ ပြဲစား လို႔ပဲ သတ္မွတ္ထားတယ္။ အရမ္းေတာ္တဲ့၊ တတ္တဲ့ ဂ်ပန္ေတြ ျမန္မာျပည္ ကိုမလာၾကပါဘူး။ ဂ်ပန္မွာအရမ္းေတာ္၊ အရမ္းနာမည္ ႀကီးတဲ့သူဆိုရင္ အိပ္ခ်ိန္ေတာင္ မရွိဘူး။ ျမန္မာျပည္ လာဖို႔ဆိုတာ အေ၀းႀကီး။

ဂ်ပန္လူလိမ္တစ္ေယာက္နဲ႔ ေတြ႔ခဲ့ပံုေလးေျပာျပခ်င္ပါတယ္။ ၂၀၀၅ ခုႏွစ္ေလာက္က တစ္ရက္မွာ ကၽြန္ေတာ္နဲ႔အရမ္းရင္းႏွီးၿပီး ပံုႏွိပ္လုပ္ ငန္းလုပ္ေနတဲ့ ညီေလးတစ္ေယာက္ ဂ်ပန္မွာေက်ာင္းတက္ဖို႔ Interview တစ္ခုလုပ္စရာရွိလို႔ ခဏလိုက္ခဲ့ေပးပါဆိုၿပီး ကၽြန္ေတာ့္ ကိုလာေခၚပါတယ္။ ဘယ္မွာလဲလို႔ေမးၾကည့္ေတာ့ Trader Hotel တဲ့။ ဒါနဲ႔ပဲ Hotel ကိုလိုက္သြားခဲ့ပါတယ္။ လမ္းမွာ သူ႔ကို ကၽြန္ေတာ္ ဂ်ပန္လိုေျပာတတ္တယ္ဆိုတာ မသိေစဖို႔အတြက္လည္း မွာထား ခဲ့တယ္။

Hotel ၀င္ေပါက္ကိုေရာက္ၿပီး ဘယ္အခန္းလဲလို႔ေမးၾကည့္ေတာ့ ဖုန္းဆက္ရမယ္ဆိုၿပီးဖုန္းဆက္တယ္။ ဖုန္းသံနဲ႔အတူ Hotel Lobby ထဲကလူတစ္ေယာက္မတ္တပ္ထရပ္ၿပီး လက္လွမ္းျပတာ ေတြ႔ရ တယ္။ အဲ့ဒီလူရဲ႕ေဘးမွာ ဂ်ပန္တစ္ေယာက္ ေရသန္႔ဘူး တစ္ဘူးနဲ႔ ထိုင္ေနတာကို ေတြ႔လိုက္ရပါတယ္။ အဲ့ဒီကတည္းက ဒီေကာင္ေတြ လိမ္ေတာ့မယ္ဆိုတာရိပ္မိပါတယ္။ လူလိမ္ေတာ္ေတာ္မ်ားမ်ားဟာ နာမည္ႀကီး Hotel ေတြရဲ႕ Lobby ေတြကို သူတို႔အလုပ္စားပြဲအျဖစ္ အသံုးခ်တာမ်ားတယ္။ Lobby ဆိုတာက ဘယ္သူ၀င္ထိုင္ထိုင္ ထိုင္လို႔ရတဲ့ပဲ။ ကၽြန္ေတာ္တို႔ဆီမွာက Hotel ယဥ္ေက်းမႈက နည္း ေနေသးေတာ့ ဒါကိုအခြင့္ေကာင္း ယူေနၾကတာ။

ကၽြန္တို႔ႏွစ္ေယာက္ သူတို႔ဆီကိုေလွ်ာက္သြားေတာ့ ဂ်ပန္က ခပ္ညံ့ ညံ့ အဂၤလိပ္စကားနဲ႔ မင္းတို႔ႏွစ္ေယာက္လာတာ အေတာ္ပဲ။ ေက်ာင္းသားက ႏွစ္ေယာက္ပဲလိုေတာ့တာ၊ မင္းတို႔ကံေကာင္းတယ္ တဲ့။ ကၽြန္ေတာ္လည္း အဂၤလိပ္လိုပဲ ၀မ္းသာပါတယ္၊ ဘာညာျပန္ ေျပာၿပီး ေက်ာင္းကိစၥကို ေမးၾကည့္ေတာ့ သိန္း၁၅၀ ကုန္မယ္၊ ႏွစ္ပိုင္းခြဲေပးရမယ္လို ႔ေျပာလာတယ္။ သူနဲ႔ပါလာတဲ့ ျမန္မာနဲ႔ မိတ္ဆက္ၿပီး ဒီဂ်ပန္နဲ႔ ဘယ္တုန္းက သိတာလဲလို ႔ေမးၾကည့္ေတာ့၊ ကၽြန္ေတာ့္ ေက်ာင္းအုပ္ဆရာႀကီး ပါတဲ့။ ေက်ာင္းနဲ႔ပတ္သက္တဲ့ စာရြက္စာတန္းေတြ ေတာင္းၾကည့္ေတာ့ စာရြက္တစ္ထုတ္ လွမ္းေပးၿပီး ေက်ာင္းက Takadanobaba မွာတက္ရမယ္လို ႔ေျပာလာတယ္။ ကၽြန္ေတာ္ ကိုျပတဲ့ စာရြက္မွာေက်ာင္းလိပ္စာက Yokohama ျဖစ္ေနတယ္။ Takadanobaba ဆိုတာ တိုက်ဳိမွာ ျမန္မာေတြ အမ်ားဆံုးေနတဲ့ ၿမိဳ႕ပါ။ ကၽြန္ေတာ္ ကြန္ျပဴတာသင္တန္း ဖြင့္ခဲ့တဲ့ ေနရာပါ။ ေက်ာင္းကဘာေက်ာင္းလဲ ေမးၾကည့္ေတာ့ ဂ်ပန္ ရိုးရာ အစားအေသာက္ သင္တန္းေက်ာင္း၊ ဒီမွာေျမပံုစာရြက္ ဆိုၿပီး စာရြက္တစ္ရြက္လွမ္းေပးတယ္။ ယူၾကည့္လိုက္ေတာ့ ဂ်ပန္ မွာ အိမ္ငွားရင္ ပြဲစားရံုခန္းေတြက ေပးတဲ့ စာရြက္ပါ။ လိ္ပ္စာကလည္း Yokohama ပါပဲ။ ေနာက္ၿပီး အစားအေသာက္ျပင္ထားတဲ့ ဓါတ္ပံု ေတြ ထပ္ၿပီးထုတ္ျပတယ္။

ကၽြန္ေတာ္သူ႔ဆီက စာရြက္စာတန္းေတြ အားလံုးယူလိုက္ၿပီး မင္း ဘာျဖစ္လို႔ျမန္မာျပည္မွာ လာလိမ္ေနတာလဲလို႔ ဂ်ပန္လို ေမးလိုက္ တယ္။ သူေတာ္ေတာ္လန္႔သြားတဲ့ပံုစံရွိတယ္။ ၿပီးေတာ့ မင္းဂ်ပန္လို ေျပာတတ္လား ငါကအဂၤလိပ္လိုသိပ္မေျပာ တတ္ဘူး၊ ဂ်ပန္လိုပဲ ေျပာၾကတာေပါ့ဆိုၿပီး လာေရာတယ္။ မင္းတို႔ဂ်ပန္မွာ ပိုက္ဆံ သိန္း၁၅၀ ဆိုတာ ပါးပါးေလးပဲရွိပါတယ္။ ဒီမွာ သိန္း ၁၅၀ ဆိုတာ လူတစ္ေယာက္ ဘ၀ပါပ်က္သြားႏိုင္တယ္ မင္းသိလား။ မင္းဒီမွာ လာၿပီးလိမ္တဲ့အလုပ္ေတြမလုပ္ပါနဲ႔လို ႔ေျပာေတာ့ သူက မင္းငါ့ကို မယံုရင္ မလုပ္နဲ႔ ကၽြန္ေတာ္အတူပါလာတဲ့ သူဘက္လွည့္ၿပီး မင္း တစ္ေယာက္တည္း လိုက္ခဲ့တဲ့။ ကၽြန္ေတာ္လည္း ေဒါသျဖစ္ျဖစ္နဲ ႔သူ႔စာရြက္ေတြကို ပစ္ေပးၿပီး ဒီမွာဘာေရးထားတာ လဲ Yokohama လား Takadanobaba ဆိုၿပီးေမးေတာ့ မင္းဂ်ပန္လိုပါဖတ္တတ္လားတဲ့။ ဒီဟာက အိမ္ပြဲ စားရံုးခန္းက အလကား ယူလာတဲ့စာရြက္ေတြ မင္းေျပာတဲ့ ဂ်ပန္ ရိုးရားဟင္းခ်က္သင္တန္းေက်ာင္းဆိုတာလည္း Takadanobaba မွာမရွိဘူး။ လူလိမ္လို႔ေျပာေတာ့၊ ငါလူလိမ္မဟုတ္ဘူး မင္းမယံုရင္ ဒီမွာၾကည့္ ငါနဲ႔အလုပ္အတူတူ လုပ္ေနတဲ့လူေတြဆိုၿပီး ျမန္မာျပည္ က စစ္ဗိုလ္ႀကီးေတြနဲ႔ ငါးကန္တူးေနတဲ့ ဓါတ္ပံုေတြ ထုတ္ျပတယ္။

ကၽြန္ေတာ္ကေတာ္ၿပီမင္းနဲ႔စကားမေျပာေတာ့ဘူးဆိုၿပီး သူနဲ႔အတူ ပါလာတဲ့ ဗမာဘက္ကိုလွည့္ၿပီး မင္းၾကားက ဒုကၡေရာက္မယ္ ျမန္မာအခ်င္းခ်င္းအဲဒီလို မလုပ္နဲ႔လို႔ေျပာေတာ့ ကၽြန္ေတာ္ဘာမွ မသိဘူး၊ သူနဲ႔သိတာ တပတ္ေလာက္ပဲ ရွိေသးတယ္ ဆိုၿပီး ဂ်ပန္ကို ေခၚၿပီး ထေျပးသြားၾကတယ္။

ဒါကကၽြန္ေတာ္တကယ္ႀကံဳေတြ႔ခဲ့ရတဲ့ ေက်ာင္းနဲ႔ပတ္သက္ၿပီး လိမ္တဲ့ ဂ်ပန္ပါ။ တျခားလုပ္ငန္းတစ္ခုနဲ႔ ပတ္သက္ၿပီး လာလိမ္တဲ့ ဂ်ပန္လည္းရွိေသးတယ္။ ေနာက္ႀကံဳမွပဲ ေရးေတာ့မယ္။ ကၽြန္ေတာ္ ကိုယ္တိုင္ အလိမ္ခံလိုက္ရတဲ့ကိစၥ တစ္ခုပါ။ ဂ်ပန္ေတြ လာလိမ္ၾက တာ ကိုယ့္လူေတြပါလို႔ပါ။ ကိုယ့္အခ်င္းခ်င္း သစၥာမရွိလို႔ ျဖစ္ရတာ ေတြပါ။

ဂ်ပန္ႏိုင္ငံကို အလုပ္ Visa, Training Visa ေတြနဲ႔ေခၚတယ္ ဆိုရင္ သတိထားၾကပါ။ ၈၀% ေလာက္က လူလိမ္ေတြ ျဖစ္ဖို႔ မ်ားပါ တယ္။ ဒီလိုလိမ္ေနၾကတဲ့ေနရာမွာ ျမန္မာေတြလည္း ပါေနတာကို စိတ္မ ေကာင္းစရာနဲ႔ေတြ႔ရပါတယ္။ ဒီ Post နဲ႔ပတ္သက္ၿပီး ေ၀ဖန္ ေျပာ ၾကားလိုပါက ကၽြန္ေတာ့ Check Box ကေနအခ်ိန္မေရြး ေျပာဆို ႏိုင္ပါတယ္။ ဘယ္သူ႔ကိုမွ မုန္းလို႔ နစ္နာေစဖို႔ မဟုတ္ပါဘူး၊ ျမန္မာ လူမ်ဳိးေတြ သူတပါး အလိမ္ခံေနတာကို သိေစခ်င္လို႔ ေရးသား ရျခင္း ျဖစ္ပါတယ္။ လူေကာင္းေတြရွိလို လူဆိုးေတြလည္း အမ်ား ႀကီးပါ။ ဂ်ပန္ျမင္တိုင္းအထင္မႀကီးၾကပါနဲ႔ လူလိမ္ဂ်ပန္ေတြ အမ်ား ၾကီးရွိပါတယ္။

ဂ်ပန္အစိုးရက တရား၀င္ခြင့္ျပဳထားတဲ့ Visa ေတြအေၾကာင္း သိလိုပါက http://www.japanvisa.com/visas/japan-training-visa မွာ ၀င္ေရာက္ ဖတ္ရႈႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:ဟန္စိုး

#Unicode Version
အခုတလော မြန်မာလူငယ်တွေကြားမှာ ခေတ်စားနေတဲ့ ရောဂါပိုး တစ်ခုရှိပါတယ်။ အဲ့ဒါက ဂျပန်ပိုးပါ။ မြန်မာပြည် အနှံ့က လူငယ် တွေ ဂျပန်နိုင်ငံကိုသွားရောက်ဖို့အတွက် အသည်းအသန် ကြိုးပမ်း နေကြတာကိုတွေ့ရပါတယ်။ ဘယ်သူကစလိုက်သလဲတော့ မသိ ပါဘူး Training Visa နဲ့ ဂျပန်သွားရမယ်ဆိုတာ ဂျာနယ်တွေ၊ FB ပေါ်မှာလည်း အများကြီးတွေ့နေရပါတယ်။
ဂျပန်နိုင်ငံအစိုးက ခွင့်ပြုထားတဲ့ ပြည်ဝင်ခွင့် Visa ၂၇ မျိုးရှိပါတယ်။ အဲ့ဒီအထဲမှာ Training Visa ဟာ အခက်ဆုံးပါ။ ဝန်ထမ်း ၃၀၁ ယောက်ရှိတဲ့ ကုမ္ပဏီ တစ်ခုအနေနဲ့လူ အယောက်၂၀ အထိပဲ ဝင် ခွင့်ပေးထားပါတယ်။ တရားဝင်ကြေငြာထားတာပါ။ ကြော်ငြာတွေ မှာကြည့်လိုက်ရင် လူ၅၀နဲ့အထက် ခေါ်ထားတာတွေ တွေ့နေရ ပါတယ်။

ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ စာသင်ကျောင်းတွေထောင်ပြီး ဂျပန်ကို Training Visa နဲ့ သွားဖို့အတွက်ဆိုပြီး ဂျပန်စာ သင်တန်း တွေ ဖွင့်နေတာကိုလည်း တွေ့ရပါတယ်။ သေခြာတယ်ဆိုရင်တော့ ကောင်းတာပေါ့၊ မဟုတ်ရင် ဒီကလေးတွေ ငွေကုန်၊ အချိန် ကုန် ၊ လူပင်ပမ်းပြီး စိတ်ဒဏ်ရာရမှုတွေဖြစ်လာကြမှာ။ အဲဒီအတွက်ကို စဉ်းစားစေချင်တယ်။ ဂျပန်ကိုယ်တိုင်ကခေါ်သွားမယ်လို့၊ Interview အောင်ရင် လိုက်သွားရမယ်လို့ ပြောဆိုနေတာလည်း ရှိပါတယ်။ ဝင်ငွေဘယ်လောက်လဲရမှာလဲမေးကြည့်တော့ ယန်း ၁၁ သောင်း၊ မြန်မာငွေ၁၃သိန်းလောက်ရမယ်၊ နေစရာ၊စားစရာ မပါ ဘူး။ ရက်ရက်စက်စက်ပါပဲ။ ကျွန်တော်တို့နေတဲ့အချိန်က အလုပ် တစ်ပိုင်းစာ တောင်မရှိတဲ့ ငွေလောက်နဲ့ မြန်မာ လူမျိုးတွေအပေါ်မှာ ခေါင်းပုံလာဖြတ်နေကြတယ်။

ဂျပန်တော်တော်များများ မြန်မာပြည်ရောက်လာပြီးအလုပ်မရှိရင် ဂျပန်စာသင်တဲ့ကျောင်းဖွင့်တယ်။ အဲဒါကြောင့်လဲ ဂျပန်ဆရာ ကိုယ်တိုင်သင်တဲ့ကျောင်းတွေဆိုပြီး အများကြီးဖြစ်လာတာ။ ဂျပန် လူမျိုးကတော့ သူ့စာသူတတ်မှာပေါ့။ ဒါပေမယ့် စာသင်တတ်ဖို့ ဆိုတာ ကလိုသေးတယ်။ တွေ့တဲ့စာအုပ်ဝယ်ပြီး သင်ချင်ရာတွေ လျှောက်သင်နေရင် ကျောင်းသားက ဘယ်လို စာတတ်မှာလဲ။ စာသင်တယ်ဆိုတာ ပညာရပ်တစ်ခုပါ။ စာတတ်တိုင်းလည်း စာသင် လို့မရပါဘူး။

ကျွန်တော်စာတွေရေးခဲ့ဖူးပါတယ်။ ဒီမှာရှိတဲ့ဂျပန်တွေ အကြောင်း သူတို့တိုင်းပြည်မှာ ဘာမှလုပ်စားမရလို့ မြန်မာပြည်ကို ရောက်နေ တဲ့ ကောင်တွေပါ။ တကယ်ပြောတာပါ။ အခွန်မဆောင်ချင်လို့ ပြေး လာတဲ့ ကောင်တွေကများပါတယ်။ မြန်မာပြည်ကိုရောက်နေတဲ့ ဂျပန်တွေကိုကြည့်ရင် နောက်ထပ်လာမဲ့ ဂျပန်တွေအတွက် အိမ်ပွဲ စား လုပ်တယ်၊ ခရီးသွားလုပ်ငန်းလုပ်တယ်၊ ကျောင်းဖွင့်တယ်။ ဒီလို ကောင်တွေက များပါတယ်။ ကျွန်တော်ကတော့ ဂျပန်မြင်ရင် ပွဲစား လို့ပဲ သတ်မှတ်ထားတယ်။ အရမ်းတော်တဲ့၊ တတ်တဲ့ ဂျပန်တွေ မြန်မာပြည် ကိုမလာကြပါဘူး။ ဂျပန်မှာအရမ်းတော်၊ အရမ်းနာမည် ကြီးတဲ့သူဆိုရင် အိပ်ချိန်တောင် မရှိဘူး။ မြန်မာပြည် လာဖို့ဆိုတာ အဝေးကြီး။


ဂျပန်လူလိမ်တစ်ယောက်နဲ့ တွေ့ခဲ့ပုံလေးပြောပြချင်ပါတယ်။ ၂၀၀၅ ခုနှစ်လောက်က တစ်ရက်မှာ ကျွန်တော်နဲ့အရမ်းရင်းနှီးပြီး ပုံနှိပ်လုပ် ငန်းလုပ်နေတဲ့ ညီလေးတစ်ယောက် ဂျပန်မှာကျောင်းတက်ဖို့ Interview တစ်ခုလုပ်စရာရှိလို့ ခဏလိုက်ခဲ့ပေးပါဆိုပြီး ကျွန်တော့် ကိုလာခေါ်ပါတယ်။ ဘယ်မှာလဲလို့မေးကြည့်တော့ Trader Hotel တဲ့။ ဒါနဲ့ပဲ Hotel ကိုလိုက်သွားခဲ့ပါတယ်။ လမ်းမှာ သူ့ကို ကျွန်တော် ဂျပန်လိုပြောတတ်တယ်ဆိုတာ မသိစေဖို့အတွက်လည်း မှာထား ခဲ့တယ်။

Hotel ဝင်ပေါက်ကိုရောက်ပြီး ဘယ်အခန်းလဲလို့မေးကြည့်တော့ ဖုန်းဆက်ရမယ်ဆိုပြီးဖုန်းဆက်တယ်။ ဖုန်းသံနဲ့အတူ Hotel Lobby ထဲကလူတစ်ယောက်မတ်တပ်ထရပ်ပြီး လက်လှမ်းပြတာ တွေ့ရ တယ်။ အဲ့ဒီလူရဲ့ဘေးမှာ ဂျပန်တစ်ယောက် ရေသန့်ဘူး တစ်ဘူးနဲ့ ထိုင်နေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီကတည်းက ဒီကောင်တွေ လိမ်တော့မယ်ဆိုတာရိပ်မိပါတယ်။ လူလိမ်တော်တော်များများဟာ နာမည်ကြီး Hotel တွေရဲ့ Lobby တွေကို သူတို့အလုပ်စားပွဲအဖြစ် အသုံးချတာများတယ်။ Lobby ဆိုတာက ဘယ်သူဝင်ထိုင်ထိုင် ထိုင်လို့ရတဲ့ပဲ။ ကျွန်တော်တို့ဆီမှာက Hotel ယဉ်ကျေးမှုက နည်း နေသေးတော့ ဒါကိုအခွင့်ကောင်း ယူနေကြတာ။

ကျွန်တို့နှစ်ယောက် သူတို့ဆီကိုလျှောက်သွားတော့ ဂျပန်က ခပ်ညံ့ ညံ့ အင်္ဂလိပ်စကားနဲ့ မင်းတို့နှစ်ယောက်လာတာ အတော်ပဲ။ ကျောင်းသားက နှစ်ယောက်ပဲလိုတော့တာ၊ မင်းတို့ကံကောင်းတယ် တဲ့။ ကျွန်တော်လည်း အင်္ဂလိပ်လိုပဲ ဝမ်းသာပါတယ်၊ ဘာညာပြန် ပြောပြီး ကျောင်းကိစ္စကို မေးကြည့်တော့ သိန်း၁၅၀ ကုန်မယ်၊ နှစ်ပိုင်းခွဲပေးရမယ်လို့ပြောလာတယ်။ သူနဲ့ပါလာတဲ့ မြန်မာနဲ့ မိတ်ဆက်ပြီး ဒီဂျပန်နဲ့ ဘယ်တုန်းက သိတာလဲလို့မေးကြည့်တော့၊ ကျွန်တော့် ကျောင်းအုပ်ဆရာကြီး ပါတဲ့။ ကျောင်းနဲ့ပတ်သက်တဲ့ စာရွက်စာတန်းတွေ တောင်းကြည့်တော့ စာရွက်တစ်ထုတ် လှမ်းပေးပြီး ကျောင်းက Takadanobaba မှာတက်ရမယ်လို့ပြောလာတယ်။ ကျွန်တော် ကိုပြတဲ့ စာရွက်မှာကျောင်းလိပ်စာက Yokohama ဖြစ်နေတယ်။ Takadanobaba ဆိုတာ တိုကျိုမှာ မြန်မာတွေ အများဆုံးနေတဲ့ မြို့ပါ။ ကျွန်တော် ကွန်ပြူတာသင်တန်း ဖွင့်ခဲ့တဲ့ နေရာပါ။ ကျောင်းကဘာကျောင်းလဲ မေးကြည့်တော့ ဂျပန် ရိုးရာ အစားအသောက် သင်တန်းကျောင်း၊ ဒီမှာမြေပုံစာရွက် ဆိုပြီး စာရွက်တစ်ရွက်လှမ်းပေးတယ်။ ယူကြည့်လိုက်တော့ ဂျပန် မှာ အိမ်ငှားရင် ပွဲစားရုံခန်းတွေက ပေးတဲ့ စာရွက်ပါ။ လိပ်စာကလည်း Yokohama ပါပဲ။ နောက်ပြီး အစားအသောက်ပြင်ထားတဲ့ ဓါတ်ပုံ တွေ ထပ်ပြီးထုတ်ပြတယ်။

ကျွန်တော်သူ့ဆီက စာရွက်စာတန်းတွေ အားလုံးယူလိုက်ပြီး မင်း ဘာဖြစ်လို့မြန်မာပြည်မှာ လာလိမ်နေတာလဲလို့ ဂျပန်လို မေးလိုက် တယ်။ သူတော်တော်လန့်သွားတဲ့ပုံစံရှိတယ်။ ပြီးတော့ မင်းဂျပန်လို ပြောတတ်လား ငါကအင်္ဂလိပ်လိုသိပ်မပြော တတ်ဘူး၊ ဂျပန်လိုပဲ ပြောကြတာပေါ့ဆိုပြီး လာရောတယ်။ မင်းတို့ဂျပန်မှာ ပိုက်ဆံ သိန်း၁၅၀ ဆိုတာ ပါးပါးလေးပဲရှိပါတယ်။ ဒီမှာ သိန်း ၁၅၀ ဆိုတာ လူတစ်ယောက် ဘဝပါပျက်သွားနိုင်တယ် မင်းသိလား။ မင်းဒီမှာ လာပြီးလိမ်တဲ့အလုပ်တွေမလုပ်ပါနဲ့လို့ပြောတော့ သူက မင်းငါ့ကို မယုံရင် မလုပ်နဲ့ ကျွန်တော်အတူပါလာတဲ့ သူဘက်လှည့်ပြီး မင်း တစ်ယောက်တည်း လိုက်ခဲ့တဲ့။ ကျွန်တော်လည်း ဒေါသဖြစ်ဖြစ်နဲ့သူ့စာရွက်တွေကို ပစ်ပေးပြီး ဒီမှာဘာရေးထားတာ လဲ Yokohama လား Takadanobaba ဆိုပြီးမေးတော့ မင်းဂျပန်လိုပါဖတ်တတ်လားတဲ့။ ဒီဟာက အိမ်ပွဲ စားရုံးခန်းက အလကား ယူလာတဲ့စာရွက်တွေ မင်းပြောတဲ့ ဂျပန် ရိုးရားဟင်းချက်သင်တန်းကျောင်းဆိုတာလည်း Takadanobaba မှာမရှိဘူး။ လူလိမ်လို့ပြောတော့၊ ငါလူလိမ်မဟုတ်ဘူး မင်းမယုံရင် ဒီမှာကြည့် ငါနဲ့အလုပ်အတူတူ လုပ်နေတဲ့လူတွေဆိုပြီး မြန်မာပြည် က စစ်ဗိုလ်ကြီးတွေနဲ့ ငါးကန်တူးနေတဲ့ ဓါတ်ပုံတွေ ထုတ်ပြတယ်။


ကျွန်တော်ကတော်ပြီမင်းနဲ့စကားမပြောတော့ဘူးဆိုပြီး သူနဲ့အတူ ပါလာတဲ့ ဗမာဘက်ကိုလှည့်ပြီး မင်းကြားက ဒုက္ခရောက်မယ် မြန်မာအချင်းချင်းအဲဒီလို မလုပ်နဲ့လို့ပြောတော့ ကျွန်တော်ဘာမှ မသိဘူး၊ သူနဲ့သိတာ တပတ်လောက်ပဲ ရှိသေးတယ် ဆိုပြီး ဂျပန်ကို ခေါ်ပြီး ထပြေးသွားကြတယ်။

ဒါကကျွန်တော်တကယ်ကြုံတွေ့ခဲ့ရတဲ့ ကျောင်းနဲ့ပတ်သက်ပြီး လိမ်တဲ့ ဂျပန်ပါ။ တခြားလုပ်ငန်းတစ်ခုနဲ့ ပတ်သက်ပြီး လာလိမ်တဲ့ ဂျပန်လည်းရှိသေးတယ်။ နောက်ကြုံမှပဲ ရေးတော့မယ်။ ကျွန်တော် ကိုယ်တိုင် အလိမ်ခံလိုက်ရတဲ့ကိစ္စ တစ်ခုပါ။ ဂျပန်တွေ လာလိမ်ကြ တာ ကိုယ့်လူတွေပါလို့ပါ။ ကိုယ့်အချင်းချင်း သစ္စာမရှိလို့ ဖြစ်ရတာ တွေပါ။

ဂျပန်နိုင်ငံကို အလုပ် Visa, Training Visa တွေနဲ့ခေါ်တယ် ဆိုရင် သတိထားကြပါ။ ၈၀% လောက်က လူလိမ်တွေ ဖြစ်ဖို့ များပါ တယ်။ ဒီလိုလိမ်နေကြတဲ့နေရာမှာ မြန်မာတွေလည်း ပါနေတာကို စိတ်မ ကောင်းစရာနဲ့တွေ့ရပါတယ်။ ဒီ Post နဲ့ပတ်သက်ပြီး ဝေဖန် ပြော ကြားလိုပါက ကျွန်တော့ Check Box ကနေအချိန်မရွေး ပြောဆို နိုင်ပါတယ်။ ဘယ်သူ့ကိုမှ မုန်းလို့ နစ်နာစေဖို့ မဟုတ်ပါဘူး၊ မြန်မာ လူမျိုးတွေ သူတပါး အလိမ်ခံနေတာကို သိစေချင်လို့ ရေးသား ရခြင်း ဖြစ်ပါတယ်။ လူကောင်းတွေရှိလို လူဆိုးတွေလည်း အများ ကြီးပါ။ ဂျပန်မြင်တိုင်းအထင်မကြီးကြပါနဲ့ လူလိမ်ဂျပန်တွေ အများ ကြီးရှိပါတယ်။

ဂျပန်အစိုးရက တရားဝင်ခွင့်ပြုထားတဲ့ Visa တွေအကြောင်း သိလိုပါက http://www.japanvisa.com/visas/japan-training-visa မှာ ဝင်ရောက် ဖတ်ရှုနိုင်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:ဟန္စိုး
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top