Kantharyar Centre
×

လူတုိင္းဟာ ကိုယ့္အထာနဲ႕ကိုယ္ေနတတ္ဖုိ႕ အေရးႀကီးပါတယ္။ ဟန္ေဆာင္တတ္တာမ်ိဳးထက္ ပြင့္လင္းမႈရွိတဲ့ပံုစံကိုသာ အားလံုးက လက္ခံခ်င္ၾကပါလိမ့္မယ္။ အမ်ိဳးသားေတြလည္း ဒီလိုပါပဲ။ သူတုိ႕စိတ္၀င္စားတဲ့ အမ်ိဳးသမီးက ေျပာတဲ့တစ္မ်ိဳး လုပ္ေတာ့တစ္မ်ိဳး ဟန္ေဆာင္ဖံုးကြယ္ေနတတ္တဲ့သူဆုိ သူတုိ႕အတြက္ ဆြဲေဆာင္မႈမရွိဘူးလုိ႕ ထင္ၾကပါတယ္။ ဒီလိုအခ်က္ေတြအျပင္ သူတုိ႕ကို စိတ္ပ်က္ေစတတ္တဲ့၊ ဆြဲေဆာင္မႈနည္းနည္းမွ မရွိပါလားလို႕ ထင္တဲ့ အမ်ိဳးသမီးပံုစံေတြကေတာ့

၁။အရင္က ထားခဲ့ဖူးတဲ့ ရည္းစားကို စိတ္ထဲက မေဖ်ာက္ႏိုင္ပဲ သတိတရရျဖစ္ေနတတ္တဲ့ ခ်စ္သူေကာင္မေလးမ်ိဳး။ ကိုယ္ရွိေနရဲ႕သားနဲ႕ အရင္ တစ္ေယာက္ကို လြမ္းတယ္ဆုိေတာ့ အမ်ိဳးသားအေနနဲ႕ သိကၡာက်တယ္လုိ႕ ထင္ေနပါလိမ့္မယ္။

၂။အစားအေသာက္အေၾကာင္း ေျပာသာေျပာတာ၊ အလွပ်က္မွာစိုးလို႕ မစားပဲေနတတ္တဲ့ ေကာင္မေလးမ်ိဳး။

၃။စကားေျပာေတာ့မယ္ဆုိရင္ ေျပာမလုိ႕လုပ္ျပီးမွ ထားလုိက္ပါေတာ့၊ မေျပာေတာ့ဘူးဆုိျပီး ခဏခဏလုပ္တတ္တဲ့ ေကာင္မေလးမ်ိဳး။

၄။ကိုယ့္ပံုစံအက်င့္ေတြကို ေျပာင္းလဲဖုိ႕ ႀကိဳးစားေနတဲ့ ေကာင္မေလးမ်ိဳး။

၅။အရည္မရ အဖတ္မရစကားေတြကို တစ္ခ်ိန္လံုးေျပာေနတတ္တဲ့ ေကာင္မေလးမ်ိဳး။

၆။လုပ္သမ်ွအရာရာတုိင္းကို လိုက္ေ၀ဖန္ေနတတ္တဲ့ ေကာင္မေလးမ်ိဳး။

၇။ကိုယ့္ကိုယ္ကုိ ယံုၾကည္မႈလံုး၀မရွိတဲ့ ေကာင္မေလးမ်ိဳး။

၈။ ကုိယ့္အမွားမဟုတ္တာကို တစ္ခ်ိန္လံုး လိုက္ေတာင္းပန္ေနတတ္တဲ့ ေကာင္မေလးမ်ိဳး။

၉။ရည္းစားထားတာကို တာ၀န္အရလုပ္ေနတဲ့ အလုပ္လို သေဘာထားတတ္တဲ့ ေကာင္မေလးမ်ိဳး။

၁၀။တစ္ခုခုေျပာရင္ ျငင္းဖုိ႕ေလာက္သာသိျပီး စကားကိုအျမဲျဖတ္ျဖတ္ေျပာတတ္တဲ့ ေကာင္မေလးမ်ိဳး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TrendMyanmar

#Unicode Version

လူတိုင်းဟာ ကိုယ့်အထာနဲ့ကိုယ်နေတတ်ဖို့ အရေးကြီးပါတယ်။ ဟန်ဆောင်တတ်တာမျိုးထက် ပွင့်လင်းမှုရှိတဲ့ပုံစံကိုသာ အားလုံးက လက်ခံချင်ကြပါလိမ့်မယ်။ အမျိုးသားတွေလည်း ဒီလိုပါပဲ။ သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးက ပြောတဲ့တစ်မျိုး လုပ်တော့တစ်မျိုး ဟန်ဆောင်ဖုံးကွယ်နေတတ်တဲ့သူဆို သူတို့အတွက် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြပါတယ်။ ဒီလိုအချက်တွေအပြင် သူတို့ကို စိတ်ပျက်စေတတ်တဲ့၊ ဆွဲဆောင်မှုနည်းနည်းမှ မရှိပါလားလို့ ထင်တဲ့ အမျိုးသမီးပုံစံတွေကတော့

၁။အရင်က ထားခဲ့ဖူးတဲ့ ရည်းစားကို စိတ်ထဲက မဖျောက်နိုင်ပဲ သတိတရရဖြစ်နေတတ်တဲ့ ချစ်သူကောင်မလေးမျိုး။ ကိုယ်ရှိနေရဲ့သားနဲ့ အရင် တစ်ယောက်ကို လွမ်းတယ်ဆိုတော့ အမျိုးသားအနေနဲ့ သိက္ခာကျတယ်လို့ ထင်နေပါလိမ့်မယ်။

၂။အစားအသောက်အကြောင်း ပြောသာပြောတာ၊ အလှပျက်မှာစိုးလို့ မစားပဲနေတတ်တဲ့ ကောင်မလေးမျိုး။

၃။စကားပြောတော့မယ်ဆိုရင် ပြောမလို့လုပ်ပြီးမှ ထားလိုက်ပါတော့၊ မပြောတော့ဘူးဆိုပြီး ခဏခဏလုပ်တတ်တဲ့ ကောင်မလေးမျိုး။

၄။ကိုယ့်ပုံစံအကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကောင်မလေးမျိုး။

၅။အရည်မရ အဖတ်မရစကားတွေကို တစ်ချိန်လုံးပြောနေတတ်တဲ့ ကောင်မလေးမျိုး။

၆။လုပ်သမျှအရာရာတိုင်းကို လိုက်ဝေဖန်နေတတ်တဲ့ ကောင်မလေးမျိုး။

၇။ကိုယ့်ကိုယ်ကို ယုံကြည်မှုလုံးဝမရှိတဲ့ ကောင်မလေးမျိုး။

၈။ ကိုယ့်အမှားမဟုတ်တာကို တစ်ချိန်လုံး လိုက်တောင်းပန်နေတတ်တဲ့ ကောင်မလေးမျိုး။

၉။ရည်းစားထားတာကို တာဝန်အရလုပ်နေတဲ့ အလုပ်လို သဘောထားတတ်တဲ့ ကောင်မလေးမျိုး။

၁၀။တစ်ခုခုပြောရင် ငြင်းဖို့လောက်သာသိပြီး စကားကိုအမြဲဖြတ်ဖြတ်ပြောတတ်တဲ့ ကောင်မလေးမျိုး။

ဖိုးသူတော် (www.phothutaw.com)
Credit: TrendMyanmar

 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top