Property Expo
×

ျမန္မာႏုိင္ငံ၏ လူေနထူထပ္သည့္ စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္၌ လူဦးေရမွာ တစ္ရက္ႏွင့္ တစ္ရက္ တုိးပြားလ်က္ရွိသည္။ လူဦးေရ တုိးပြားေနရျခင္းမွာ ျမန္မာႏုိင္ငံ ေဒသအသီးသီး၌ ေနထုိင္သူမ်ား ၀မ္းေရးအတြက္ လာေရာက္ အလုပ္လုပ္ကုိင္မႈမ်ား ရွိေသာေၾကာင့္ျဖစ္သည္။

ထုိသုိ႕ အလုပ္လုပ္ကုိင္ေနသည့္ အေျခခံ လူတန္းစားမ်ားသည္ မိမိလုပ္ငန္းသုိ႔ သြားေရာက္ရန္အတြက္ ခရီးသည္တင္လုိင္းကားမ်ား၊ ရထားႏွင့္ အငွားယာဥ္မ်ားကုိ ေန႔စဥ္ အလ်ဥ္းသင့္သလုိ အသုံးျပဳရသည္။ အမ်ားစုမွာ ခရီးသည္တင္ လိုင္းကားမ်ားကုိ အမ်ားဆုံး အသုံးျပဳ၍ လုိရာခရီးအသီးသီးကုိ သြားေရာက္ေနၾကသည္။ ဤအရာကုိၾကည့္လွ်င္ ခရီးသည္တင္ယာဥ္မ်ားမွာ အေျခခံလူတန္းစားမ်ားအတြက္ မ်ားစြာ အေရးပါေနသည္ကုိ ေတြ႕ျမင္ႏုိင္သည္။

မ.ထ.သ(ဗဟုိ)မွ စုံစမ္းသိရွိရေသာ စာရင္းအရ ရန္ကုန္ၿမိဳ႕အတြင္း မွတ္ပုံတင္ထားေသာ ခရီးသည္တင္ယာဥ္ ၇၀၀၀ ေက်ာ္အနက္ ေန႔စဥ္ယာဥ္အစီးေရ ၄၀၀၀ ေက်ာ္ျဖင့္ ခရီးသည္ ၂ ဒသမ ၃ သန္းမွ ၂ ဒသမ ၅ သန္းကုိ  ေန႔စဥ္ သယ္ယူ ပုိ႔ေဆာင္ေနေၾကာင္း သိရသည္။

လက္ရွိတြင္ လုိင္းကားစီး ခရီးသည္အမ်ားစုမွာ ယာဥ္စီးခ ပုိမုိေတာင္းခံမႈ၊ ယာဥ္ေနာက္လုိက္အခ်ဳိ႕၏ မေခ်မငံ ဆက္ဆံမႈ၊ သတ္မွတ္ခရီးစဥ္လမ္းေၾကာင္းအတုိင္း ၿပီးဆုံးေအာင္မေျပးဆြဲေပးမႈစသည့္ အခက္အခဲမ်ားကုိ ေတြ႕ၾကံဳခံစားေနရၿပီး အေျခခံလူတန္းစားမ်ားအတြက္ ယာဥ္စီးခ ပုိမုိေတာင္းယူခံရျခင္းမွာ မိမိေငြ ေခါင္းပုံျဖတ္ခံေနရျခင္းပင္ ျဖစ္သည္ဟု ဆုိၾကသည္။

“အခုက ဟုိနားဒီနား ခရီးတုိလည္း၂၀၀ ေပးေနရတယ္။ အထူးကားေတြ ပုံေသကားေတြက ပုံေသ သတ္မွတ္ထားတာ မွန္ေပမယ့္ အထူးကား မဟုတ္တဲ့ ယာဥ္ေတြက ဟုိနား ဒီနား ၂၀၀ ေတာင္းေနတာ မျဖစ္သင့္ဘူး။ စံျပေစ်းကေန ေရွ႕ႏွစ္မွတ္တုိင္ေလာက္ကုိ ၁၀၀ ေပးတာကုိ ဘီအမ္ ယာဥ္အခ်ဳိ႕ကမရဘူး။ ပုိေတာင္းတယ္။ ယာဥ္စီးခ ပုိေတာင္းလုိ႔ မထသကုိ တုိင္တာလည္းမ်ားၿပီ။ ဘာအေရးယူမႈမွ မၾကားရဘူး။ အေျခခံလူတန္းစားအမ်ားစုပဲ လိုင္းကားကုိ အသုံးျပဳၾကတာပါ။ မရွိတဲ့လူကုိ ယာဥ္စီးခ ပုိေတာင္းတာဟာ မရွိတဲ့သူထံက ေခါင္းပုံျဖတ္တာပဲ” ဟု ေတာင္ဒဂုံၿမိဳ႕နယ္တြင္ ေနထိုင္သူ ဦးေအာင္ၾကည္က ေျပာၾကားသည္။


■ တုိင္ၾကားမႈမ်ားျပားေနဆဲျဖစ္သည့္ ယာဥ္စီးခပုိမုိေတာင္းယူမႈ

ရန္ကုန္ၿမိဳ႕တြင္း ေျပးဆြဲေနေသာ အခ်ဳိ႕ယာဥ္လိုင္းမ်ားမွာ က်ပ္ ၁၅၀ က်သင့္သည္ကို က်ပ္ ၂၀၀ ေတာင္းခံျခင္း၊ အထူးယာဥ္လိုင္းမ်ားမွာ က်ပ္၂၀၀ က်သင့္သည္ကို က်ပ္ ၃၀၀ ေကာက္ခံျခင္း၊ မီနီဘတ္စ္ျဖင့္ အစားထိုး ေျပးဆြဲသည့္ ဒိုင္နာယာဥ္လိုင္းမ်ားႏွင့္ ဘီအမ္ယာဥ္အခ်ဳိ႕မွာ ယာဥ္စီးခႏႈန္းထားမ်ား ပိုမို ေတာင္းယူမႈရွိေနေၾကာင္း ခရီးသြားျပည္သူမ်ားထံမွ သိရသည္။

မထသ(ဗဟုိ)သုိ႔ ခရီးသည္တုိင္ၾကားမႈ အမ်ားဆုံးမွာ ေမာ္ေတာ္ယာဥ္စီးခ ပုိမုိေတာင္းယူမႈပင္ ျဖစ္ၿပီး ထိုသုိ႔ေတာင္းယူသည့္ ခရီးသည္တင္ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္လုိက္အား အေရးယူမႈ နည္းပါးေၾကာင္း ခရီးသည္မ်ားက ဆုိသည္။

“ခရီးသည္ေတြ ယာဥ္လုပ္သားေတြအေပၚ တိုင္ၾကားမႈအမ်ားဆုံးကေတာ့ ယာဥ္စီးခ ပုိမုိေတာင္းယူမႈပါပဲ။ ဒီျပႆနာကုိ ေျဖရွင္းမယ္ဆုိရင္ ေတာ္ေတာ္မ်ားမ်ားကုိလုပ္ဖုိ႔ လုိပါတယ္။ ကြၽန္ေတာ္တုိ႔လုပ္ႏုိင္တာကေတာ့ ၁၃၈ ခ်က္ သတ္မွတ္ေပးထားတယ္။ အဲဒီအထဲမွာ ယာဥ္စီးခ ပုိမုိေတာင္းခံရင္ ဒဏ္ေၾကးေပးေဆာင္ဖုိ႔ သတ္မွတ္ထားပါတယ္။ၿပီးေတာ့ မထသ၀န္ထမ္းေတြကို ယာဥ္လိုင္း ေတြေပၚ လုိက္လံစီးနင္းေစၿပီး ယာဥ္စီးခ ေတာင္းခံတဲ့ယာဥ္ေတြကုိ မွတ္သားအေရးယူပါတယ္” ဟု မထသ (ဗဟုိ)ဥကၠ႒ ဦးလွေအာင္က ေျပာၾကားသည္။

ယာဥ္စီးခ ပိုမိုေတာင္းခံသည့္အမႈအတြက္  ဒဏ္ေငြ က်ပ္ ၃၀၀၀၀ ျဖင့္အေရးယူၿပီး ဒဏ္ေငြမေဆာင္ပါက မထသထဲမွ ထုတ္ပယ္အေရးယူလ်က္ရွိကာ ခရီးသည္မ်ားအား မေခ်မငံ ျပန္လည္ဆက္ဆံျခင္း၊ တစ္ဆင့္တက္၍ ခိုက္ရန္ျဖစ္ပြားျခင္းတို႔ ျဖစ္လာပါက ယာဥ္လိုင္းမွ ထုတ္ပယ္မည္ဟု သတိေပးထားေၾကာင္း မထသ(ဗဟို) မွ သိရသည္။


■ လုိင္းကားအမ်ားစုတြင္ ေပ်ာက္ဆုံးေနသည့္ ယာဥ္စီးခေကာက္ခံမႈႏွင့္ တုိင္ၾကားရန္ဖုန္းနံပါတ္

ခရီးသည္တင္ ယာဥ္အမ်ားစုတြင္ သတ္မွတ္ခရီးစဥ္ လမ္းေၾကာင္းအလုိက္ ေကာက္ယူမႈ စတစ္ကာမ်ား ကပ္ထားျခင္း မရွိေတာ့သည့္အျပင္ ေက်နပ္မႈမရွိပါကတိုင္ ၾကားႏုိင္ရန္ ေရးသားထားေသာ ဖုန္းနံပါတ္စတစ္ကာမ်ား ကပ္ထားမႈ မရွိသည္ကိုေတြ႕ ျမင္လာရသည္။

“ခရီးသည္ယာဥ္အမ်ားစုမွာ သတ္မွတ္ယာဥ္စီးခ ကပ္ထားတာလည္း မရွိေတာ့ဘူး။ မေက်နပ္ရင္ တုိင္ၾကားလုိ႔ရတဲ့ ဖုန္းနံပါတ္လည္း မကပ္ထားေတာ့ဘူး။ ေၾကာ္ျငာေတြပဲ ကပ္ထားတာေတြ႕ရတယ္။ ေျမာက္ဒဂုံကေန ဆူးေလကုိ ေျပးဆြဲေနတဲ့ ဘီအမ္ယာဥ္ေတြ ဆုိရင္ ခရီးစဥ္ကုိၿပီးဆုံးေအာင္မသြားဘူး။ ဂတ္စ္မေလာက္လုိ႔၊ ကားပ်က္လုိ႔ဆုိၿပီး ေနာက္ကားကုိ ခ်ိန္းေပးတယ္။ ခရီးသည္ေခၚတုန္းကေတာ့ ခရီးစဥ္အဆုံး မွတ္တုိင္ကုိေခၚတယ္။ ခရီးသည္ကေျပာရင္လည္း စပယ္ယာေတြက ဆဲဆုိၿပီးျပန္ေျပာတယ္။ ဒီဒုကၡေတြက ျပည္သူေတြပဲ ေန႔စဥ္ရင္ဆုိင္ေနရတာပါ” ဟု ေျမာက္ဒဂုံၿမိဳ႕နယ္ေန ကုိမင္းသူရက ေျပာၾကားသည္။

ဗထသ (ဗဟုိ) မွ ခရီးသည္တင္ယာဥ္လုိင္းမ်ားအား ယာဥ္စီးချဖတ္ပုိင္းမ်ား ေရးသားရန္၊ တိုင္ၾကားႏုိင္သည့္ ဖုန္းနံပါတ္မ်ားေရးသားရန္ ညႊန္ၾကားထားကာ အမ်ားစုမွာ လုိက္နာမႈအားနည္းလ်က္ရွိၿပီး အဆုိပါယာဥ္မ်ားအား မွတ္သား ဖမ္းဆီးေၾကာင္း သိရသည္။ ခရီးသည္မ်ားအေနျဖင့္ ေက်နပ္မႈမရွိပါက ဖုန္းနံပါတ္ ၀၁-၈၅၀၀၆၅၁၊ ၀၁-၈၅ ၀၀၆၅၀ တုိ႔ကုိ တုိင္ၾကားႏိုင္ေၾကာင္း မထသ (ဗဟုိ) မွ သိရသည္။

■ မထသရဲ႕ေမာ္ေတာ္ယာဥ္ အထူးစစ္ေဆးေရအဖြဲ႕က ထူးျခားမႈ မရွိဘူးတဲ့လား

မထသ (ဗဟုိ) အေနျဖင့္ စည္းကမ္းေဖာက္ဖ်က္သည့္ ခရီးသည္တင္ယာဥ္မ်ားအား စစ္ေဆးအေရးယူရန္အတြက္ အထူးစစ္ေဆးေရးအဖြဲ႕မ်ားျဖင့္ တစ္ပတ္ႏွစ္ႀကိမ္ စစ္ေဆး အေရးယူမႈမ်ား ျပဳလုပ္လ်က္ရွိသည္။

“အထူးစစ္ေဆးအဖြဲ႕ကုိ ယာဥ္လုိင္းအသီးသီးက ၀န္ထမ္းေတြနဲ႔ ဖြဲ႕စည္းထားတယ္။ ၿပီးေတာ့ မထသဗဟုိမွာ စုစည္းတယ္။ ရွစ္ဖြဲ႕ကေန ၁၆ အဖြဲ႕ဖြဲ႕တယ္။ တစ္ပတ္ကုိ ႏွစ္ရက္ တာ၀န္ေပးတယ္။ အဓိကက စည္းကမ္းေဖာက္ဖ်က္တဲ့ ယာဥ္ေတြကိုစစ္ေဆးဖုိ႔ပါ။ ယာဥ္စည္းကမ္း ေဖာက္ဖ်က္တဲ့ေနရာမွာ ယာဥ္ေမာင္းလုိင္စင္ပါရွိျခင္း ရွိမရွိ၊ သတ္မွတ္ယာဥ္ေမာင္းလုိင္စင္နဲ႔ ေမာင္းႏွင္ျခင္းရွိမရွိ၊ ယာဥ္ေနာက္လိုက္ လုိင္စင္ ရွိ မရွိ ဆုိတာေတြကုိ စစ္ေဆးရပါတယ္။ မရွိတဲ့သူေတြကုိ မွတ္သားအေရးယူပါတယ္။ ဒါေပမဲ့လည္း ယာဥ္လုပ္သားေတြအပုိင္းမွာ တခ်ဳိ႕က စစ္ေဆး အဖြဲ႕မရွိတဲ့ေနရာမွာ လုိင္စင္မရွိတဲ့သူ ေမာင္းတယ္။ ရွိတဲ့ေနရာမွာ လုိင္စင္ရွိတဲ့သူက ေျပာင္းေမာင္းတယ္။ ဒီလိုလုပ္ေဆာင္မႈေတြလည္း ရွိတတ္ပါတယ္။ ဒါ့အျပင္ အထူးစစ္ေဆးေရး အဖြဲ႕ေတြအေနနဲ႔ ယာဥ္ေၾကာပိတ္ဆုိ႔ ေနရာေတြမွာ ယာဥ္ေၾကာ ၀ုိင္း၀န္းရွင္းေပးဖုိ႔ တာ၀န္ေပးထားပါတယ္” ဟု မထသ (ဗဟုိ) ဥကၠ႒ ဦးလွေအာင္က ေျပာၾကားသည္။

ထုိသုိ႔ အထူးစစ္ေဆးေရးအဖြဲ႕ျဖင့္ ခရီးသည္တင္ယာဥ္မ်ားကို စစ္ေဆးမႈျပဳလုပ္ရန္ ထားရွိသည္ဟုဆုိေသာ္လည္း ထိေရာက္စြာ စစ္ေဆးမႈ မရွိသည္ကုိေတြ႕ရွိရေၾကာင္း ခရီးသည္မ်ားက ဆုိသည္။

“တခ်ဳိ႕လုိင္းကားေတြကုိ စပယ္ယာေတြက ၾကံဳသလုိ တက္ေမာင္းေနတာရွိတယ္။ အဲဒါေတြကုိ အထူးစစ္ေဆးေရးအဖြဲ႕ေတြက ေသခ်ာမစစ္ေဆးဘူး။ ယာဥ္ေမာင္းလုိင္စင္၊ ယာဥ္ေနာက္လုိက္ခြင့္ လုိင္စင္ေတြကုိမစစ္ဘူး။ တခ်ဳိ႕ဆုိ ယူနီေဖာင္းေတာင္ မ၀တ္ဘူး။ အဲဒါကုိလည္း မစစ္ေဆးဘူး။ အထူးစစ္ေဆးေရးအဖြဲ႕အေနနဲ႔ ယာဥ္ေပၚတက္ၿပီး ေသခ်ာစစ္ေဆး အေရးယူတာမ်ဳိးေတြ ျပဳလုပ္သင့္ပါတယ္။ အခုက ယာဥ္ေနာက္လုိက္က အထူးစစ္ေဆးေရး အဖြဲ႕ဆီကုိသြားလိုက္တာနဲ႔တင္ၿပီး သြားၿပီ။ ေသခ်ာေျပာရရင္ စပယ္ယာက ပုိက္ဆံဆင္းေပးတာနဲ႔တင္ ၿပီးသြားတာပါ။ ခရီးသည္ေတြရဲ႕အသက္က ယာဥ္ေမာင္းေတြအေပၚမွာ မ်ားစြာမူတည္ေနတဲ့အတြက္ စနစ္တက်သင္ၾကားထားၿပီး လုိင္စင္ရွိတဲ့သူေတြကုိသာ ခရီးသည္တင္ ယာဥ္ေမာင္းခြင့္ျပဳပါတယ္။ အဲဒီအတြက္ တာ၀န္ရွိသူေတြအေနနဲ႔ ေသခ်ာစစ္ေဆးသင့္တယ္” ဟု မသီရိစိုးက ဆိုသည္။

■ လိုင္းကားစီးခရီးသည္မ်ား ၾကံဳေတြ႕ေနရတဲ့ ျပႆနာေတြကို ဘယ္လုိကုိင္တြယ္ေျဖရွင္းေပးမွာလဲ

အေျခခံလူတန္းစားအမ်ားစုမွာ ခရီးသည္တင္ယာဥ္မ်ားကုိ စီးနင္းအသုံးျပဳမႈမ်ား ျပားလ်က္ရွိသည္။ ထုိသုိ႔ အေျခခံလူတန္းမ်ား စီးနင္းမႈ မ်ားျပားလ်က္ရွိေသာ ယာဥ္လုိင္းအခ်ဳိ႕မွာ ေမာ္ေတာ္ယာဥ္စီးခ ပိုမုိေတာင္းယူမႈ၊ မေခ်မငံဆက္ဆံမႈမ်ား ရွိေနသည့္အတြက္ အဆုိပါယာဥ္အခ်ဳိ႕အား ထိထိေရာက္ေရာက္ အေရးယူေဆာင္ရြက္ရန္ အမ်ားျပည္သူက ဆႏၵရွိေနသည္။

ထုိ႔ေၾကာင့္ လက္ရွိတြင္ ခရီးသည္တင္ယာဥ္မ်ားအား ကုိင္တြယ္ေနသည့္ မထသ (ဗဟုိ) မွ တာ၀န္ယူေဆာင္ရြက္မည္လား သုိ႔မဟုတ္ မၾကာေသးမီက ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ဥကၠ႒အျဖစ္ တာ၀န္ယူဖြဲ႕စည္းထားသည့္ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပုိင္အဖြဲ႕က တာ၀န္ယူေဆာင္ရြက္မည္လား သိရွိလိုေၾကာင္း အမ်ားျပည္သူက ဆုိသည္။

အဆိုပါျပႆနာမ်ား ေျဖရွင္းႏုိင္ရန္ အတြက္ မထသ (ဗဟို) ဥကၠ႒ ဦးလွေအာင္က “ခရီးသည္ေတြၾကဳံေနရတဲ့ ျပႆနာကိုေျဖရွင္းႏိုင္ဖုိ႔ ပုဂၢလိကပုိင္စနစ္ကေန ကုမၸဏီပုိင္စနစ္ကုိ ေျပာင္းလဲဖုိ႔လုပ္ေဆာင္ေနပါတယ္” ဟု ေျပာၾကားသည္။

မထသကုိ လာမည့္ စက္တင္ဘာ ၁၅ ရက္တြင္ ဖ်က္သိမ္း၍ ရန္ကုန္တုိင္းေဒသႀကီး သယ္ယူပုိ႔ေဆာင္ေရး ႀကီးၾကပ္မႈအာဏာပုိင္အဖြဲ႕ လက္ေအာက္၌ ထားရွိသြားမည္ဟု ၾကားသိရၿပီး ခရီးသည္တင္ယာဥ္မ်ား မည္သည့္အဖြဲ႕အစည္းက ကိုင္တြယ္သည္ျဖစ္ေစ စည္းကမ္းခ်ဳိးေဖာက္သည့္ ခရီးသည္ယာဥ္အခ်ဳိ႕ကုိ ထိေရာက္စြာ အေရးယူရန္ လုိအပ္ေပသည္။




ဖိုးသူေတာ္ (www.phothutaw.com)
Credit: Eleven

#Unicode Version

မြန်မာနိုင်ငံ၏ လူနေထူထပ်သည့် စီးပွားရေးမြို့တော် ရန်ကုန်၌ လူဦးရေမှာ တစ်ရက်နှင့် တစ်ရက် တိုးပွားလျက်ရှိသည်။ လူဦးရေ တိုးပွားနေရခြင်းမှာ မြန်မာနိုင်ငံ ဒေသအသီးသီး၌ နေထိုင်သူများ ဝမ်းရေးအတွက် လာရောက် အလုပ်လုပ်ကိုင်မှုများ ရှိသောကြောင့်ဖြစ်သည်။

ထိုသို့ အလုပ်လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများသည် မိမိလုပ်ငန်းသို့ သွားရောက်ရန်အတွက် ခရီးသည်တင်လိုင်းကားများ၊ ရထားနှင့် အငှားယာဉ်များကို နေ့စဉ် အလျဉ်းသင့်သလို အသုံးပြုရသည်။ အများစုမှာ ခရီးသည်တင် လိုင်းကားများကို အများဆုံး အသုံးပြု၍ လိုရာခရီးအသီးသီးကို သွားရောက်နေကြသည်။ ဤအရာကိုကြည့်လျှင် ခရီးသည်တင်ယာဉ်များမှာ အခြေခံလူတန်းစားများအတွက် များစွာ အရေးပါနေသည်ကို တွေ့မြင်နိုင်သည်။

မ.ထ.သ(ဗဟို)မှ စုံစမ်းသိရှိရသော စာရင်းအရ ရန်ကုန်မြို့အတွင်း မှတ်ပုံတင်ထားသော ခရီးသည်တင်ယာဉ် ၇၀၀၀ ကျော်အနက် နေ့စဉ်ယာဉ်အစီးရေ ၄၀၀၀ ကျော်ဖြင့် ခရီးသည် ၂ ဒသမ ၃ သန်းမှ ၂ ဒသမ ၅ သန်းကို  နေ့စဉ် သယ်ယူ ပို့ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် လိုင်းကားစီး ခရီးသည်အများစုမှာ ယာဉ်စီးခ ပိုမိုတောင်းခံမှု၊ ယာဉ်နောက်လိုက်အချို့၏ မချေမငံ ဆက်ဆံမှု၊ သတ်မှတ်ခရီးစဉ်လမ်းကြောင်းအတိုင်း ပြီးဆုံးအောင်မပြေးဆွဲပေးမှုစသည့် အခက်အခဲများကို တွေ့ကြုံခံစားနေရပြီး အခြေခံလူတန်းစားများအတွက် ယာဉ်စီးခ ပိုမိုတောင်းယူခံရခြင်းမှာ မိမိငွေ ခေါင်းပုံဖြတ်ခံနေရခြင်းပင် ဖြစ်သည်ဟု ဆိုကြသည်။

“အခုက ဟိုနားဒီနား ခရီးတိုလည်း၂၀၀ ပေးနေရတယ်။ အထူးကားတွေ ပုံသေကားတွေက ပုံသေ သတ်မှတ်ထားတာ မှန်ပေမယ့် အထူးကား မဟုတ်တဲ့ ယာဉ်တွေက ဟိုနား ဒီနား ၂၀၀ တောင်းနေတာ မဖြစ်သင့်ဘူး။ စံပြဈေးကနေ ရှေ့နှစ်မှတ်တိုင်လောက်ကို ၁၀၀ ပေးတာကို ဘီအမ် ယာဉ်အချို့ကမရဘူး။ ပိုတောင်းတယ်။ ယာဉ်စီးခ ပိုတောင်းလို့ မထသကို တိုင်တာလည်းများပြီ။ ဘာအရေးယူမှုမှ မကြားရဘူး။ အခြေခံလူတန်းစားအများစုပဲ လိုင်းကားကို အသုံးပြုကြတာပါ။ မရှိတဲ့လူကို ယာဉ်စီးခ ပိုတောင်းတာဟာ မရှိတဲ့သူထံက ခေါင်းပုံဖြတ်တာပဲ” ဟု တောင်ဒဂုံမြို့နယ်တွင် နေထိုင်သူ ဦးအောင်ကြည်က ပြောကြားသည်။

■ တိုင်ကြားမှုများပြားနေဆဲဖြစ်သည့် ယာဉ်စီးခပိုမိုတောင်းယူမှု

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော အချို့ယာဉ်လိုင်းများမှာ ကျပ် ၁၅၀ ကျသင့်သည်ကို ကျပ် ၂၀၀ တောင်းခံခြင်း၊ အထူးယာဉ်လိုင်းများမှာ ကျပ်၂၀၀ ကျသင့်သည်ကို ကျပ် ၃၀၀ ကောက်ခံခြင်း၊ မီနီဘတ်စ်ဖြင့် အစားထိုး ပြေးဆွဲသည့် ဒိုင်နာယာဉ်လိုင်းများနှင့် ဘီအမ်ယာဉ်အချို့မှာ ယာဉ်စီးခနှုန်းထားများ ပိုမို တောင်းယူမှုရှိနေကြောင်း ခရီးသွားပြည်သူများထံမှ သိရသည်။

မထသ(ဗဟို)သို့ ခရီးသည်တိုင်ကြားမှု အများဆုံးမှာ မော်တော်ယာဉ်စီးခ ပိုမိုတောင်းယူမှုပင် ဖြစ်ပြီး ထိုသို့တောင်းယူသည့် ခရီးသည်တင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေးယူမှု နည်းပါးကြောင်း ခရီးသည်များက ဆိုသည်။

“ခရီးသည်တွေ ယာဉ်လုပ်သားတွေအပေါ် တိုင်ကြားမှုအများဆုံးကတော့ ယာဉ်စီးခ ပိုမိုတောင်းယူမှုပါပဲ။ ဒီပြဿနာကို ဖြေရှင်းမယ်ဆိုရင် တော်တော်များများကိုလုပ်ဖို့ လိုပါတယ်။ ကျွန်တော်တို့လုပ်နိုင်တာကတော့ ၁၃၈ ချက် သတ်မှတ်ပေးထားတယ်။ အဲဒီအထဲမှာ ယာဉ်စီးခ ပိုမိုတောင်းခံရင် ဒဏ်ကြေးပေးဆောင်ဖို့ သတ်မှတ်ထားပါတယ်။ပြီးတော့ မထသဝန်ထမ်းတွေကို ယာဉ်လိုင်း တွေပေါ် လိုက်လံစီးနင်းစေပြီး ယာဉ်စီးခ တောင်းခံတဲ့ယာဉ်တွေကို မှတ်သားအရေးယူပါတယ်” ဟု မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

ယာဉ်စီးခ ပိုမိုတောင်းခံသည့်အမှုအတွက်  ဒဏ်ငွေ ကျပ် ၃၀၀၀၀ ဖြင့်အရေးယူပြီး ဒဏ်ငွေမဆောင်ပါက မထသထဲမှ ထုတ်ပယ်အရေးယူလျက်ရှိကာ ခရီးသည်များအား မချေမငံ ပြန်လည်ဆက်ဆံခြင်း၊ တစ်ဆင့်တက်၍ ခိုက်ရန်ဖြစ်ပွားခြင်းတို့ ဖြစ်လာပါက ယာဉ်လိုင်းမှ ထုတ်ပယ်မည်ဟု သတိပေးထားကြောင်း မထသ(ဗဟို) မှ သိရသည်။


■ လိုင်းကားအများစုတွင် ပျောက်ဆုံးနေသည့် ယာဉ်စီးခကောက်ခံမှုနှင့် တိုင်ကြားရန်ဖုန်းနံပါတ်

ခရီးသည်တင် ယာဉ်အများစုတွင် သတ်မှတ်ခရီးစဉ် လမ်းကြောင်းအလိုက် ကောက်ယူမှု စတစ်ကာများ ကပ်ထားခြင်း မရှိတော့သည့်အပြင် ကျေနပ်မှုမရှိပါကတိုင် ကြားနိုင်ရန် ရေးသားထားသော ဖုန်းနံပါတ်စတစ်ကာများ ကပ်ထားမှု မရှိသည်ကိုတွေ့ မြင်လာရသည်။

“ခရီးသည်ယာဉ်အများစုမှာ သတ်မှတ်ယာဉ်စီးခ ကပ်ထားတာလည်း မရှိတော့ဘူး။ မကျေနပ်ရင် တိုင်ကြားလို့ရတဲ့ ဖုန်းနံပါတ်လည်း မကပ်ထားတော့ဘူး။ ကြော်ငြာတွေပဲ ကပ်ထားတာတွေ့ရတယ်။ မြောက်ဒဂုံကနေ ဆူးလေကို ပြေးဆွဲနေတဲ့ ဘီအမ်ယာဉ်တွေ ဆိုရင် ခရီးစဉ်ကိုပြီးဆုံးအောင်မသွားဘူး။ ဂတ်စ်မလောက်လို့၊ ကားပျက်လို့ဆိုပြီး နောက်ကားကို ချိန်းပေးတယ်။ ခရီးသည်ခေါ်တုန်းကတော့ ခရီးစဉ်အဆုံး မှတ်တိုင်ကိုခေါ်တယ်။ ခရီးသည်ကပြောရင်လည်း စပယ်ယာတွေက ဆဲဆိုပြီးပြန်ပြောတယ်။ ဒီဒုက္ခတွေက ပြည်သူတွေပဲ နေ့စဉ်ရင်ဆိုင်နေရတာပါ” ဟု မြောက်ဒဂုံမြို့နယ်နေ ကိုမင်းသူရက ပြောကြားသည်။

ဗထသ (ဗဟို) မှ ခရီးသည်တင်ယာဉ်လိုင်းများအား ယာဉ်စီးခဖြတ်ပိုင်းများ ရေးသားရန်၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များရေးသားရန် ညွှန်ကြားထားကာ အများစုမှာ လိုက်နာမှုအားနည်းလျက်ရှိပြီး အဆိုပါယာဉ်များအား မှတ်သား ဖမ်းဆီးကြောင်း သိရသည်။ ခရီးသည်များအနေဖြင့် ကျေနပ်မှုမရှိပါက ဖုန်းနံပါတ် ၀၁-၈၅၀၀၆၅၁၊ ၀၁-၈၅ ၀၀၆၅၀ တို့ကို တိုင်ကြားနိုင်ကြောင်း မထသ (ဗဟို) မှ သိရသည်။



■ မထသရဲ့မော်တော်ယာဉ် အထူးစစ်ဆေးရေအဖွဲ့က ထူးခြားမှု မရှိဘူးတဲ့လား


မထသ (ဗဟို) အနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် ခရီးသည်တင်ယာဉ်များအား စစ်ဆေးအရေးယူရန်အတွက် အထူးစစ်ဆေးရေးအဖွဲ့များဖြင့် တစ်ပတ်နှစ်ကြိမ် စစ်ဆေး အရေးယူမှုများ ပြုလုပ်လျက်ရှိသည်။

“အထူးစစ်ဆေးအဖွဲ့ကို ယာဉ်လိုင်းအသီးသီးက ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတယ်။ ပြီးတော့ မထသဗဟိုမှာ စုစည်းတယ်။ ရှစ်ဖွဲ့ကနေ ၁၆ အဖွဲ့ဖွဲ့တယ်။ တစ်ပတ်ကို နှစ်ရက် တာဝန်ပေးတယ်။ အဓိကက စည်းကမ်းဖောက်ဖျက်တဲ့ ယာဉ်တွေကိုစစ်ဆေးဖို့ပါ။ ယာဉ်စည်းကမ်း ဖောက်ဖျက်တဲ့နေရာမှာ ယာဉ်မောင်းလိုင်စင်ပါရှိခြင်း ရှိမရှိ၊ သတ်မှတ်ယာဉ်မောင်းလိုင်စင်နဲ့ မောင်းနှင်ခြင်းရှိမရှိ၊ ယာဉ်နောက်လိုက် လိုင်စင် ရှိ မရှိ ဆိုတာတွေကို စစ်ဆေးရပါတယ်။ မရှိတဲ့သူတွေကို မှတ်သားအရေးယူပါတယ်။ ဒါပေမဲ့လည်း ယာဉ်လုပ်သားတွေအပိုင်းမှာ တချို့က စစ်ဆေး အဖွဲ့မရှိတဲ့နေရာမှာ လိုင်စင်မရှိတဲ့သူ မောင်းတယ်။ ရှိတဲ့နေရာမှာ လိုင်စင်ရှိတဲ့သူက ပြောင်းမောင်းတယ်။ ဒီလိုလုပ်ဆောင်မှုတွေလည်း ရှိတတ်ပါတယ်။ ဒါ့အပြင် အထူးစစ်ဆေးရေး အဖွဲ့တွေအနေနဲ့ ယာဉ်ကြောပိတ်ဆို့ နေရာတွေမှာ ယာဉ်ကြော ဝိုင်းဝန်းရှင်းပေးဖို့ တာဝန်ပေးထားပါတယ်” ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

ထိုသို့ အထူးစစ်ဆေးရေးအဖွဲ့ဖြင့် ခရီးသည်တင်ယာဉ်များကို စစ်ဆေးမှုပြုလုပ်ရန် ထားရှိသည်ဟုဆိုသော်လည်း ထိရောက်စွာ စစ်ဆေးမှု မရှိသည်ကိုတွေ့ရှိရကြောင်း ခရီးသည်များက ဆိုသည်။

“တချို့လိုင်းကားတွေကို စပယ်ယာတွေက ကြုံသလို တက်မောင်းနေတာရှိတယ်။ အဲဒါတွေကို အထူးစစ်ဆေးရေးအဖွဲ့တွေက သေချာမစစ်ဆေးဘူး။ ယာဉ်မောင်းလိုင်စင်၊ ယာဉ်နောက်လိုက်ခွင့် လိုင်စင်တွေကိုမစစ်ဘူး။ တချို့ဆို ယူနီဖောင်းတောင် မဝတ်ဘူး။ အဲဒါကိုလည်း မစစ်ဆေးဘူး။ အထူးစစ်ဆေးရေးအဖွဲ့အနေနဲ့ ယာဉ်ပေါ်တက်ပြီး သေချာစစ်ဆေး အရေးယူတာမျိုးတွေ ပြုလုပ်သင့်ပါတယ်။ အခုက ယာဉ်နောက်လိုက်က အထူးစစ်ဆေးရေး အဖွဲ့ဆီကိုသွားလိုက်တာနဲ့တင်ပြီး သွားပြီ။ သေချာပြောရရင် စပယ်ယာက ပိုက်ဆံဆင်းပေးတာနဲ့တင် ပြီးသွားတာပါ။ ခရီးသည်တွေရဲ့အသက်က ယာဉ်မောင်းတွေအပေါ်မှာ များစွာမူတည်နေတဲ့အတွက် စနစ်တကျသင်ကြားထားပြီး လိုင်စင်ရှိတဲ့သူတွေကိုသာ ခရီးသည်တင် ယာဉ်မောင်းခွင့်ပြုပါတယ်။ အဲဒီအတွက် တာဝန်ရှိသူတွေအနေနဲ့ သေချာစစ်ဆေးသင့်တယ်” ဟု မသီရိစိုးက ဆိုသည်။


■ လိုင်းကားစီးခရီးသည်များ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမှာလဲ

အခြေခံလူတန်းစားအများစုမှာ ခရီးသည်တင်ယာဉ်များကို စီးနင်းအသုံးပြုမှုများ ပြားလျက်ရှိသည်။ ထိုသို့ အခြေခံလူတန်းများ စီးနင်းမှု များပြားလျက်ရှိသော ယာဉ်လိုင်းအချို့မှာ မော်တော်ယာဉ်စီးခ ပိုမိုတောင်းယူမှု၊ မချေမငံဆက်ဆံမှုများ ရှိနေသည့်အတွက် အဆိုပါယာဉ်အချို့အား ထိထိရောက်ရောက် အရေးယူဆောင်ရွက်ရန် အများပြည်သူက ဆန္ဒရှိနေသည်။

ထို့ကြောင့် လက်ရှိတွင် ခရီးသည်တင်ယာဉ်များအား ကိုင်တွယ်နေသည့် မထသ (ဗဟို) မှ တာဝန်ယူဆောင်ရွက်မည်လား သို့မဟုတ် မကြာသေးမီက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဖွဲ့စည်းထားသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က တာဝန်ယူဆောင်ရွက်မည်လား သိရှိလိုကြောင်း အများပြည်သူက ဆိုသည်။

အဆိုပါပြဿနာများ ဖြေရှင်းနိုင်ရန် အတွက် မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က “ခရီးသည်တွေကြုံနေရတဲ့ ပြဿနာကိုဖြေရှင်းနိုင်ဖို့ ပုဂ္ဂလိကပိုင်စနစ်ကနေ ကုမ္ပဏီပိုင်စနစ်ကို ပြောင်းလဲဖို့လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။

မထသကို လာမည့် စက်တင်ဘာ ၁၅ ရက်တွင် ဖျက်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ လက်အောက်၌ ထားရှိသွားမည်ဟု ကြားသိရပြီး ခရီးသည်တင်ယာဉ်များ မည်သည့်အဖွဲ့အစည်းက ကိုင်တွယ်သည်ဖြစ်စေ စည်းကမ်းချိုးဖောက်သည့် ခရီးသည်ယာဉ်အချို့ကို ထိရောက်စွာ အရေးယူရန် လိုအပ်ပေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Eleven
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top