Kantharyar Centre
×

ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ေဟာင္း ႏုိဗယ္ဆုရွင္ကိုဖီအာနန္သည္ စက္တင္ဘာ ၅ရက္တြင္ ရန္ကုန္ၿမိဳ႕သုိ႔ ေရာက္ရွိမည္ျဖစ္ကာ ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢဳိလ္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံၿပီး သတင္းစာရွင္းလင္းပြဲျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ရခုိင္ျပည္နယ္ဆုိင္ရာအႀကံ ေပးေကာ္မရွင္ဥကၠ႒တာ၀န္ေပး အပ္ျခင္းခံထားရေသာ ကိုဖီအာ နန္သည္ စက္တင္ဘာ ၆ရက္ႏွင့္ ၇ရက္တြင္ ရခုိင္္ျပည္နယ္စစ္ေတြ ၿမိဳ႕သုိ႔ သြားေရာက္မည္ျဖစ္သည္။ စက္တင္ဘာ ၅ရက္တြင္ ရန္ကုန္ ၿမိဳ႕သုိ႔ ေရာက္ရွိကာ မြန္းလြဲ ၁နာ ရီတြင္ အမ်ဳိးသားျပန္လည္သင့္ ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟုိဌာ န(NRPC)၌ ႏုိင္ငံေတာ္၏အတုိင္ ပင္ခံပုဂၢဳိလ္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံၿပီး သတင္းစာ ရွင္းလင္းပြဲျပဳလုပ္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

ရခုိင္ျပည္နယ္ဆုိင္ရာအႀကံ ေပးေကာ္မရွင္တြင္ အဖြဲ႕၀င္အ ျဖစ္ပါ၀င္ေသာ ရခုိင္စာေပႏွင့္ ယဥ္ေက်းမႈအသင္းဥကၠ႒  ေဒၚ ေစာခင္တင့္က ‘‘ ၆ရက္နဲ႔ ၇ရက္မွာ စစ္ေတြသြားမယ္။ အဲဒီကေန ျပန္ မွ ၈ရက္ေန႔မွာ ရန္ကုန္မွာသတင္း စာရွင္းလင္းပြဲလုပ္မွာ’’ဟု ေျပာ သည္။

ကိုဖီအာနန္ဦးေဆာင္မည့္ ရခုိင္ျပည္နယ္ဆုိင္ရာအႀကံေပး ေကာ္မရွင္အဖြဲ႕က ရခုိင္ျပည္နယ္ ျပည္နယ္အစုိးရအဖြဲ႕၊ လႊတ္ ေတာ္ကုိယ္စားလွယ္မ်ားႏွင့္ ဘဂၤါ လီစခန္းမ်ားသို႔ သြားေရာက္မည္ ျဖစ္ၿပီး စက္တင္ဘာ ၇ရက္ညေန တြင္ ရန္ကုန္ၿမိဳ႕သို႔ ျပန္လည္ထြက္ ခြာမည္ျဖစ္ေၾကာင္း ရခုိင္ျပည္ နယ္ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

 ကိုဖီအာနန္ဥကၠ႒အျဖစ္ ေဆာင္ရြက္မည့္ ရခုိင္ျပည္နယ္ ဆုိင္ရာ အႀကံေပးေကာ္မရွင္ကို ရခုိင္တုိင္းရင္းသားအင္အားစုမ်ား က ကန္႔ကြက္ထားၿပီး ယင္းေကာ္ မတီကို ျပည္တြင္းတတ္သိပညာ ရွင္မ်ားျဖင့္ ျပင္ဆင္ဖြဲ႕စည္းေရး အစုိးရထံသုိ႔ တုိက္တြန္းသည့္အ ေရးႀကီးအဆုိကို ရခုိင္အမ်ဳိးသား ပါတီျပည္သူ႔လႊတ္ေတာ္ကုိယ္စား လွယ္ဦးေအာင္ေက်ာ္ဇံက ၾသဂုတ္ ၃၀ရက္၌ က်င္းပေသာျပည္သူ႔ လႊတ္ေတာ္သုိ႔ တင္သြင္းရာလႊတ္ ေတာ္ကေဆြးေႏြးရန္သေဘာတူ ညီခဲ့သည္။

ယင္းအေရးႀကီးအဆုိကုိ ကို ဖီအာနန္ေရာက္လာမည့္ စက္ တင္ဘာ ၅ရက္မတုိင္မီေဆြးေႏြး ခြင့္မျပဳခဲ့၍ နားမလည္ႏုိင္ ေၾကာင္း ရခုိင္အမ်ဳိးသားပါတီမွ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကုိယ္စားလွယ္ဦးေဖသန္းကဆုိ သည္။

‘‘ကိုဖီအာနန္ေရာက္လာမွ MoU ထုိးမွာေလ။ သူမေရာက္ခင္ လႊတ္ေတာ္ထဲမွာ ေဆြးေႏြးရမွာ ေပါ့။ အခုက သူေရာက္ၿပီးမွ ေဆြး ေႏြးေတာ့ ဘာထူးေတာ့မလဲ။ တ မင္လုပ္တာလားလုိ႔ သံသယ၀င္ ပါတယ္’’ဟု ဦးေဖသန္းကဆုိ သည္။

အထက္ပါအေရးႀကီးအဆုိ ကို စက္တင္ဘာ ၆ရက္တြင္ ျပည္ သူ႔လႊတ္ေတာ္၌ ေဆြးေႏြးခြင့္ျပဳ ထားၿပီး လႊတ္ေတာ္ကုိယ္စား လွယ္ ၃၁ဦးက ေဆြးေႏြးမည္ျဖစ္ ေၾကာင္း ဦးေဖသန္းကေျပာၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7 day daily

#Unicode Version

 ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း နိုဗယ်ဆုရှင်ကိုဖီအာနန်သည် စက်တင်ဘာ ၅ရက်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်ဥက္ကဋ္ဌတာဝန်ပေး အပ်ခြင်းခံထားရသော ကိုဖီအာ နန်သည် စက်တင်ဘာ ၆ရက်နှင့် ၇ရက်တွင် ရခိုင်ပြည်နယ်စစ်တွေ မြို့သို့ သွားရောက်မည်ဖြစ်သည်။ စက်တင်ဘာ ၅ရက်တွင် ရန်ကုန် မြို့သို့ ရောက်ရှိကာ မွန်းလွဲ ၁နာ ရီတွင် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာ န(NRPC)၌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။


ရခိုင်ပြည်နယ်ဆိုင်ရာအကြံ ပေးကော်မရှင်တွင် အဖွဲ့ဝင်အ ဖြစ်ပါဝင်သော ရခိုင်စာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ  ဒေါ် စောခင်တင့်က ‘‘ ၆ရက်နဲ့ ၇ရက်မှာ စစ်တွေသွားမယ်။ အဲဒီကနေ ပြန် မှ ၈ရက်နေ့မှာ ရန်ကုန်မှာသတင်း စာရှင်းလင်းပွဲလုပ်မှာ’’ဟု ပြော သည်။

ကိုဖီအာနန်ဦးဆောင်မည့် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေး ကော်မရှင်အဖွဲ့က ရခိုင်ပြည်နယ် ပြည်နယ်အစိုးရအဖွဲ့၊ လွှတ် တော်ကိုယ်စားလှယ်များနှင့် ဘင်္ဂါ လီစခန်းများသို့ သွားရောက်မည် ဖြစ်ပြီး စက်တင်ဘာ ၇ရက်ညနေ တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက် ခွာမည်ဖြစ်ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 ကိုဖီအာနန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် ရခိုင်ပြည်နယ် ဆိုင်ရာ အကြံပေးကော်မရှင်ကို ရခိုင်တိုင်းရင်းသားအင်အားစုများ က ကန့်ကွက်ထားပြီး ယင်းကော် မတီကို ပြည်တွင်းတတ်သိပညာ ရှင်များဖြင့် ပြင်ဆင်ဖွဲ့စည်းရေး အစိုးရထံသို့ တိုက်တွန်းသည့်အ ရေးကြီးအဆိုကို ရခိုင်အမျိုးသား ပါတီပြည်သူ့လွှတ်တော်ကိုယ်စား လှယ်ဦးအောင်ကျော်ဇံက သြဂုတ် ၃၀ရက်၌ ကျင်းပသောပြည်သူ့ လွှတ်တော်သို့ တင်သွင်းရာလွှတ် တော်ကဆွေးနွေးရန်သဘောတူ ညီခဲ့သည်။

ယင်းအရေးကြီးအဆိုကို ကို ဖီအာနန်ရောက်လာမည့် စက် တင်ဘာ ၅ရက်မတိုင်မီဆွေးနွေး ခွင့်မပြုခဲ့၍ နားမလည်နိုင် ကြောင်း ရခိုင်အမျိုးသားပါတီမှ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဖေသန်းကဆို သည်။

‘‘ကိုဖီအာနန်ရောက်လာမှ MoU ထိုးမှာလေ။ သူမရောက်ခင် လွှတ်တော်ထဲမှာ ဆွေးနွေးရမှာ ပေါ့။ အခုက သူရောက်ပြီးမှ ဆွေး နွေးတော့ ဘာထူးတော့မလဲ။ တ မင်လုပ်တာလားလို့ သံသယဝင် ပါတယ်’’ဟု ဦးဖေသန်းကဆို သည်။

အထက်ပါအရေးကြီးအဆို ကို စက်တင်ဘာ ၆ရက်တွင် ပြည် သူ့လွှတ်တော်၌ ဆွေးနွေးခွင့်ပြု ထားပြီး လွှတ်တော်ကိုယ်စား လှယ် ၃၁ဦးက ဆွေးနွေးမည်ဖြစ် ကြောင်း ဦးဖေသန်းကပြောကြား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7 day daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top