Property Expo
×


အိုေသြးအုပ္စုပိုင္ရွင္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ေအ၊ ဘီႏွင့္ ေအဘီ ေသြးအုပ္စုပိုင္ရွင္ အမ်ဳိးသမီးမ်ားမွာ အဆင့္ (၂)ဆီးခ်ဳိေရာဂါ ျဖစ္ ပြားႏုိင္သည့္ အႏၲရာယ္ပိုျမင့္မားေၾကာင္း ေလ့လာမႈတစ္ရပ္က ေဖာ္ျပသည္။

မိမိတုိ႔၏ ေလ့လာမႈက ေသြးအုပ္စုႏွင့္ ဆီးခ်ဳိေရာဂါအႏၲရာယ္ ၾကား ခိုင္မာေသာဆက္ႏႊယ္မႈရွိေၾကာင္း ျပသေနၿပီး အုိေသြးအုပ္စု ပိုင္ရွင္မ်ားမွာ အဆင့္(၂) ဆီးခ်ဳိေရာဂါ ျဖစ္ပြားႏုိင္သည့္ အႏၲရာယ္ပိုနည္းပါးေၾကာင္း ျပင္သစ္ႏုိင္ငံရွိ ျပည္သူ႔က်န္းမာေရးႏွင့္ ေရာဂါ ဘယေဗဒသုေတသနမွ သုေတသီဂိုင္းဖက္ဟာရာဇီက ေျပာသည္။

ယင္းသုေတသနအတြက္ သုေတသီမ်ားက ၁၉၉၀ ျပည့္ႏွစ္ႏွင့္၂၀၀၈ ၾကား ျပင္သစ္ႏုိင္ငံရွိ အမ်ဳိးသမီး ၈၀,၀၀၀ ကို ေလ့လာခဲ့ျခင္း ျဖစ္သည္။ အုိေသြးအုပ္စုပိုင္ရွင္မ်ားႏွင့္ ႏႈိင္းယွဥ္ပါက ေအေသြးအုပ္ စုပိုင္ရွင္အမ်ဳိးသမီးမ်ားမွာ အဆင့္(၂) ဆီးခ်ဳိေရာဂါျဖစ္ႏုိင္သည့္ အႏၲရာယ္ ၁၀ ရာခိုင္ႏႈန္း ပိုမ်ားၿပီး ဘီေသြးအုပ္စုပိုင္ရွင္မ်ားမွာ ၂၁ ရာခိုင္ႏႈန္းပို၍ အႏၲရာယ္ျမင့္မားေၾကာင္း သိရသည္။

ေအဘီေသြးအုပ္စုပိုင္ရွင္မ်ားမွာ အဆင့္ ၂ ဆီးခ်ဳိေရာဂါ ျဖစ္ ပြားႏုိင္သည့္ အႏၲရာယ္ ၁၇ ရာခုိင္ႏႈန္းပိုျမင့္မားေၾကာင္း ေလ့လာမႈ ရလဒ္ကေဖာ္ျပသည္။ အိုေသြးအုပ္စုပိုင္ရွင္ အမ်ဳိးသမီးမ်ားႏွင့္ ႏႈိင္းယွဥ္ပါက အဆင့္ ၂ ဆီးခ်ဳိေရာဂါျဖစ္ပြားႏုိင္သည့္ ရာခိုင္ႏႈန္း အမ်ားဆုံးေသြးအုပ္စုမွာ (B+)ျဖစ္ၿပီး အႏၲရာယ္ ၃၅ ရာခုိင္ႏႈန္း ပို ျမင့္မားသည္။ ယင္းေနာက္ (AB+) က၂၆ ရာခိုင္ႏႈန္း၊ (A-)က ၂၂ ရာခိုင္ႏႈန္း၊ (A+) က ၁၇ ရာခုိင္ႏႈန္းျဖင့္ အသီးသီးရွိေနသည္။

ေသြးအုပ္စုႏွင့္ ဆီးခ်ဳိေရာဂါ ျဖစ္ပြားႏုိင္သည့္ဆက္ႏႊယ္မႈ၏ ေနာက္ကြယ္မွ အေၾကာင္းရင္းမ်ားကို မသိရေသးေသာ္လည္း အေၾကာင္းရင္းမ်ားစြာႏွင့္ ဆက္ႏႊယ္ႏုိင္သည္ဟု သုေတသီမ်ားက ေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:7Day Daily

Unicode Version

 အိုသွေးအုပ်စုပိုင်ရှင်များနှင့် နှိုင်းယှဉ်ပါက အေ၊ ဘီနှင့် အေဘီ သွေးအုပ်စုပိုင်ရှင် အမျိုးသမီးများမှာ အဆင့် (၂)ဆီးချိုရောဂါ ဖြစ် ပွားနိုင်သည့် အန္တရာယ်ပိုမြင့်မားကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

မိမိတို့၏ လေ့လာမှုက သွေးအုပ်စုနှင့် ဆီးချိုရောဂါအန္တရာယ် ကြား ခိုင်မာသောဆက်နွှယ်မှုရှိကြောင်း ပြသနေပြီး အိုသွေးအုပ်စု ပိုင်ရှင်များမှာ အဆင့်(၂) ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ပိုနည်းပါးကြောင်း ပြင်သစ်နိုင်ငံရှိ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါ ဘယဗေဒသုတေသနမှ သုတေသီဂိုင်းဖက်ဟာရာဇီက ပြောသည်။

ယင်းသုတေသနအတွက် သုတေသီများက ၁၉၉၀ ပြည့်နှစ်နှင့်၂၀၀၈ ကြား ပြင်သစ်နိုင်ငံရှိ အမျိုးသမီး ၈၀,၀၀၀ ကို လေ့လာခဲ့ခြင်း ဖြစ်သည်။ အိုသွေးအုပ်စုပိုင်ရှင်များနှင့် နှိုင်းယှဉ်ပါက အေသွေးအုပ် စုပိုင်ရှင်အမျိုးသမီးများမှာ အဆင့်(၂) ဆီးချိုရောဂါဖြစ်နိုင်သည့် အန္တရာယ် ၁၀ ရာခိုင်နှုန်း ပိုများပြီး ဘီသွေးအုပ်စုပိုင်ရှင်များမှာ ၂၁ ရာခိုင်နှုန်းပို၍ အန္တရာယ်မြင့်မားကြောင်း သိရသည်။

အေဘီသွေးအုပ်စုပိုင်ရှင်များမှာ အဆင့် ၂ ဆီးချိုရောဂါ ဖြစ် ပွားနိုင်သည့် အန္တရာယ် ၁၇ ရာခိုင်နှုန်းပိုမြင့်မားကြောင်း လေ့လာမှု ရလဒ်ကဖော်ပြသည်။ အိုသွေးအုပ်စုပိုင်ရှင် အမျိုးသမီးများနှင့် နှိုင်းယှဉ်ပါက အဆင့် ၂ ဆီးချိုရောဂါဖြစ်ပွားနိုင်သည့် ရာခိုင်နှုန်း အများဆုံးသွေးအုပ်စုမှာ (B+)ဖြစ်ပြီး အန္တရာယ် ၃၅ ရာခိုင်နှုန်း ပို မြင့်မားသည်။ ယင်းနောက် (AB+) က၂၆ ရာခိုင်နှုန်း၊ (A-)က ၂၂ ရာခိုင်နှုန်း၊ (A+) က ၁၇ ရာခိုင်နှုန်းဖြင့် အသီးသီးရှိနေသည်။

သွေးအုပ်စုနှင့် ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့်ဆက်နွှယ်မှု၏ နောက်ကွယ်မှ အကြောင်းရင်းများကို မသိရသေးသော်လည်း အကြောင်းရင်းများစွာနှင့် ဆက်နွှယ်နိုင်သည်ဟု သုတေသီများက ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit:7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top