Kantharyar Centre
×
Credit : Trend Myanmar
#Unicode Version
ဦးထုပ်ကြာကြာဆောင်းတာ ထိပ်ပြောင်စေတယ်လို့ ဆိုကြပါတယ်။ ဒါဟာ တချို့ထိပ်ပြောင်တဲ့ အမျိုးသားတွေကြား ပျံ့နှံ့နေတဲ့ ယုံတမ်းစကားတစ်ခုသာ ဖြစ်ပါတယ်။ ဆံပင်အစားထိုးကုသခြင်းဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်နဲ့ အရေပြားရောဂါအထူးကုပါရဂူ ဒေါက်တာ Sah Gaurang Krishma က ဦးထုပ်အမာ၊ ကတ်ဦးထုပ်၊ ဦးထုပ်တွေဆောင်းတာ ဆံပင်ကျွတ်ခြင်း သို့မဟုတ် ထိပ်ပြောင်ခြင်းနဲ့ ဘာမှမပတ်သက်ဘူးလို့ ပြတ်သားစွာ  ပြောဆိုထားပါတယ်။
ဦးထုပ်က ဦးရေပြား လေဝင်လေထွက်မှု အနှောင့်အယှက်ဖြစ်စေတယ်၊ အောက်စီဂျင်ပု့ိပေးမှုလျှော့နည်းတာကြောင့် ဆံပင်ကျွတ်စေတယ်ဆိုတာ တွေ့နေကြားနေကျ ထင်မြင်ယူဆချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် မွေးညင်းပေါက်တွေ အောက်စီဂျင်ရတာ လေထုပေါ် မမှီခိုပါဘူး။ အောက်စီဂျင်ကို သွေးကြောထဲကနေ ရရှိပါတယ်။
ဒါပေမယ့် ဆံပင်ကို တင်းတင်းချည်ထားခြင်း၊ ကိုယ်နဲ့မတော်တဲ့ ဦးထုပ်ကျပ်ကျပ်လေးတွေ ဆောင်းထားခြင်းက သွေးလည်ပတ်မှု အနှောင့်အယှက်ဖြစ်ကာ ဆံပင်တွေ ကျွတ်စေနိုင်ပါတယ်။ နောက်ပြီး မသန့်ရှင်းတဲ့ ဦးထုပ်တွေကလည်း ဦးရေပြားရောဂါကူးစက်မှုဖြစ်ပြီး ဆံပင်ကျွတ်စေတတ်ပါတယ်။ အထူးသဖြင့် အမျိုးသားတွေမှာ ထိပ်ပြောင်ခြင်း သို့မဟုတ် ဆံပင်နဲ့ပတ်သက်တဲ့ပြသနာတွေ ဖြစ်တာ ဦးထုပ်ဆောင်းလို့တော့ မဟုတ်ပါဘူး။
ဖိုးသူတော် (www.phothutaw.com)
Credit : Trend Myanmar
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top