Property Expo
×

အစာအိမ္ေရာဂါပိုး၀င္ျခင္းႏွင့္ အစာအဆိပ္ျဖစ္ျခင္း လကၡဏာ မ်ားသည္ အလြန္ဆင္တူေသာေၾကာင့္ ယင္းျပႆနာႏွစ္ခု႐ႈပ္ေထြး ႏုိင္သည္။

အစာအိမ္ထဲသို႔ ဗုိင္းရပ္စ္ပိုး၀င္ျခင္းေၾကာင့္ အစာေခ်ဖ်က္မႈ စနစ္ျပႆနာျဖစ္ႏုိင္သည္။

အစာအိမ္ေရာဂါပိုးအမ်ိဳးမ်ိဳးရွိၿပီး လ်င္ျမန္စြာ ကူးစက္ပ်ံ႕ႏွံ႔ႏုိင္သည္။

အစာအိမ္ေရာဂါပိုး ကူးစက္ခံထားရသူမ်ားသည္ စတင္ေနမေကာင္းျဖစ္ခ်ိန္ႏွင့္ ျပန္ေကာင္းၿပီး ပထမဆံုး ရက္အနည္းငယ္အတြင္း၌လည္း အျခားလူမ်ားသို႔ ေရာဂါကူးစက္ႏုိင္သည္။

အစာအိမ္ေရာဂါပိုးသည္ နည္းလမ္းအမ်ိဳးမ်ိဳးျဖင့္ ကူးစက္ပ်ံ႕ႏွံ႔ ႏုိင္ၿပီး ေရာဂါပုိးပါ၀င္ေသာ အစားအစာႏွင့္ အရည္မ်ား ေသာက္သံုး မိျခင္း၊ ေရာဂါကူးစက္ခံထားရသူ (သုိ႔မဟုတ္) ေရာဂါပိုးႏွင့္ တိုက္ ႐ိုက္ျဖစ္ေစ၊ တိုက္႐ိုက္မဟုတ္ေသာ ခံတြင္းထိေတြ႕မႈေၾကာင့္ျဖစ္ေစ ကူးစက္ႏုိင္သည္။

ေရာဂါရွိသူ၏ အန္ဖတ္မ်ားႏွင့္ မစင္တုိ႔တြင္လည္း ယင္းေရာဂါ ပိုးမ်ား ပါ၀င္သည္။

ေရာဂါရွိသူအား ျပဳစုေပးသူမ်ားအေနျဖင့္ ေရာဂါကူးစက္ႏုိင္မႈ ကို သတိထားရန္လိုအပ္သည္။

အစာအိမ္ဗုိင္းရပ္စ္ေၾကာင့္ ျဖစ္ေပၚႏုိင္ေသာ ေရာဂါလကၡဏာ မ်ားတြင္ ၀မ္းေလွ်ာျခင္း၊ အစာ စားခ်င္စိတ္မရွိျခင္း၊ မူးေမာ္ေအာ့ အန္ျခင္း၊ အစာအိမ္နာက်င္ျခင္း၊ ႂကြက္သားနာက်င္ျခင္း၊အားနည္း ျခင္း၊ အဖ်ားတက္ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ မူးေ၀ျခင္းတို႔ပါ၀င္ၿပီး ၁၀ ရက္အထိ ခံစားရႏိုင္သည္။

အစာအိမ္ဗုိင္းရပ္စ္ေၾကာင့္ အစဥ္သျဖင့္ မစင္တြင္ ေသြးပါေလ့ မရွိေသာ္လည္း ေသြးပါပါက ေရာဂါပိုမိုျပင္းထန္ျခင္း ျဖစ္ႏုိင္သည္။

ယင္းေရာဂါ ခံစားေနရပါက အစာအိမ္ကို အနားေပးၿပီး နာရီ မ်ားစြာၾကာေအာင္ အစာအမာ မစားပါႏွင့္။ ေရဓာတ္မခန္းေျခာက္ ေစရန္ အရည္မ်ားမ်ားေသာက္ေပးပါ။ ေဖ်ာ္ရည္ (သို႔မဟုတ္) ၀မ္း ေလွ်ာျခင္းကုိ ပိုဆုိးေစႏိုင္ေသာ အျခားေဖ်ာ္ရည္မ်ားကို ေရွာင္ပါ။ အစာကို နည္းနည္းခ်င္း တျဖည္းျဖည္းစားပါ။ အစာေက်လြယ္ေသာ အစားအစာမ်ားကို စစားပါ။ အကယ္၍ မူးေ၀လာပါက စားေသာက္ ျခင္းကုိ ရပ္လုိက္ပါ။ ေနေကာင္းလာခ်ိန္အထိ အရက္၊ ေကာ္ဖီ၊ ႏုိ႔ထြက္ပစၥည္း စသည္တုိ႔ကို မစားပါႏွင့္။

အစာအဆိပ္ျဖစ္ျခင္းသည္ ဗက္တီးရီးယားမ်ား၊ ဗိုင္းရပ္စ္မ်ား (သုိ႔မဟုတ္) ကပ္ပါးေကာင္မ်ားပါ၀င္သည့္ အစားအစာမ်ားကို စား မိျခင္းေၾကာင့္ျဖစ္သည္။

အစိမ္းစားရေသာ အစားအစာမ်ားႏွင့္ အသုပ္မ်ားက့ဲသို႔ အသင့္စား အစားအစာမ်ားသည္ ပိုးမႊားမ်ားပါ၀င္ႏုိင္ေျခ ျမင့္မား သည္။

အသားမ်ား၊ ႏုိ႔ထြက္ပစၥည္းမ်ားႏွင့္ အသားေခ်ာင္းမ်ားကို လိုအပ္ေသာ အပူခ်ိန္အတိုင္း မသိမ္းထားပါက ပိုးမႊားမ်ားျဖစ္ေပၚလာႏုိင္သည္။

ဗက္တီးရီးယားမ်ားႏွင့္ အျခားအႏၲရာယ္ေပးႏုိင္ေသာ ပိုးမႊား မ်ားသည္ စားေသာက္မိပါက အစာလမ္းေၾကာင္းကို ေရာင္ရမ္းေစ ႏုိင္ေသာ အဆိပ္ရွိ ပစၥည္းမ်ားကို ထုတ္လုပ္ႏုိင္သည္။ အသားစိမ္း၊ ငါးစိမ္းမ်ားကုိ ေသခ်ာစြာ ကိုင္တြယ္ခ်က္ျပဳတ္ျခင္း မရွိပါကလည္း ပိုးမႊားမ်ားပါ၀င္လာႏုိင္သည္။

အစာအဆိပ္ျဖစ္ျခင္း လကၡဏာမ်ားသည္ အစာစားၿပီး ေျခာက္ နာရီအတြင္း ေပၚလာႏိုင္သည္။

အစာအဆိပ္ျဖစ္ျခင္းကို နာရီအနည္းငယ္မွ ရက္အနည္းငယ္ၾကာ ခံစားရႏုိင္ေသာ္လည္း ေရာဂါျဖစ္သူ အမ်ားစုသည္ တစ္ရက္ အတြင္း ျပန္ေကာင္းသြားေလ့ရွိသည္။

အသုပ္မ်ား၊ အစိမ္း (သို႔မဟုတ္) ေသခ်ာမက်က္ေသးေသာ အသားမ်ား၊ ဥမ်ား၊ ပင္လယ္စာႏွင့္ အျခားႏို႔ထြက္ပစၥည္း အေျခခံ ထုတ္ကုန္မ်ားသည္ အစာအဆိပ္ျဖစ္ေစႏုိင္ေသာ အႏၲရာယ္ျမင့္မား သည့္ အစားအစာမ်ားျဖစ္သည္။

ေရာဂါလကၡဏာမ်ားသည္ အစာအိမ္ေရာဂါပိုး၀င္ျခင္းႏွင့္ မ်ား စြာဆင္တူသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : 7Day Daily

#Unicode Version

အစာအိမ်ရောဂါပိုးဝင်ခြင်းနှင့် အစာအဆိပ်ဖြစ်ခြင်း လက္ခဏာ များသည် အလွန်ဆင်တူသောကြောင့် ယင်းပြဿနာနှစ်ခုရှုပ်ထွေး နိုင်သည်။

အစာအိမ်ထဲသို့ ဗိုင်းရပ်စ်ပိုးဝင်ခြင်းကြောင့် အစာချေဖျက်မှု စနစ်ပြဿနာဖြစ်နိုင်သည်။

အစာအိမ်ရောဂါပိုးအမျိုးမျိုးရှိပြီး လျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်သည်။

အစာအိမ်ရောဂါပိုး ကူးစက်ခံထားရသူများသည် စတင်နေမကောင်းဖြစ်ချိန်နှင့် ပြန်ကောင်းပြီး ပထမဆုံး ရက်အနည်းငယ်အတွင်း၌လည်း အခြားလူများသို့ ရောဂါကူးစက်နိုင်သည်။

အစာအိမ်ရောဂါပိုးသည် နည်းလမ်းအမျိုးမျိုးဖြင့် ကူးစက်ပျံ့နှံ့ နိုင်ပြီး ရောဂါပိုးပါဝင်သော အစားအစာနှင့် အရည်များ သောက်သုံး မိခြင်း၊ ရောဂါကူးစက်ခံထားရသူ (သို့မဟုတ်) ရောဂါပိုးနှင့် တိုက် ရိုက်ဖြစ်စေ၊ တိုက်ရိုက်မဟုတ်သော ခံတွင်းထိတွေ့မှုကြောင့်ဖြစ်စေ ကူးစက်နိုင်သည်။

ရောဂါရှိသူ၏ အန်ဖတ်များနှင့် မစင်တို့တွင်လည်း ယင်းရောဂါ ပိုးများ ပါဝင်သည်။

ရောဂါရှိသူအား ပြုစုပေးသူများအနေဖြင့် ရောဂါကူးစက်နိုင်မှု ကို သတိထားရန်လိုအပ်သည်။

အစာအိမ်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာ များတွင် ဝမ်းလျှောခြင်း၊ အစာ စားချင်စိတ်မရှိခြင်း၊ မူးမော်အော့ အန်ခြင်း၊ အစာအိမ်နာကျင်ခြင်း၊ ကြွက်သားနာကျင်ခြင်း၊အားနည်း ခြင်း၊ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် မူးဝေခြင်းတို့ပါဝင်ပြီး ၁၀ ရက်အထိ ခံစားရနိုင်သည်။

အစာအိမ်ဗိုင်းရပ်စ်ကြောင့် အစဉ်သဖြင့် မစင်တွင် သွေးပါလေ့ မရှိသော်လည်း သွေးပါပါက ရောဂါပိုမိုပြင်းထန်ခြင်း ဖြစ်နိုင်သည်။

ယင်းရောဂါ ခံစားနေရပါက အစာအိမ်ကို အနားပေးပြီး နာရီ များစွာကြာအောင် အစာအမာ မစားပါနှင့်။ ရေဓာတ်မခန်းခြောက် စေရန် အရည်များများသောက်ပေးပါ။ ဖျော်ရည် (သို့မဟုတ်) ဝမ်း လျှောခြင်းကို ပိုဆိုးစေနိုင်သော အခြားဖျော်ရည်များကို ရှောင်ပါ။ အစာကို နည်းနည်းချင်း တဖြည်းဖြည်းစားပါ။ အစာကျေလွယ်သော အစားအစာများကို စစားပါ။ အကယ်၍ မူးဝေလာပါက စားသောက် ခြင်းကို ရပ်လိုက်ပါ။ နေကောင်းလာချိန်အထိ အရက်၊ ကော်ဖီ၊ နို့ထွက်ပစ္စည်း စသည်တို့ကို မစားပါနှင့်။

အစာအဆိပ်ဖြစ်ခြင်းသည် ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ (သို့မဟုတ်) ကပ်ပါးကောင်များပါဝင်သည့် အစားအစာများကို စား မိခြင်းကြောင့်ဖြစ်သည်။

အစိမ်းစားရသော အစားအစာများနှင့် အသုပ်များကဲ့သို့ အသင့်စား အစားအစာများသည် ပိုးမွှားများပါဝင်နိုင်ခြေ မြင့်မား သည်။

အသားများ၊ နို့ထွက်ပစ္စည်းများနှင့် အသားချောင်းများကို လိုအပ်သော အပူချိန်အတိုင်း မသိမ်းထားပါက ပိုးမွှားများဖြစ်ပေါ်လာနိုင်သည်။

ဗက်တီးရီးယားများနှင့် အခြားအန္တရာယ်ပေးနိုင်သော ပိုးမွှား များသည် စားသောက်မိပါက အစာလမ်းကြောင်းကို ရောင်ရမ်းစေ နိုင်သော အဆိပ်ရှိ ပစ္စည်းများကို ထုတ်လုပ်နိုင်သည်။ အသားစိမ်း၊ ငါးစိမ်းများကို သေချာစွာ ကိုင်တွယ်ချက်ပြုတ်ခြင်း မရှိပါကလည်း ပိုးမွှားများပါဝင်လာနိုင်သည်။

အစာအဆိပ်ဖြစ်ခြင်း လက္ခဏာများသည် အစာစားပြီး ခြောက် နာရီအတွင်း ပေါ်လာနိုင်သည်။

အစာအဆိပ်ဖြစ်ခြင်းကို နာရီအနည်းငယ်မှ ရက်အနည်းငယ်ကြာ ခံစားရနိုင်သော်လည်း ရောဂါဖြစ်သူ အများစုသည် တစ်ရက် အတွင်း ပြန်ကောင်းသွားလေ့ရှိသည်။

အသုပ်များ၊ အစိမ်း (သို့မဟုတ်) သေချာမကျက်သေးသော အသားများ၊ ဥများ၊ ပင်လယ်စာနှင့် အခြားနို့ထွက်ပစ္စည်း အခြေခံ ထုတ်ကုန်များသည် အစာအဆိပ်ဖြစ်စေနိုင်သော အန္တရာယ်မြင့်မား သည့် အစားအစာများဖြစ်သည်။

ရောဂါလက္ခဏာများသည် အစာအိမ်ရောဂါပိုးဝင်ခြင်းနှင့် များ စွာဆင်တူသည်။

ဖိုးသူတော် (www.phothutaw.com)
Credit : 7Day Daily
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top