Kantharyar Centre
×

မန္ခ်က္စတာယူႏိုက္တက္ ေဘာလံုးအသင္းရဲ႕ အမာခံပရိသတ္တဦးျဖစ္တဲ့ အသက္ ၇၃ ႏွစ္အရြယ္ အဖိုးအို ပက္ဒီေလာ္လာရဲ႕ အိပ္မက္ဟာ အမွန္တကယ္ကို ျဖစ္ခဲ့ပါၿပီ။
သူဟာ ကင္ဆာေရာဂါေ၀ဒနာကို ခံစားေနခဲ့ရတာျဖစ္ၿပီး မေသဆံုးခင္မွာ မန္ယူအသင္းရဲ႕ ကစားသမားေတြကို ေတြ႔ခ်င္ခဲ့တာ ျဖစ္ပါတယ္။

ဒီအေၾကာင္းအရာကို သူ႔ရဲ႕ ေနာက္ဆံုးအခ်ိန္မွာ ေျမးျဖစ္သူ ေကးလိဂ္က စက္တင္ဘာ ၁၁ ရက္ေန႔က ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စာမ်က္ႏွာေပၚမွတဆင့္ မွ်ေ၀ခဲ့တာပါ။

သူက “မန္ခ်က္စတာယူႏိုက္တက္အသင္းမွ ကစားသမားတခ်ိဳ႕ကို က်မရဲ႕အဖိုးဆီကို လာေတြ႔ေစခ်င္ပါတယ္။ က်မ မန္ယူအသင္းဆီ အီးေမးလ္ပို႔ခဲ့ေပမယ့္ သူတို႔ဆီက ဘာအေၾကာင္းျပန္ၾကားခ်က္မွ မရခဲ့ပါဘူး။ က်မအဖိုးဟာ မန္ယူအသင္းနဲ႔ ေတြ႔ခ်င္တယ္လို႔ ေျပာခဲ့ဖူးတာမို႔ ဘာမွမလုပ္ႏိုင္ေတာ့တဲ့ သူ႔ရဲ႕ ေနာက္ဆံုးအခ်ိန္မွာ သူ႔ရဲ႕ ေနာက္ဆံုးအခ်ိန္မွာ ဆႏၵကို ျဖည့္ဆည္းေပးခ်င္ပါတယ္” လို႔ ေရးခဲ့တာပါ။

ကံေကာင္းေထာက္မစြာပဲ ဒီသတင္းကို မန္ယူအသင္းရဲ႕ ကစားသမားတဦးျဖစ္တဲ့ ဂ်က္ဆီလင္းဂတ္က ေတြ႔ခဲ့ၿပီး ခုလိုေတြ႔ဆံုႏိုင္ေအာင္ ကူညီေပးခဲ့တာပါ။

ၿပီးခဲ့တဲ့ စက္တင္ဘာ ၁၃ ရက္ေန႔မွာေတာ့ မန္ယူအသင္းမွ ကစားသမားေတြျဖစ္ၾကတဲ့ မားကပ္စ္ ရက္ရွ္ဖို႔ဒ္၊ ဂ်က္ဆီ လင္းဂတ္ဒ္၊ အက္ရွ္ေလယန္းနဲ႔ တင္မိုသီ ေဖာ္ဆူမင္ဆာတို႔ဟာ အဖိုးအုိ ပက္ဒီဆီကို လာေရာက္လည္ပတ္ခဲ့ၾကပါတယ္။

ကစားသမားေတြျပန္သြားၿပီး အခ်ိန္ ၄၅ မိနစ္အၾကာမွာေတာ့ အဖိုးအိုဟာ ဆီးႀကိတ္ကင္ဆာေရာဂါနဲ႔ ကြယ္လြန္သြားခဲ့တယ္လို႔ မက္ထ႐ုိသတင္းမွာ ေဖာ္ျပပါတယ္။

အဖိုးအုိရဲ႕ ဇနီးျဖစ္သူ အသက္ ၇၁ ႏွစ္အရြယ္ ယူနစ္စ္က “သူတို႔ဟာ တကယ့္ကို ေကာင္းတဲ့ ကေလးေတြပါပဲ။ ခုလိုလာေတြ႔ခဲ့တဲ့အတြက္ သူ (ခင္ပြန္းျဖစ္သူ) ဟာ ေနာက္ဆံုးအခ်ိန္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ ေသဆံုးသြားခဲ့ရတာပါ” လို႔ ေျပာပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : lwin pyin

#Unicode Version

မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်းရဲ့ အမာခံပရိသတ်တဦးဖြစ်တဲ့ အသက် ၇၃ နှစ်အရွယ် အဖိုးအို ပက်ဒီလော်လာရဲ့ အိပ်မက်ဟာ အမှန်တကယ်ကို ဖြစ်ခဲ့ပါပြီ။
သူဟာ ကင်ဆာရောဂါဝေဒနာကို ခံစားနေခဲ့ရတာဖြစ်ပြီး မသေဆုံးခင်မှာ မန်ယူအသင်းရဲ့ ကစားသမားတွေကို တွေ့ချင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို သူ့ရဲ့ နောက်ဆုံးအချိန်မှာ မြေးဖြစ်သူ ကေးလိဂ်က စက်တင်ဘာ ၁၁ ရက်နေ့က ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေခဲ့တာပါ။

သူက “မန်ချက်စတာယူနိုက်တက်အသင်းမှ ကစားသမားတချို့ကို ကျမရဲ့အဖိုးဆီကို လာတွေ့စေချင်ပါတယ်။ ကျမ မန်ယူအသင်းဆီ အီးမေးလ်ပို့ခဲ့ပေမယ့် သူတို့ဆီက ဘာအကြောင်းပြန်ကြားချက်မှ မရခဲ့ပါဘူး။ ကျမအဖိုးဟာ မန်ယူအသင်းနဲ့ တွေ့ချင်တယ်လို့ ပြောခဲ့ဖူးတာမို့ ဘာမှမလုပ်နိုင်တော့တဲ့ သူ့ရဲ့ နောက်ဆုံးအချိန်မှာ သူ့ရဲ့ နောက်ဆုံးအချိန်မှာ ဆန္ဒကို ဖြည့်ဆည်းပေးချင်ပါတယ်” လို့ ရေးခဲ့တာပါ။

ကံကောင်းထောက်မစွာပဲ ဒီသတင်းကို မန်ယူအသင်းရဲ့ ကစားသမားတဦးဖြစ်တဲ့ ဂျက်ဆီလင်းဂတ်က တွေ့ခဲ့ပြီး ခုလိုတွေ့ဆုံနိုင်အောင် ကူညီပေးခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့မှာတော့ မန်ယူအသင်းမှ ကစားသမားတွေဖြစ်ကြတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်၊ ဂျက်ဆီ လင်းဂတ်ဒ်၊ အက်ရှ်လေယန်းနဲ့ တင်မိုသီ ဖော်ဆူမင်ဆာတို့ဟာ အဖိုးအို ပက်ဒီဆီကို လာရောက်လည်ပတ်ခဲ့ကြပါတယ်။

ကစားသမားတွေပြန်သွားပြီး အချိန် ၄၅ မိနစ်အကြာမှာတော့ အဖိုးအိုဟာ ဆီးကြိတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တယ်လို့ မက်ထရိုသတင်းမှာ ဖော်ပြပါတယ်။

အဖိုးအိုရဲ့ ဇနီးဖြစ်သူ အသက် ၇၁ နှစ်အရွယ် ယူနစ်စ်က “သူတို့ဟာ တကယ့်ကို ကောင်းတဲ့ ကလေးတွေပါပဲ။ ခုလိုလာတွေ့ခဲ့တဲ့အတွက် သူ (ခင်ပွန်းဖြစ်သူ) ဟာ နောက်ဆုံးအချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ သေဆုံးသွားခဲ့ရတာပါ” လို့ ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit : lwin pyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top