Property Expo
×

လူအေျမာက္အျမား လိုက္ပါႏုိင္ေသာ အာကာသယာဥ္မ်ားျဖင့္ အဂၤါၿဂိဳဟ္သို႔ လူမ်ားကိုေစလႊတ္ၿပီး ယင္းၿဂိဳဟ္ေပၚတြင္ ၿမိဳ႕တစ္ၿမိဳ႕ တည္ေထာင္မည့္ အစီအစဥ္အား အေမရိကန္ စြန္႔ဦးတီထြင္သူ Space X ကုမၸဏီဥကၠ႒ အီလန္မက္စ္က စက္တင္ဘာ ၂၇ ရက္တြင္ ထုတ္ေဖာ္ ေၾကညာခဲ့သည္။
ယင္းအစီအစဥ္အရ လူသားမ်ားကို အဂၤါၿဂိဳဟ္သို႔ ဧရာမ အာကာသယာဥ္မ်ားျဖင့္ ေစလႊတ္မည္ျဖစ္ၿပီး တစ္ဦးလွ်င္ ေဒၚလာ ၁၀၀,၀၀၀ ခန္႔ ကုန္က်ႏုိင္သည္ဟု အီလန္မက္စ္က အျပည္ျပည္ဆုိင္ရာ အာကာသေရးရာ ကြန္ဂရက္၌ ထုတ္ေဖာ္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။ အဂၤါၿဂိဳဟ္တြင္ ၿမိဳ႕တစ္ၿမိဳ႕ တည္ေဆာက္ႏိုင္ရန္အတြက္ တစ္ႀကိမ္လွ်င္ လူ ၁၀၀ ခန္႔ သယ္ေဆာင္ႏုိင္ေသာ အာကာသယာဥ္ႀကီးမ်ား အစီး ၁၀၀၀ ခန္႔ကို လႊတ္တင္ရန္ ေဆာင္ရြက္မည္ ျဖစ္ေၾကာင္း အီလန္မက္စ္က သူ၏ အနာဂတ္စိတ္ကူးကို ထုတ္ေဖာ္ျပသခဲ့သည္။

ျပန္လည္အသံုးျပဳႏုိင္ေသာ ဒံုးပ်ံမ်ားကို အေျခခံ တည္ေဆာက္သည့္ အာကာသ သယ္ယူပို႔ေဆာင္ေရးစနစ္တြင္ အာကာသယာဥ္မ်ားသည္ ခရီးသည္ အခန္း၊ စားေသာက္ဆုိင္၊ ကမၻာ့ဆြဲအားမွ လြတ္ေျမာက္သည့္ ဂိမ္းမ်ား၊ ႐ုပ္ရွင္မ်ား ပါ၀င္မည္ျဖစ္သည္။

ပထမဆံုး အာကာသခရီးစဥ္သည္ ေစ်းႀကီးမည္ ျဖစ္ေသာ္လည္း ေနာင္တြင္ ေဒၚလာ ၁၀၀,၀၀၀ ခန္႔ထိ ေစ်းက်ၿပီး လူအမ်ားစု တတ္ႏုိင္ေသာ ေစ်းႏႈန္းျဖစ္ရန္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း အီလန္မက္စ္က ေျပာၾကား ခဲ့သည္။

ေတာင္အာဖရိကတြင္ ေမြးဖြားေသာ ကေနဒါႏွင့္ အေမရိကန္ကျပား စြန္႔ဦးတီထြင္သူ အီလန္မက္စ္က အဂၤါၿဂိဳဟ္တြင္ လူသားတုိ႔ အဓြန္႔ရွည္စြာ ရွင္သန္ေနထုိင္ႏုိင္ရန္အတြက္ ပုဂၢလိကႏွင့္ အစိုးရ ပူးေပါင္းေဆာင္ရြက္မႈႀကီး လိုအပ္ေၾကာင္း ေျပာၾကားခဲ့သည္။
READ ယီ​မင္​ထဲ ကယ္ဆယ္​ေရး ပစၥည္း​ေတြ ဝင္​နိုင္​ေတာ့မယ္

အီလန္မက္စ္၏ Space X သည္ ၂၀၁၈ ခုႏွစ္ အေစာပိုင္းတြင္ အဂၤါၿဂိဳဟ္သုိ႔ လူမဲ့ကုန္တင္ အာကာသယာဥ္ Dragon ကို ေစလႊတ္ရန္ စီစဥ္ထားေသာေၾကာင့္ ၂၀၂၄ ခုႏွစ္တြင္ အဂၤါၿဂိဳဟ္သို႔ လူလိုက္ပါသည့္ ခရီးစဥ္ ေဆာင္ရြက္ႏိုင္မည္ ျဖစ္ေၾကာင္း၊ ထို႔ေနာက္ ၂၀၂၅ ခုႏွစ္တြင္ အဂၤါၿဂိဳဟ္သို႔ ေရာက္ရွိမည္ျဖစ္ေၾကာင္း Space X က ေျပာၾကားခဲ့သည္။

အဂၤါၿဂိဳဟ္သို႔ ေရာက္ရွိပါက လူသားမ်ားသည္ အာကာသယာဥ္ ကမၻာေျမသုိ႔ ျပန္ႏုိင္ရန္အတြက္ ေလာင္စာထုတ္လုပ္ရန္ ၿဂိဳဟ္၏ မီသိန္းဓာတ္ေငြ႕ ရင္းျမစ္မ်ားကို အသံုးျပဳၿပီး စက္႐ံုတည္ေဆာက္ ရမည္ျဖစ္သည္။ ကမၻာမွ မိုင္ေပါင္း သန္း ၁၄၀ ေ၀းေသာ အဂၤါၿဂိဳဟ္သို႔ ေရာက္ရွိေနထုိင္ရန္အတြက္ အင္ဂ်င္နီယာဆုိင္ရာ ဖြံ႕ၿဖိဳးတုိးတက္မႈမ်ားႏွင့္ ဧရာမဘတ္ဂ်က္တုိ႔ လိုအပ္မည္ဟု ကြၽမ္းက်င္သူမ်ားက သတိေပးထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version

လူအမြောက်အမြား လိုက်ပါနိုင်သော အာကာသယာဉ်များဖြင့် အင်္ဂါဂြိုဟ်သို့ လူများကိုစေလွှတ်ပြီး ယင်းဂြိုဟ်ပေါ်တွင် မြို့တစ်မြို့ တည်ထောင်မည့် အစီအစဉ်အား အမေရိကန် စွန့်ဦးတီထွင်သူ Space X ကုမ္ပဏီဥက္ကဋ္ဌ အီလန်မက်စ်က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ဖော် ကြေညာခဲ့သည်။
ယင်းအစီအစဉ်အရ လူသားများကို အင်္ဂါဂြိုဟ်သို့ ဧရာမ အာကာသယာဉ်များဖြင့် စေလွှတ်မည်ဖြစ်ပြီး တစ်ဦးလျှင် ဒေါ်လာ ၁၀၀,၀၀၀ ခန့် ကုန်ကျနိုင်သည်ဟု အီလန်မက်စ်က အပြည်ပြည်ဆိုင်ရာ အာကာသရေးရာ ကွန်ဂရက်၌ ထုတ်ဖော် ပြောကြားခဲ့ခြင်းဖြစ်သည်။ အင်္ဂါဂြိုဟ်တွင် မြို့တစ်မြို့ တည်ဆောက်နိုင်ရန်အတွက် တစ်ကြိမ်လျှင် လူ ၁၀၀ ခန့် သယ်ဆောင်နိုင်သော အာကာသယာဉ်ကြီးများ အစီး ၁၀၀၀ ခန့်ကို လွှတ်တင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း အီလန်မက်စ်က သူ၏ အနာဂတ်စိတ်ကူးကို ထုတ်ဖော်ပြသခဲ့သည်။

ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံများကို အခြေခံ တည်ဆောက်သည့် အာကာသ သယ်ယူပို့ဆောင်ရေးစနစ်တွင် အာကာသယာဉ်များသည် ခရီးသည် အခန်း၊ စားသောက်ဆိုင်၊ ကမ္ဘာ့ဆွဲအားမှ လွတ်မြောက်သည့် ဂိမ်းများ၊ ရုပ်ရှင်များ ပါဝင်မည်ဖြစ်သည်။

ပထမဆုံး အာကာသခရီးစဉ်သည် ဈေးကြီးမည် ဖြစ်သော်လည်း နောင်တွင် ဒေါ်လာ ၁၀၀,၀၀၀ ခန့်ထိ ဈေးကျပြီး လူအများစု တတ်နိုင်သော ဈေးနှုန်းဖြစ်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း အီလန်မက်စ်က ပြောကြား ခဲ့သည်။

တောင်အာဖရိကတွင် မွေးဖွားသော ကနေဒါနှင့် အမေရိကန်ကပြား စွန့်ဦးတီထွင်သူ အီလန်မက်စ်က အင်္ဂါဂြိုဟ်တွင် လူသားတို့ အဓွန့်ရှည်စွာ ရှင်သန်နေထိုင်နိုင်ရန်အတွက် ပုဂ္ဂလိကနှင့် အစိုးရ ပူးပေါင်းဆောင်ရွက်မှုကြီး လိုအပ်ကြောင်း ပြောကြားခဲ့သည်။
READ ယီမင်ထဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ဝင်နိုင်တော့မယ်

အီလန်မက်စ်၏ Space X သည် ၂၀၁၈ ခုနှစ် အစောပိုင်းတွင် အင်္ဂါဂြိုဟ်သို့ လူမဲ့ကုန်တင် အာကာသယာဉ် Dragon ကို စေလွှတ်ရန် စီစဉ်ထားသောကြောင့် ၂၀၂၄ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ လူလိုက်ပါသည့် ခရီးစဉ် ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ထို့နောက် ၂၀၂၅ ခုနှစ်တွင် အင်္ဂါဂြိုဟ်သို့ ရောက်ရှိမည်ဖြစ်ကြောင်း Space X က ပြောကြားခဲ့သည်။

အင်္ဂါဂြိုဟ်သို့ ရောက်ရှိပါက လူသားများသည် အာကာသယာဉ် ကမ္ဘာမြေသို့ ပြန်နိုင်ရန်အတွက် လောင်စာထုတ်လုပ်ရန် ဂြိုဟ်၏ မီသိန်းဓာတ်ငွေ့ ရင်းမြစ်များကို အသုံးပြုပြီး စက်ရုံတည်ဆောက် ရမည်ဖြစ်သည်။ ကမ္ဘာမှ မိုင်ပေါင်း သန်း ၁၄၀ ဝေးသော အင်္ဂါဂြိုဟ်သို့ ရောက်ရှိနေထိုင်ရန်အတွက် အင်ဂျင်နီယာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများနှင့် ဧရာမဘတ်ဂျက်တို့ လိုအပ်မည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top